Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, July 26, 2017

အမှောင်လွှမ်းနေတဲ့ကမ္ဘာကြီးထဲမှာ မျှော်လင့်ချက်အလင်းရေးရေးနဲ့ ရှင်သန်သူ သို့မဟုတ် Days Gone


၂၀၁၆ E3 ပွဲမှာအားလုံးရဲ့အာရုံစိုက်မှုကိုဖမ်းယူသွားတဲ့ ဂိမ်းတစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ The Last Of Us ဂိမ်းနဲ့ Walking Dead ဂိမ်းနှစ်ခုကို State Of Decay လိုမျိုးဂိမ်းစနစ်နဲ့ပေါင်းပြီးဆော့ရမယ့် Days Gone ဂိမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကို အခုချိန်ထိ တိတိကျကျမသိရသေးပေမယ့် လူသူကင်းမဲ့ခြောက်ကပ်ပြီးဇွန်ဘီတွေနဲ့ပြည့်နှက်နေတဲ့ကမ္ဘာကြီးအတွင်းမှာ ခပ်မိုက်မိုက်ကြေးစားတစ်ယောက်ရဲ့  အသက်ထွက်ပေါက်ရှာကြိုးစားရုန်းကန်မှုကို လက်တွေ့ဆန်ဆန်ပုံဖော်ကျူးထားတဲ့ Open World ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ဟာအာနာခီစရိုက်နဲ့ ဟော့ဟော့ရမ်းရမ်းကြေးစားမုဆိုး Deacon St. John အနေနဲ့ ပါဝင်ဆော့ကစားရမှာပါ။ E3 ပွဲမှာအရိပ်အမြွက်ပြသခဲ့တဲ့အပြင်၊ ဂိမ်းကစားထွေလာပါထွက်ခဲ့တဲ့ Days Gone ဂိမ်းဟာ ဂိမ်မာမာျးအားလုံး မျှော်လင့်စောင့်စားနေတဲ့ PS4 exclusive ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၈ နှစ်ဆန်းပိုင်းမှာထွက်ရှိလာမယ်လို့ခန့်မှန်းထားကြပေမယ့် တကယ်တမ်း ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာမှ ထွက်ရှိလာမယ့် Survival Horror ဂိမ်းတစ်ခုဖြစ်တဲ့ Days Gone ဂိမ်းနဲ့ပတ်သတ်တဲ့ သိသိရသမျှကိုစုစည်းပြီး ဒီမှာဖော်ပြပေးလိုက်ပါတယ်။


Days Gone ဆိုတာဘာလဲ?

Days Gone ဆိုတာ Sony Interactive Entertainment ကအမည်ပေးထေားတဲ့ Survival Horror Open World ဂိမ်းတစ်ခုဖြစ်ပါတယ်။ Days Gone ဟာ Uncharted: Golden Abyss, Syphon Filter တို့ကိုဖန်တီးခဲ့တဲ့စတူဒီယိုမှာဖန်တီးထားတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပြီး ကြမ်းတမ်းခက်ထန်တဲ့စိန်ခေါ်မှုတွေကိုမှကြိုက်နှစ်သက်တဲ့ ကြေးစားမုဆိုးတစ်ယောက်နဲ့ ဗိုင်းရပ်စ်ရောဂါပျံ့နှံ့ပြီး လူသန်းပေါင်းများစွာသေဆုံးသွားတဲ့ကမ္ဘာကြီးကို အသားပေးဖော်ကျူးထားတဲ့ဂိမ်းလို့ဆိုရမှာပါ။ ထွေလာတွေအရဆိုရင်တော့ ဗိုင်းရပ်စ်ပျံ့နှံ့သွားပြီးနှစ်နှစ်အကြာကာလမှာ Deacon St. John အနေနဲ့ အဆုံးသတ်မဲ့ပြီးရပ်တန့်လို့မရတဲ့ဖုတ်ကောင်တွေကို ထိပ်တိုက်တွေ့ရင်ဆိုင်မယ့်ဇာတ်လမ်းလို့ သုံးသပ်ရမှာပါ။

ဂိမ်းကစားပုံစံနဲ့ သိသိရသမျှ

ကျယ်ပြန့်ပြီးနက်ရှိုင်းတဲ့ပတ်ဝန်းကျင်မှာဇာတ်အိမ်တည်ထားတဲ့ Days Gone မှာ အဓိကဂိမ်းကစားမှုစနစ်အဖြစ် လူနဲ့ဖုတ်ကောင်အကြတ်အနယ်တိုက်ပွဲတွေ၊ လက်နက်ကိရိယာဖန်တီးတာတွေနဲ့ နယ်မြေဧရိယာရှာဖွေလေ့လာတာတွေကို ပေါင်းစည်းပြီး ဂိမ်းရဲ့အဓိကကျောရိုးဂိမ်းစနစ်အဖြစ်တည်ဆောက်ထားပါတယ်။ ကိုယ်ဖြတ်ထိုးဉာဏ်ရှိရင်ရှိသလို သူမတူတဲ့အိုင်ဒီယာတွေနဲ့ များပြားလှတဲ့ဖုတ်ကောင်အုပ်တွေကို ပြန်လည်တွန်းလှန်နှိမ်နင်းမှာပါ။ များပြားလှတဲ့ဖုတ်ကောင်အုပ်လို့ ပြောရတာဟာ Days Gone ဂိမ်းရဲ့ထူးခြားချက်က ဂိမ်းအတွင်းမှာရင်ဆိုင်ရမယ့်ဖုတ်ကောင်တွေဟာ အရေအတွက်အဆမတန်များပြားအုပ်စုလိုက်တွေဖြစ်တဲ့အပြင် ဖုတ်ကောင်တွေဟာ ကိုယ့်ထက်လျင်မြန်သွက်လက်ပြီး အာရုံခံစားမှုထက်မြက်လို့ဖြစ်ပါတယ်။



