Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, September 12, 2017

ပယ်ဖျက်ခဲ့ရတဲ့အလားအလာရှိ ဂိမ်း ၆ ခုနဲ့ သူတို့ရဲ့သမိုင်းကြောင်းတွေ


ငယ်စဉ်အရွယ်ကတည်းက ဂိမ်းတွေဆော့ပြီးကြီးပြင်းလာသူများအတွက် သူတို့စွဲစွဲမြဲမြဲနှစ်ခြိုက်တဲ့ဂိမ်းတွေဆိုတာရှိစမြဲပါ။ ဘယ်အရွယ်ကိုပဲရောက်ရောက် တီဗီရှေ့မှာထိုင်၊ ဂိမ်းခလုတ်ပြန်ကိုင်လိုက်တာနဲ့ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ငယ်ဘဝကာလလေးတွေကို လွမ်းဆွတ်အောက်မေ့အမှတ်ရကြပါတယ်။ Resident Evil, Dynasty Warriors ဂိမ်းစီးရီး၊ God Of War ဂိမ်းစီးရီးနဲ့ ဘောလုံးဂိမ်းတွေဟာ အကောင်းဆုံးဥပမာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် မြောက်မြားလှတဲ့ဂိမ်းတွေဟာ ဈေးကွက်ထဲကနေတဆင့် ကျွန်တော်တို့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာဖို့အတွက် အဆင့်ပေါင်းများစွာဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီလိုမျိုးများစွာသောအဆင့်တွေထဲမှာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ ပြသာနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ခဲ့ရပြီးရောက်ရှိလာခဲ့လို့သာ ဂိမ်မာတွေကအဆင်သင့် စက်လေးဖွင့်၊ ခွေလေးသွင်းပြီး ဆော့နိုင်ကြတာပါ။ ဟုတ်ပါတယ်၊ အဲဒီလိုမျိုးမရေမတွက်နိုင်တဲ့အခက်အခဲတွေကို မကျော်လွန်နိုင်ခဲ့လို့ကံအကြောင်းမလှဘဲ ကျွန်တော်တို့နဲ့ ဝေးခဲ့ရတဲ့ဂိမ်းကောင်းတွေအများကြီးမှ အများကြီးပဲ။ ဒီတော့အခုဒီမှာ အဲလိုမျိုးပယ်ဖျက်ခဲ့ရတဲ့ဂိမ်းကောင်းတွေကို စာရင်းပြုစုပြီး ဗဟုသုတဖြစ်ဖွယ် ဂိမ်မာများအားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။ တစ်ချက်လောက် ဆက်ကြည့်လိုက်ကြရအောင်။

Silent Hills

Silent Hills ဂိမ်းဟာ Silent Hill ဂိမ်းစီးရီးရဲ့ နောက်ဆက်တွဲခွေအဖြစ် Konami ကထုတ်လုပ်ဖြန့်ချိမယ့်ဂိမ်းဖြစ်ပါတယ်။ Silent Hills ဟာ ဂိမ်မာတွေတော်တော်များများမျှော်လင့်ချက်ထားပြီး စောင့်ဆိုင်းခဲ့ကြတဲ့ဂိမ်းဖြစ်သလို Survival Horror ဂိမ်းအမျိုးအစားကိုအခြေအနေတစ်ရပ် ပြောင်းလဲသွားစေမယ့် ဂိမ်းလည်းဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Guillerno Del Toro နဲ့ဗီဒီယိုဂိမ်းဒီဇိုင်နာ Hideo Kojima တို့နှစ်ယောက် ပူးပေါင်းပြီး အစွမ်းကုန်အားထုတ်ဖန်တီးထားတဲ့ Silent Hills ဂိမ်းဟာ Playable Teaser တောင်မှ ထွက်ရှိခဲ့ပြီး တကယ်တမ်း ပရိသတ်တွေလက်ထဲအရောက်ထည့်ဖို့ ခြေလှမ်းအနည်းငယ်ပဲလိုတော့တဲ့ဂိမ်းပါ။ Walking Dead ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်ဖြစ်သူ Norman Reedus ကိုပါ ဂိမ်းရဲ့အဓိကဇာတ်ဆောင်အဖြစ်ထည့်သွင်းဖန်တီးထားတဲ့ Silent Hills ဂိမ်းဟာ Metal Gear Solid V ဂိမ်းအချောသတ်အပြီး Konami ကနေ Hideo Kojima ထွက်ခွာသွားတဲ့နောက်မှာတော့ ရှေ့မဆက်ဖြစ်တော့ပဲ ရပ်တန့်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ ဂိမ်းဖန်တီးရာမှာအချက်အခြာကျတဲ့လူတွေ နှုတ်ထွက်သွားတဲ့အတွက် ဂိမ်းထုတ်လုပ်မှုကို တရားဝင်ပယ်ဖျက်လိုက်ပြီးဖြစ်ကြောင်း ကြေညာချက်နဲ့ ဂိမ်မာတွေလက်ထဲကို Silent Hills ဂိမ်းဟာ ဘယ်တော့မှရောက်မလာတော့ပါဘူး။


