၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Silent Hills ဂိမ်းရဲ့ playable teaser ကို အားလုံးမှတ်မိကြမယ်လို့ထင်ပါတယ်။ သစ်လွင်ဆန်းပြားပြီး သူမတူတဲ့ survival horror ဂိမ်းအတွေ့အကြုံတွေကို ပေးစွမ်းခဲ့လို့ ဂိမ်မာအားလုံးမျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ဆိုင်းခဲ့ရတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ အိမ်ကြီးထဲက ထူးဆန်းတဲ့အဖြစ်အပျက်တွေ၊ ခြောက်ခြားဖွယ်အတိရှိတဲ့ပတ်ဝန်းကျင်နဲ့ မသတီစရာကောင်းတဲ့မြင်ကွင်းတွေကို ထပ်ဆင့်ထပ်ဆင့်ပြန်လည်တွေ့မြင်ရတဲ့ပုံစံကြောင့် မိနစ်အနည်းငယ်သာဆော့ရပေမယ့် ဂိမ်မာတွေလုံးဝအကြိုက်တွေ့ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဂိမ်းကိုဖျက်သိမ်းလိုက်ပေမယ့် ဆန်းပြားတဲ့ survival horror ဂိမ်းအသစ်ကိုတောင့်တနေကြတဲ့ ဂိမ်မာတွေရဲ့မျှော်လင့်ချက်တွေကတော့ မပျောက်ဆုံးသွားပါဘူး။ အဲဒီမျှော်လင့်ချက်တောင့်တချက်တွေကို ဖြည့်စွက်လိုက်တဲ့အနေနဲ့ အခုဒီမှာ Visage ဆိုတဲ့ survival horror ဂိမ်းတစ်ခုလာပါပြီ။ ၂၀၁၇ ဇန်နဝါရီလကထည်းက ထွေလာနဲ့တကွ gameplay ဗီဒီယိုထွက်ရှိတဲ့ Visage ဂိမ်းဟာ SadSquare ဂိမ်းဖန်တီးသူများအဖွဲ့က လွတ်လပ်စွာဖန်တီးထားပြီး Unreal အင်ဂျင်ကိုအသုံးပြုထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Silent Hills ဂိမ်းရဲ့နေရာမှာဖြည့်စွက်အစားထိုးသွားမယ့် Visage ဂိမ်းက ဒါဆိုဘယ်လိုမျိုးလဲ? သိသင့်သိထိုက်တဲ့အချက်တွေကို ဒီမှာတစ်ချက်ကြည့်လိုက်ရအောင်။

လျှို့ဝှက်တဲ့အတိတ်သမိုင်းကြောင်း၊ ဖြစ်ရပ်ဆိုးတွေနဲ့အိမ်ကြီး
ဂိမ်းကို ၁၉၈၀ တဝိုက်က လူသူကင်းမဲ့တဲ့မြို့တစ်မြိုမှာရှိတဲ့အိမ်ကြီးတစ်လုံးထဲမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီလူသူမရောက်အပျောက်နည်းလှတဲ့ ၁၉၈၀ ခုနှစ်ဝန်းကျင်ကအိမ်ကြီးထဲမှာ မိသားစုပေါင်း၊ လူပေါင်းများစွာ နေထိုင်ခဲ့ဖူးကြပါတယ်။ ဒါပေမယ့် ရာစုနှစ်အဆက်ဆက် နေထိုင်ခဲ့သူတို့တွေအားလုံးဟာ သွေးပျက်စရာဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အသက်ဝိညာဉ်ပေါင်းများစွာဆုံးရှုံးခဲ့ကြလို့ ကြိမ်စာသင့်အိမ်ကြီးတစ်လုံးဖြစ်ခဲ့တာပါ။ ဘယ်လိုအကြောင်းကြောင်းကြောင့် အဲဒီလိုခြောက်ခြားစရာအဖြစ်ဆိုးတွေ ဆက်တိုက်ဖြစ်ပေါ်နေလည်းဆိုတာ မသိရပေမယ့် လျှို့ဝှက်နက်နဲလှတဲ့အတိတ်သမိုင်းကြောင်းတွေက ကိန်းအောင်းတည်ရှိနေပါတယ်။ ဂိမ်းရဲ့ဇာတ်လမ်းက အဲဒီအိမ်ကြီးရဲ့လျှို့ဝှက်တဲ့ကြောက်မက်ဖွယ်အမှန်တရားကို တဖြည်းဖြည်းတစ်ဆင့်ချင်းရှာဖွေဖော်ထုတ်ရမယ့် အနေအထားမှာရှိနေပါတယ်။
အိမ်ကြီးထဲမှာကိန်းအောင်းနေကြတဲ့ မြောက်မြားစွာသောဝိညာဉ်တွေ
ရာစုနှစ်အဆက်ဆက်လူ့အသက်တွေဆုံးရှုံးခဲ့တဲ့အတွက် သေဆုံးသွားခဲ့ကြတဲ့လူတွေရဲ့ဝိညာဉ်တွေဟာ အဲဒီအိမ်ကြီးထဲမှာ အကြောင်းအမျိုးမျိုးသောအဖြစ်အပျက်ဆိုးတွေနဲ့အတူ တည်ရှိနေပါတယ်။ နာရီလေးတစ်လုံး၊ ထိုင်ခုံလေးတစ်ခုံ၊ ဘောပင်လေးတစ်ချောင်းကနေတဆင့် ဆက်ဆက်စူးစမ်းလေ့လာရင်းနဲ့ သူတို့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေကို ဂိမ်ာမတွေက မျက်ဝါးထင်ထင်တွေ့မြင်ကြရမှာပါ။ ဒါပေမယ့်အဲလိုဇာတ်လမ်းတွေနဲ့ မကြုံရခင် နာကျည်းချက်အပြည့်နဲ့ဝိညာဉ်တွေက ဇာတ်လမ်းတစ်လျှောက် ကိုယ့်ကိုဘယ်လိုမျိုးခြောက်လှန့်သွားမလဲဆိုတာကတော့ ဂိမ်မာများကိုယ်တိုင်ပဲ တွေ့မြင်ခံစားရမှာပါ။

