Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, October 20, 2017

သေရွာပြန်ဖာရိုဘုရင်တွေ၊ ကြိမ်စာသင့်မာမီ Mummy တွေနဲ့ အီဂျစ်နတ်ဘုရားတွေအပါအဝင် စစ်အင်အားကြီးရိုမန်တွေနဲ့ရင်ဆိုင်ရမယ့် Assassin's Creed Origins ရဲ့ DLC အသစ်များ


Assassin's Creed စီးရီးရဲ့ဂိမ်းအသစ်ဖြစ်တဲ့ Assassin's Creed Origins ကို ဂိမ်မာများ အားလုံးကမျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေကြပါပြီ။ ရှေးကျလှတဲ့ခေတ်ဟောင်းအီဂျစ်ပြည်မှာ ဇာတ်အိမ်တည်ထားပြီး ဂိမ်းရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆူဒန်မြို့မြောက်ပိုင်းသား Bayek ကို အရာအားလုံးကိုစတင်ခဲ့တဲ့ Assassin Brotherhood ကြီးနဲ့အတူ တီဗီဖန်သားပြင်ပေါ်မှာ အားလုံးကမြင်နေကြပြီဆိုတာအသေအချာပါပဲ။ အရင်ခွေတွေနဲ့မတူဘဲ Assassin Brotherhood ကြီး ဘယ်လိုမျိုးဖြစ်ပေါ်လာသလဲဆိုတဲ့ဇာတ်ကြောင်းနဲ့ တစ်မူထူးခြားသွားတဲ့တဲ့ဂိမ်းကစားပုံစံ၊ ကွဲပြားတဲ့ဂိမ်းတွင်းလုပ်ဆောင်ချက်အသစ်တွေနဲ့ အနုပညာမြောက်စွာဖန်တီးထားတဲ့ Assassin Creed Origins ကို Ubisoft ကအရှိန်အဟုန်ကောင်းကောင်းနဲ့ ပရိသတ်တွေဆီတစ်ကျော့ပြန်တင်ဆက်လိုက်ပြန်ပါပြီ။


Ubisoft အနေနဲ့ AC စီးရီးရဲ့ထွက်ရှိခဲ့သမျှဂိမ်းတိုင်းအတွက် expansion တွေအမြဲတမ်းပေါင်းထည့်လေ့ထည့်ထမရှိခဲ့ပေမယ့် အမေရိကန်တော်လှန်ရေးစစ်သမိုင်းကိုအခြေခံထားတဲ့ Assassin's Creed 3 အတွက် King Of The Washington နဲ့ Tyranny Of The King, Assassin တစ်ဖြစ်လဲ၊ ပင်လယ်ဓါးပြတစ်ယောက်ရဲ့ဘဝကို လက်တွေ့ကျကျခံစားရမယ့် Assassin's Creed Black Flag အတွက်ဆိုရင် Freedom Cry, ဒုတိယမြောက်စက်မှုတော်လှန်ရေးဖြစ်ပွားနေတဲ့ကာလ၊ ၁၈ ရာစုနှောင်းလန်ဒန်မြို့နဲ့ အဲဒီအချိန်တဝိုက်ကလန်ဒန်မြို့အတွင်း ကြီးစိုးကျက်စားနေတဲ့လူဆိုးဂိုဏ်းတွေကိုပုံဖော်ပေးထားတဲ့ Assassin's Creed Syndicate အတွက်ဆိုရင်တော့ Jack The Ripper, အစရှိတဲ့ DLC (downloadable contents) ထပ်ပေါင်းဂိမ်းတွေပေါင်းထည့်ပေးပြီး မူရင်းဂိမ်းကိုအခြေခံထားတဲ့ ဂိမ်းတွင်းအတွေ့အကြုံသစ်တွေပေးစွမ်းခဲ့ပါတယ်။ AC ဂိမ်းတိုင်းရဲ့ဇာတ်ကြောင် း တွေဟာ နိုင်ငံအသီးသီး၊ ခေတ်အသီးသီးက တကယ့်ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေအပေါ်မှာ အခြေခံထားတာဖြစ်တဲ့အတွက် AC ဂိမ်းတွေမှာ ထပ်မံပေါင်းထည့်ထားတဲ့ DLC တွေဟာလည်း သူတို့မူရင်းဂိမ်းရဲ့သမိုင်းကြောင်းတွေနဲ့ တစ်နည်းမဟုတ်တော့တစ်နည်း ဆက်နွယ်နေစမြဲပါ။ ဒီတော့ အခုနောက်ဆုံး Origins အခွေသစ်မှာရောဘယ်လိုမျိုး ထပ်ပေါင်း DLC တွေပါလာမလဲ? ထွက်လာဖို့ရောအစီအစဉ်ရှိရဲ့လား? အဲဒီလိုမေးခွန်းထုတ်နေသူများအတွက် အဖြေကရှိနေပါပြီ။ ဂိမ်မာများအားလုံးစိတ်ကြိုက် တစ်ဝကြီးအပိုဆောင်းဆော့ကစားနိုင်စေဖို့ Assassin's Creed Origins မှာမူရင်းဂိမ်းအပြင် Gold Edition, Deluxe Edition နဲ့နောက်ထပ် DLC နှစ်ခုကိုထပ်မံထည့်သွင်းပေးသွားမှာပါ။ ဒီတော့နောက်ထပ်ပေါင်းထည့်မယ့် DLC တွေကဘယ်လိုမျိုးလဲ? ဘယ်လိုမျိုးနောက်ခံသမိုင်းဇာတ်ကြောင်းတွေပါဝင်မလဲ? အစရှိနေတာတွေကိုစုစည်းပြီး ဂိမ်မာများအားလုံးသိရှိစေဖို့ ဒီကနေဖော်ပြလိုက်ရပါတယ်။