Doom 4

Doom 4 ကို id Software ရဲ့ဦးဆောင်ဖန်တီးသူ developer John Carmack က ၂၀၀၈ ခုနှစ်၊ မေလမှာ ကျင်းပခဲ့တဲ့ QuakeCon ပွဲမှာ အမြည်းမိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ ဂိမ်းကတော့ ကမ္ဘာမြေပေါ်ကို ပေါ်ထွက်လာတဲ့ ငရဲ အကြောင်းဖြစ်ပြီး ဂိမ်းစတိုင်ကတော့ ဟိုးအရင်က Doom ဂိမ်းတွေရဲ့ပုံစံနဲ့အလားပဲ ဖြစ်ပါတယ်။ ဒီနှစ်တွေထဲမှာ ဂိမ်းကို ဆက်လက်ဖန်တီးနေသေးတယ်လို့ ယူဆရပြီး ဂိမ်းအကြောင်းကိုအနည်းငယ်ပဲ ဖော်ပြခဲ့တာကြောင့် ဂိမ်မာအများစုဟာ ဇဝေဇဝါဖြစ်ခဲ့ကြတဲ့ဂိမ်းပါ။ အင်တာဗျူးတစ်ခုမှာ Doom 4 ရဲ့ဖန်တီးတည်ဆောက်မှုအပိုင်းရဲ့ အဓိကအဖွဲ့ဝင်တွေဟာ Doom 4 ဟာဖန်တီးရင်းနဲ့ တဖြည်းဖြည်းလမ်းကြောင်းပြောင်းသွားပြီး ဇာတ်ညွှန်းပြောင်းလဲမှုတွေက Call of duty လိုမျိုးဖြစ်သွားခဲ့တယ်လို့ ဖွင့်ပြောခဲ့ပါတယ် ။ ၂၀၁၂ မှာ ဒီ project ကို reboot အနေနဲ့ ပြန်ပြီးအသက်သွင်းဖန်တီးဖို့လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ပရောဂျက်ဟာ 2016 Doom အဖြစ်ပြောင်းလဲသွားခဲ့ပြီး Doom 4 ဂိမ်းဖန်တီးမှုလည်း အဆုံးသတ်သွားခဲ့ပါတယ်။

World of Darkness

World of Darkness ဟာသွေးပျက်စိတ်ခြောက်ခြားဖွယ် အမှောင်လောကအငွေ့အသက်တွေ ရောပြွန်းထားတဲ့ MMO ဂိမ်းတစ်ခုဖြစ်ပြီး EVE Online ဂိမ်းဖန်တီးသူများအဖွဲ့ CCP Games ကထုတ်လုပ်ဖန်တီးတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ် ။ သဘာဝလွန်ကမ္ဘာကြီးကို နောက်ခံပြုထားပြီး နက်နဲတဲ့နိုင်ငံရေး ပဋိပက္ခတွေ ၊ လောကပတ်ဝန်းကျင်က သက်ရှိသတ္တဝါတွေနဲ့ ထိတွေ့ဆက်ဆံရင်း တဖြည်းဖြည်းချင်းစီ ဇာတ်လမ်းမြုပ်ကွက်တွေသိလာအောင် လုပ်ထားတဲ့ RPG တစ်ခုဖြစ်ခဲ့ပါတယ်။ ဂိမ်းကို ၈ နှစ်အကြာကာလတောင် ဖန်တီးနေခဲ့ပြီး ၂၀၁၄ ဧပြီလ၊ ၁၄ ရက်နေ့မှာ CCP Games ကဂိမ်းပရောဂျက် မဆိုင်းမတွရုတ်ချည်း ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။