Silent Hills (PT) နဲ့အသွင်တူတဲ့ ဂိမ်းကစားပုံစံ
အရာအားလုံးကိုစူးစမ်းရမယ်၊ အဲဒီလိုမျိုးအိမ်ကြီးထဲမှာသွားလာရှာဖွေရင်းနဲ့ ထိတ်လန့်မှုတွေကဆီးကြိုနေပါတယ်။ ဘယ်လိုအချိန်မှာ ဘယ်လိုမျိုးသွေးပျက်စရာတွေနဲ့ တွေ့မလဲဆိုတာကတော့ လုံးဝအတပ်ပြောလို့မရပါဘူး။ ကိုယ်ကိုင်တွယ်ထိတွေ့လိုက်တဲ့အရာတွေကနေတဆင့် ကွင်းဆက်တွေနဲ့ တကယ့်အဖြစ်အပျက်ကပုံပေါ်လာအောင် ကြိုးစားရမှာပါ။ ဂိမ်းထဲမှာ သေလုဆဲဆဲပြေးလွှားတာတွေလည်းပါမှာဖြစ်သလို ရုတ်တရတ်ခြောက်လှန့်မှုတွေလည်း အမြောက်အမြားကြုံတွေ့ရမှာပါ။ ဘယ်လိုဇာတ်ကောင်မျိုးကိုကိုင်ပြီးဆော့ရမလဲဆိုတာတော့ အတိအကျမသိရသေးပေမယ့် လောလောဆယ်ကြည့်ရသလောက်တော့ တန်ပြန်တိုက်ခိုက်တာမျိုးအခန်းတွေ မတွေ့ရပါဘူး။ ဂိမ်းထဲမှာကျင်လည်ရင်းနဲ့မှ ဂိမ်းကစားပုံစံအသစ်တွေ ထပ်တိုးလာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

ဖြန့်ချိမယ့်ရက်နဲ့ ဆော့နိုင်မယ့်ပလက်ဖောင်းတွေ
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ကြေညာခဲ့တဲ့ဂိမ်းဖြစ်ပေမယ့်လည်း အားလပ်ရက်ရာသီနဲ့ခံသွားခဲ့တဲ့အတွက် ဂိမ်းဖန်တီးမှုအဆင့်တွေမှာ အချိန်အနည်းငယ်ကြာသွားခဲ့ပါတယ်။ ဒီလိုနဲ့အချိန်နှစ်နှစ်လောက်ကြာသွားပြီး ၂၀၁၇ ဇန်နဝါရီလမှာ alpha gameplay ဗီဒီယိုတွေထွက်ရှိခဲ့ပေမယ့်လည်း တကယ့်ဂိမ်းကတော့ ထွက်ရှိမလာခဲ့ပါဘူး။ ဒါပေမယ့် Visage ဂိမ်းကို ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ထွက်ရှိမယ်လို့သုံးသပ်ကြပြီး ၂၀၁၇ အတွင်းမထွက်ခဲ့ဘူးဆိုရင်တော့ ၂၀၁၈ နှစ်ဆန်းပိုင်းကိုကူးသွားဖို့ အခြေအနေရှိပါတယ်။ ဂိမ်းပလက်ဖောင်းတွေအနေနဲ့ဆိုရင်တော့ PC, PS4 နဲ့ Xbox တို့မှာအသီးသီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီတော့ survival horror အတွေ့အကြုံအသစ်တွေကိုမှ ကိုယ်တိုင်ကိုယ်ကျခံစားချင်ကြတဲ့ ပရိသတ်မာျးကတော့ ဇွဲရှိရှိစောင့်နေမှဖြစ်ပါလိမ့်မယ်။ အမိုက်စားဂိမ်းတွေကိုလည်း နောက်ပိုင်းမှညွှန်းပေးသွားမှာမို့လို့ နောက်တစ်ခေါက်မှ ပြန်ဆုံကြပါမယ်လို့ပြောရင်းနဲ့ SadSquare ဂိမ်းဖန်တီးသူများအဖွဲ့ရဲ့ အပြောင်မြောက်ဆုံးလက်ရာသစ်ဖြစ်တဲ့ Visage ဂိမ်းကို စောင့်နေကြပါလို့ပြောလိုက်ချင်ပါတယ်။
Yan
Ref: kotaku, ign, wikia
No comments:
Post a Comment