Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, July 14, 2017

Sony ကအတည်ပြုလိုက်တဲ့ မျိုးဆက်သစ် Playstation 5 ဘယ်တော့ထွက်လာမှာလဲ?


Playstation 4 ကို ၂၀၁၃ နှစ်ကုန်ပိုင်းမှာပွဲဦးထွက် စတင်ဖြန့်ချိခဲ့ပါတယ်။ ထွက်ရှိခဲ့တဲ့အချိန်ကစပြီး လေးနှစ်တာကာလအတွင်းမှာ Xbox One နဲ့ယှဉ်ရင် ဘယ်ဟာပိုသာတဲ့ console ဖြစ်တယ်ဆိုတဲ့ အငြင်းပွားမှုတွေ၊ စကားနိုင်လုမှုတွေကြားကနေပြီး PS4 ဟာ ပိုမိုကောင်းမွန်တဲ့တည်ဆောက်မှုစနစ်၊ အထူးခြားဆုံး exclusive ဂိမ်းတွေနဲ့ Playstation အွန်လိုင်းအဖွဲ့ရပ်ဝန်းကို ပိုမိုအားကောင်းကျယ်ပြန့်လာစေခဲ့ပြီး Xbox console ထက်ရောင်းအားသွက်သွားခဲ့ပါတယ်။ Nintendo Switch console အပေါ်မှာလည်းစိတ်မဝင်စားပဲ ဘယ်လိုမျိုးဂိမ်းပလက်ဖောင်းမှာ ဂိမ်းဆော့ရမလဲဆိုတာစဉ်းစားနေသူများအတွက် PS4 ဟာအသင့်တော်ဆုံးနဲ့ အကောင်းဆုံးသောရွေးချယ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ PS4 exclusive ဂိမ်းများဖြစ်ကြတဲ့ God Of War စီးရီး၊ Uncharted စီးရီးတွေအပြင် The Last Of Us, Metal Gear Solid V: The Phantom Pain, Bloodborne, Persona 5, Horizon: Zero Dawn အစရှိတဲ့ဂိမ်းကောင်းတွေဟာ Playstation ပလက်ဖောင်းကို တန်ဖိုးမြင့်စေပြီး တစ်သီးပုဂ္ဂိုလ်လဆန်စွာအားလုံးထဲကကွဲထွက်စေခဲ့ပါတယ်။


4K ရုပ်ထွက်ရှိတဲ့တီဗီကိုပိုင်ဆိုင်ထားသူများအဖို့ Playstation 4 Pro ကိုဒေါ်လာ ၄၀၀ သုံးစွဲပြီးဝယ်ယူလိုက်တာနဲ့ အကြည်လင်အပြတ်သားဆုံး၊ ချောမွေ့သေသပ်တဲ့ရုပ်ထွက်နဲ့ အရည်အသွေးမြင့်ဂိမ်းကစားမှုအတွေ့အကြုံကို အဆင်သင့်ခံစားနိုင်မှာပါ။ အဲဒီလိုမျိုး PS4 နဲ့ Xbox One ဘယ် console ကပိုသာသလဲဆိုတဲ့ အားပြိုင်မှုတွေဟာ အဆင့်မြင့်မော်ဒယ်အသစ်၊ ဗားရှင်းအသစ်တွေထွက်ပေါ်လာတိုင်းရှိ ဖြစ်လေ့ဖြစ်ထရှိကြပေမယ့် ဘယ်ပလက်ဖောင်းပေါ်မှာဆော့ကစားမလဲဆိုတာကတော့ ကစားသူဂိမ်မာများက ကိုယ့်အကြိုက်နဲ့ကိုယ်ရွေးချယ်ရမှာပါပဲ။ PS4 စက်တွေထွက်မလာခင်အချိန်မှာ PS4 Pro နဲ့ PS4 Slim ဘယ်နေ့ဘယ်လမှာထွက်ရှိလာလိမ့်မယ်လို့ တိတိကျကျနဲ့အချိန်ကိုက်ခန့်မှန်းပြနိုင်ခဲ့တဲ့သုတေသီ Damian Thong ကနေပြီး မျိုးဆက်သစ် Playstation ဂိမ်းစက်အသစ်ဟာ ၂၀၁၈ နှစ်ကုန်ပိုင်းမှာထွက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းချက်ပေးခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် Playstation စက်ဟာ Silm PS4 Pro မဟုတ်သလို နဂိုစက်တွေရဲ့ဗားရှင်းမြင့်၊ မော်ဒယ်မြင့် console မျိုးလည်းမဟုတ်ဘဲ မျိုးဆက်သစ် console တစ်ခုအနေနဲ့ Playstation 5 ဆိုတဲ့ခေါင်းစဉ်နာမည်နဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ဆိုပါတယ်။ Damian ဟာခန့်မှန်းချက်ပေးတဲ့နေရာမှာအလွန်တော်တာလား၊ အကြားအမြင်ရနေတာလားဆိုတာ မပြောနိုင်လောက်အောင်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မကြာသေးမီကမှ Sony ကနေပြီး Playstation 5 ထွက်ရှိလာမယ်ဆိုတာကို အတည်ပြုခဲ့လို့ပါ။ PS5 နဲ့ပတ်သက်ပြီးထွက်နေတဲ့သတင်းတွေနဲ့ကောလဟာလတွေ ရှင်းလင်းပပျောက်သွားစေဖို့အတွက် Playstation ပြောရေးဆိုခွင့်ရှိသူ Shawn Layden ကနေပြီး ဂျာမန်ဝက်ဘ်ဆိုဒ်တစ်ခုနဲ့အင်တာဗျူးမှာ Playstation 5 ထွက်ရှိလာမယ်ဆိုတာ ဟုတ်မှန်တဲ့အကြောင်းကို ပြောပြအတည်ပြုခဲ့ပါတယ်။ Damian ဟာလည်း Wall Street Journal ကို Playstation ဂိမ်းစက်အသစ်တွေဟာ ၂၀၁၈ နှစ်ကုန်ပိုင်းမှာဈေးကွက်ထဲပွဲဦးထွက်ရောက်ရှိနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်ပြောပြပြီး မကြာခင်မှာ Shawn Layden ကတရားဝင်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။