Tom Clancy's Rainbow 6 Patriots

Rainbow 6 Patriots Ubisoft Montreal ကဖန်တီးရေးဆွဲထားတဲ့ First Person Shooter ဂိမ်းအမျိုးအစားဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဂိမ်မာများနဲ့ စတင်ထိတွေ့ခဲ့တဲ့ဂိမ်းဖြစ်ပါတယ် ။ True Patriots အမည်ရတဲ့ အကြမ်းဖက်အုပ်စုနှိမ်နင်းရေးအဖွဲ့ဖြစ်တဲ့ Team Rainbow အသင်းရဲ့ အဖွဲ့သားတစ်ယောက်အနေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာ ပစ်ခတ်တိုက်ပွဲဝင်ရင်းကစားရမယ့်ဂိမ်းတစ်ခုပါ။ ဒါပေမယ့် ၂၀၁၄ ဇွန် ၉ ရက်နေ့မှာ Ubisoft က နောင်ထွက်ရှိလာမယ့် Rainbow 6 ဂိမ်းကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အကောင်းဆုံးဖန်တီးနိုင်ဖို့အတွက် Rainbow 6 Patriots ဂိမ်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့တာ ဖြစ်ပါတယ်။



Scalebound

Scalebound ဂိမ်းဟာ Xbox One exclusive RPG အက်ရှင်ဂိမ်းတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ Microsoft E3 သတင်းစာရှင်းလင်းပွဲမှာ PlatinumGames က တရားဝင်ကြေညာခဲ့တဲ့ဂိမ်းလည်းဖြစ်ပါတယ်။ ဂိမ်းရဲ့အဓိကဇာတ်ကောင် စွန့်စားသူတစ်ယောက်လည်းဖြစ်တဲ့ Drew နဲ့ Thuban လို့အမည်ရတဲ့နဂါးတို့ဟာ မိတ်ဆွေသဖွယ်ဆက်ဆံရေးကိုတည်ထောင်ပြီး Land Of Draconis လို့အမည်ရတဲ့ကမ္ဘာမှာ ကြီးမားတဲ့သတ္တဝါကြီးတွေ၊ ထူးဆန်းတဲ့သားရဲကြီးကို အတူတကွရင်ဆိုင်ရတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဂိမ်းမှာ Drew ရဲ့နောက်ခံဘဝဇာတ်ကြောင်းကိုလေ့လာရမယ့်အပြင် Drew နဲ့ Thuban အကြားသခင်နဲ့တိရစ္ဆာန်သဖွယ် ဆက်ဆံရေးဖြစ်တည်လာပုံကို ဂိမ်မာများက ရင်သက်ရှုမောဖွယ် စိတ်ခံစားချက်အပြည့်နဲ့ တွေ့မြင်ရမဲ့ဂိမ်းပါပဲ။ ဂိမ်းကို ၂၀၀၆ ခုနှစ်ကတည်းကစတင်ပြီး ဖန်တီးခဲ့ကြပေမယ့် နောက်ပိုင်းမှာ Platinum ဂိမ်းရေးဆွဲသူများအဖွဲ့ဟာ Bayonetta ဂိမ်းကိုပိုပြီးဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာထွက်ရှိမယ်လို့ အရင်ကထုတ်ပြန်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်ကိုပြောင်းရွေ့ခဲ့ရပြီး ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှာတော့ Scalebound ဂိမ်းကိုဖျက်သိမ်းတော့မှာဖြစ်ကြောင်းကို အတိအလင်းကြေညာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Scalebound ဂိမ်းမှာ ဂိမ်မာတွေနဲ့ ဝေးကွာခဲ့ရပါတယ်။



Prey 2

Prey 2 ဟာ first-person shooter ဂိမ်းအမျိုးအစားဖြစ်ပြီး Human Head Studios ကဖန်တီးရေးဆွဲထားတာဖြစ်ပါတယ် ။ Prey 2 ဟာ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Prey ဂိမ်းရဲ့နောက်ဆက်တွဲအခွေဖြစ်ပြီး Exodus ဆိုတဲ့ဂြိုလ်သားတွေရှိတဲ့ကမ္ဘာမှာ ကျင်လည်သွားလာရင်း ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကို ရှာဖွေနေတဲ့ကြေးစားမုဆိုးတစ်ယော်ကအနေနဲ့ ဝင်ရောက်ဆော့ကစားရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဂိမ်းထုတ်လုပ်သူဖြစ်တဲ့ Bethesda ဟာ Prey 2 ဟာ ကုမ္မဏီရဲ့စံနှုန်းထားနဲ့မကိုက်ညီတဲ့အတွက် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ မှာဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။



Yan
Ref: Gamespot, MMGF

No comments:

Post a Comment