ဆိုင်ကယ်ကိုအဓိကအသုံးပြုရမယ့် ဂိမ်းအတွင်းခရီးနှင်စနစ်နဲ့ ဂိမ်းပတ်ဝန်းကျင်


၂၀၁၆ E3 ပွဲကဂိမ်းကစားထွေလာမှာပြထားတဲ့အတိုင်းဆိုရင်တော့ ဖုတ်ကောင်တွေတောက်လျှောက်လိုက်မှုကြောင့် ထွက်ပြေးရင်း ထွက်ပြေးရင်း မျှော်စင်ထိပ်၊ တံတားအဆုံးနဲ့ နံရံတစ်ဖက်ပိတ်နေရာတွေကိုရောက်သွားတဲ့အခါ ထီထွင်နိုင်စွမ်းရှိရှိလွတ်မြောက်တဲ့လမ်းကို ရှာဖွေတတ်ဖို့အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ရဲ့အထောက်အကူကိုလည်းယူရမှာဖြစ်ပြီး ကိုယ့်ဘေးနားဧရိယာတစ်ဝိုက်မှာလည်း ဖုတ်ကောင်တွေကိုတစ်နည်းနည်းနဲ့ ရပ်တန့်သွားအောင်လုပ်ဖို့ အခွင့်အရေးတွေရှိနိုင်ပါတယ်။ ဂိမ်းအတွင်းမှာတော့ ယာဉ်တွေနဲ့ခရီးနှင်ရမယ့်အခြေအနေမှာရှိပါတယ်။ သိရှိထားတဲ့ခရီးနှင်စနစ်အရတော့ အဓိကဇာတ်ကောင်ဖြစ်သူ Deacon St.John အနေနဲ့ ကိုယ်မောင်းနှင်နေတဲ့ မော်တော်ဆိုင်ကယ်ကို တစ်ဆင့်ချင်းစီပြင်ဆင်နိုင်မယ့် ဂိမ်းစနစ်ကို ထည့်သွင်းပေးထားပါတယ်။ သဘာဝကျစွာပဲ မောင်းနှင်ဖို့လောင်စာဆီကုန်ရင် နီးစပ်ရာလောင်စာဆီဖြည့်နေရာမှာ သွားရောက်ပြီးဖြည့်ယူရမယ်၊ ဆိုင်ကယ်နဲ့ ခရီးနှင်ဖို့အတွက် ပိုမိုအားကောင်းပြီး အကြမ်းခံနိုင်မယ့်အကာအကွယ်တွေ၊ မြန်နှုန်းတိုးမြှင့်ပေးမယ့် စွမ်းအင်မြင့်ဆိုင်ကယ်အင်ဂျင်တွေကို တစ်ဆင့်ဆီချင်း တပ်ဆင်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတဖြည်းဖြည်း ဆက်သွားရာကနေ ကားအမျိုးအစားပေါင်းစုံ၊ ဂျက်လေယာဉ်နဲ့ ရွက်လှေ၊ သင်္ဘောကြီးတွေကိုလည်း စီးနင်းခွင့်ရမယ်လို့ အချို့ကသုံးသပ်ကြပါတယ်။



 ဂိမ်းရေးဆွဲသူအဖွဲ့နဲ့ ထွက်ရှိလာမယ့်ရက်

Sony Interactive Entertainment ကဖြန့်ချိသွားမယ့် Days Gone ဂိမ်းကို ၂၀၁၈ နှစ်ဆန်းပိုင်းမှာထွက်ရှိလာမယ်လို့ ခန့်မှန်းထားကြပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ကြန့်ကြာနေခဲ့ပါတယ်။ သို့ပေမယ့်လည်း အခုလာမယ့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာတော့ Days Gone ဂိမ်းဟာ Playstation 4 ဂိမ်းပလက်ဖောင်းမှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ Days Gone ဂိမ်းကို SIE Bend စတူဒီယိုကဦးဆောင်ရေးဆွဲပြီး Unreal Engine ကပါဝင်အားဖြည့်တည်ဆောက်ထားပါတယ်။  လောလောဆယ်တော့ PS4 နဲ့ PS4 Pro ပလက်ဖောင်းမှာသာဆော့ကစားနိုင်မယ့် Days Gone ဂိမ်းဟာ အားလုံးထဲကွဲထွက်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဇွန်ဘီဂိမ်းကောင်းတစ်ခုဖြစ်လာမယ်လို့ ဂိမ်းထွေလာတွေနဲ့ ဂိမ်းကစားဟန်ဗီဒီယိုတွေကို ကြည့်ရှုပြီး ဂိမ်မာပရိသတ်မာျးက သုံးသပ်ထားကြပါတယ်။





Yan
Ref: trustedreviews, Wiki

No comments:

Post a Comment