PS4 ဂိမ်းစက်၊ ဂိမ်းခွေတွေဟာရောင်းအားမကျဘဲ အောင်မြင်မှုနှုန်းကို ဖြည်းဖြည်းနဲ့မှန်မှန်ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့အတွက် Sony အနေနဲ့ PS5 ထွက်ရှိလာမယ့်အကြောင်း အရိပ်အမြွက်ပြောပြချက်ဟာ စောကောင်းစောနိုင်တယ်လို့တော့ တချို့ကသုံးသပ်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ PS3 စက်တွေနေရာမှာ PS4 စက်အဖြစ်အစားထိုးဝင်ရောက်လာဖို့အချိန် ၇ နှစ်အတိုင်းအတာကြာမြင့်ခဲ့သလို Playstation 4 စတင်ထွက်ရှိလာခဲ့တာကလည်း လေးနှစ်တာကာလလောက်သာရှိပါသေးတယ်။ ဒါပေမယ့် အားလုံးတစ်ခုသတိထားရမှာ Damian Thong ဟာ Playstation နဲ့ပတ်သက်ပြီး ခန့်မှန်းတဲ့နေရာမှာ လျစ်လျူရှုထားလို့မရတဲ့သုတေသီတစ်ယောက်ဆိုတာပါ။ Damian ဟာ PS4 ဂိမ်းစက်တွေထွက်ရှိလာမယ့်အကြောင်းကြေငြာနေတဲ့ကာလအတွင်းမှာလည်း စက်တွေထွက်လာပြီးရင် PS4 Pro နဲ့ Slim console နှစ်မျိုးနှစ်စားဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့တာ တက်တက်စင်အောင်မှန်ကန်ခဲ့ပါတယ်။ ဒီတော့ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ PS5 ထွက်ရှိမယ်ဆိုတာသေချာမယ်ဆိုရင် ယခုနှစ် ၂၀၁၇ စက်တင်ဘာလမှာကျင်းပမယ့် Tokyo Game Show, ဒီဇင်ဘာလရဲ့ Playstation Experience အစရှိတဲ့ပွဲတွေမှာ Sony အနေနဲ့တရားဝင်အသိပေးကြေညာချက်တွေ ပြုလုပ်သွားရမှာပါ။ ဒီတော့ Damian Thong ရဲ့ခန့်မှန်းချက်တွေဟာပဲ သွေးထွက်အောင်မှန်ကန်မလား? Playstation 5 ဟာ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကိုကျော်လွန်ပြီး ၂၀၁၉ ကိုကူးသွားမလားဆိုတာကတော့ ဂိမ်မာတွေက အချိန်နဲ့တပြေးညီ နားစွင်ေ့စာင်းဆိုင်းနေကြပါဦးဆိုတာကို ဒီကနေပြောလိုက်ချင်ပါတယ်။

Sony's PS5
Yan (14.7.2017)
Ref: Vulture, express.co.uk, gamerevolution

No comments:

Post a Comment