၁၉၉၇ ခုနှစ်၊ ဂျူလိုင်လ ၂၂ ရက်နေ့က စတင်ထွက်ရှိခဲ့တဲ့ One Piece anime ဟာ အခုဆိုရင် ဆယ်စုနှစ်နှစ်ခုကိုဖြတ်ကျော်ပြီး ယခု ၂၀၁၇ ခုနှစ်မှာ သက်တမ်း ၂၀ တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး အခုအချိန်အထိ မျှော်တလင့်လင့်နဲ့ကြည့်ရှုနေရသေးတဲ့ One Piece anime ဇာတ်လမ်းတွဲဟာ ဂျပန်နိုင်ငံမှာတင်မက နိုင်ငံတကာအတိုင်းအတာနဲ့ပါ ပေါက်မြောက်နေတဲ့ anime ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ခေတ်ပြိုင်တွေဖြစ်တဲ့ Naruto, Bleach, One Piece ဂျပန်ကာတွန်းဇာတ်လမ်းတွဲတွေကို 90 born အားလုံးလိုလိုသိကြပြီး စီးရီးတစ်ခုမဟုတ်တစ်ခုကိုတော့ ထဲထဲဝင်ဝင်ကြည့်ဖူးကြပါတယ်။ အခုအချိန်မှာ ထွက်ရှိခဲ့တာသက်တမ်း ၂၀ ပြည့်သွားတဲ့ One Piece anime ဟာ သက်တမ်း ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ One Piece ဂိမ်းတစ်ခုကိုထုတ်ပေးတော့မယ်လို့ မကြာသေးခင်ကမှ အားလုံးကို အတိအလင်းပြောကြားခဲ့ပါတယ်။ One Piece စီးရီးရဲ့နောက်ဆုံးဂိမ်းအနေနဲ့ ၂၀၁၆ ခုနှစ်က One Piece: BURNING BLOOD ဆိုတဲ့ဂိမ်းကိုထုတ်ပေးခဲ့ပြီး အချိန်ကာလတစ်နှစ်အကြာ ၂၀၁၇ မှာတော့ သက်တမ်း ၂၀ ပြည့်အနေနဲ့ မကြာတော့မယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ Bandai Namco ကိုယ်တိုင်ဦးစီးပြီး One Piece: World Seeker ဆိုတဲ့ဂိမ်းကို ထုတ်ပေးတော့မှာဖြစ်ပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ BURNING BLOOD ဂိမ်းဟာ Fighting ဂိမ်းအမျိုးအစားဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ Open World ပုံစံဖြစ်တဲ့ One Piece ဂိမ်းကို စီးရီးပရိသတ်များပါမက ဂိမ်မာများကပါ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်ဆော့ကစားရတော့မှာဖြစ်ပါတယ်။ ဂိမ်းအကြောင်း၊ အချက်အလက်တွေကို ဘာမှအသေးစိတ်မသိရသေးပေမယ့် Bandai Namco ဟာ ဂိမ်းတွင်း Screenshot တွေကိုအခုလိုထုတ်ဖော်ပြသခဲ့ပါတယ်။
One Piece: World Seeker ဂိမ်းတွင်း Screenshot တွေကိုကြည့်ပြီး ဘယ်လိုဂိမ်းအမျိုးအစားဖြစ်လာနိုင်မလဲဆိုတာကို ကျွန်တော်တို့တစ်ချက်သုံးသပ်ကြည့်ရအောင်။

Yan
Ref: destructoid, trueachievements

ဒီ Screenshot တွေကြည့်ပြီးတော့ အခုလာမယ့် One Piece: World Seeker ဂိမ်းက အရင်စီးရီးတုန်းကဂိမ်းတွေနဲ့ လုံးဝမတူတာတော့အမှန်ပါပဲ။ ဂိမ်းလောကနဲ့ပတ်သတ်ရမယ်၊ Quest တွေလုပ်ရမယ်၊ ပတ်ဝန်းကျင်မျိုးစုံမှာကျင်လည်သွားလာရမယ် ပြီးတော့ လျှို့ဝှက်စွာလုပ်ဆောင်ရမယ့်အခန်းကဏ္ဍတွေလည်းပါတယ်ဆိုတာ screenshot တွေအရသိနိုင်ပါတယ်။ နောက်ပြီး ဂရပ်ဖစ်ရုပ်ထွက်၊ ဂိမ်းကစားပုံ၊ ဖန်တီးထားတဲ့ဂိမ်းလောကပတ်ဝန်းကျင်ကိုကအစအားလုံး smooth အရမ်းဖြစ်လွန်းပြီး အားလုံးနဲ့ကွဲထွက်နေပါတယ်။ သက်တမ်း ၂၀ ပြည့်နှစ်အထိမ်းအမှတ်အနေနဲ့ ၂၀၁၈ ခုနှစ်မှာထွက်လာမယ့် One Piece ဂိမ်းအကြောင်းကို Bandai Namco ကဦးစီးဦးဆောင်ဖန်တီးနေတယ်လို့သိရပြီး အခြားအသေးစိတ်တွေကိုတော့ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ ၂၀၁၈ ခုနှစ်ဟာ ဂိမ်မာများအားလုံးစောင့်မျှော်ရတဲ့ခုနှစ်လည်းဖြစ်၊ မျိုးဆက်သစ်ဂိမ်းပေါင်းများစွာထွက်ရှိမယ့် ခုနှစ်လည်းဖြစ်တဲ့အတွက် အခုအချိန်ကတည်းက အားလုံးမျှော်လင့်ချက်တွေထားပြီး ကိုယ်စီကိုယ်စီရင်ခုန်နေကြပြီလို့ထင်ပါတယ်။ ဒီတော့ ဒီဂိမ်းမှာဘယ်လိုနေရာတွေပါလာမလဲ၊ ဘယ်လိုဇာတ်ကောင်တွေပါလာနိုင်လဲ ပြီးတော့ ဘယ်လိုမျိုးဇာတ်ဝင်ခန်းတွေကိုတွေ့မြင်ရမလဲ အစရှိတာတွေကို One Piece စီးရီးပရိသတ်များရော၊ ဂိမ်မာများပါ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနိုင်အောင်လို့ ထွက်ရှိခဲ့သမျှ screenshot တွေနဲ့ ဂိမ်းအကြောင်းလေးကို ဒီကနေပြန်လည်မျှဝေရင်း ၂၀၁၈ ခုနှစ်ရဲ့ One Piece: World Seeker ဂိမ်းကို ကျွန်တော်တို့စိတ်ရှည်လက်ရှည်စောင့်မျှော်ကြတာပေါ့ဗျာ။
Yan
Ref: destructoid, trueachievements
No comments:
Post a Comment