နယ်မြေသစ်ကိုကျူးကျော်ဝင်ရောက်လာတဲ့ အင်အာကြီးရိုမန်တွေရဲ့ရင်ဆိုင်ရမယ့် The Hidden Ones

သမိုင်းကြောင်းအရ ဘုရင်မကီလီယိုပတ်တရာရဲ့ချစ်သူ စစ်သူကြီးမက်ခ်အန်ထော်နီဟာ သူ့နဲ့အချစ်ပြိုင်ဖက်ဖြစ်တဲ့ အော်ခ်တဗီယန်ကိုရှုံးနိမ့်သွားပြီးနောက်ပိုင်းမှာ အီဂျစ်ပြည်ကြီးဟာရိုမန်တွေရဲ့သိမ်းပိုက်မှုကိုခံခဲ့ရပြီး ၃၀ ဘီစီနောက်ပိုင်းမှာတော့ အီဂျစ်ပြည်ကြီးကို ရိုမန်လက်အောက်ခံနယ်တစ်ခုအဖြစ် ပြန်လည်ထူထောင်လိုက်ပါတယ်။ အခုလည်းဒီ DLC မှာ Assassin ဖြစ်သူအဓိကဇာတ်ဆောင် Bayek ဟာ အဲဒီလိုကျူးကျော်ဝင်ရောက်လာတဲ့ အင်အားကြီးရိုမန်တပ်တွေရဲ့သိမ်းပိုက်မှုကနေ အီဂျစ်ပြည်ကြီးကိုဘယ်လိုမျိုးကာကွယ်သွားမလဲဆိုတာကို ဂိမ်မာများမျက်ဝါးထင်ထင်တွေ့မြင်ရုံတင်မက Bayek နေရာကနေဝင်ရောက်ပြီးခံစားနိုင်မှာပါ။ ပြင်းထန်လှတဲ့စစ်ပွဲတွေနဲ့ အီဂျစ်ပြည်၊ ရိုမန်စစ်တပ်အင်အားချင်းပြိုင်မှုတွေကြား တကယ့်သမိုင်းထဲကအတိုင်းရှုံးနိမ့်သွားမလား? ဒါမှမဟုတ် ဂိမ်မာတွေကပဲသမိုင်းကိုကိုယ်တိုင်ပြောင်းလဲနိုင်မလား? အဆုံးသတ်ကဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာတော့ ဂိမ်မာတွေအပေါ်မှာမူတည်နေပါတယ်။ 



သမိုင်းတစ်ခေတ်ကသေရွာပြန်ဖာရိုဘုရင်တွေ၊ မာမီဖုတ်ကောင်တွေနဲ့ရင်ဆိုင်ရမယ့် The Curse Of The Pharoahs DLC


The Mummy ရုပ်ရှင်ဇာတ်ကားကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ ရှေးခေတ်အီဂျစ်ပြည်မှာကျင့်သုံးခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ဘုရင်စနစ်၊ ကန္တာရကင်းမြီးကောက်ကြီးတွေနဲ့ အသက်ပြန်ဝင်လာတဲ့မာမီရုပ်အလောင်းတွေကို အတိုင်းသားတွေ့မြင်ခဲ့ရလို့ ပရိသတ်တွေလုံးဝအကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမယ့်အခုဒီ The Curse Of The Pharoahs ဆိုတဲ့ DLC မှာ အဲဒါတွေအားလုံးကို Assassin တစ်ယောက်အနေနဲ့ဂိမ်မာတွေကရင်ဆိုင်ရမှာပါ။ အသက်ပြန်ဝင်လာတဲ့ဖာရိုဘုရင်ရုပ်အလောင်းတွေ၊ အဆမတန်ကြီးမားလှတဲ့ကင်းမြီးကောက်ကြီးတွေ၊ ပိရမစ်ထဲက မာမီအလောင်းကောင်တွေ အစရှိတဲ့ရန်သူသစ်တွေကို Assassin တစ်ယောက်ဖြစ်တဲ့အဓိကဇာတ်ကောင် Bayek အနေနဲ့ ချွပ်ချွပ်ချုံချုံရင်ဆိုင်တိုက်ပွဲရမှာပါ။ AC ဂိမ်းစီးရီးအနေနဲ့ အမြဲတမ်းလက်တွေ့ဆန်တဲ့ဇာတ်ကြောင်းမျိုးကိုသာ ဂိမ်းအတွင်းမှာဖော်ပြလေ့ရှိခဲ့ပေမယ့် အခုဒီမှာတော့ စိတ်ကူးယဉ်ဒဏ္ဍာရီတစ်ခုသဖွယ်လူတွေသမုတ်ကြတဲ့ ဟိုးသမိုင်းတစ်ခေတ်ကသေရွာပြန်ဖာရိုဘုရင်တွေနဲ့ မာမီအလောင်းကောင်တွေဆီပြန်လည်ခေါ်ဆောင်သွားတော့မှာပါ။




လက်နက်ဝတ်စုံသစ်တွေပါဝင်တဲ့ပက်ကေ့ချ်နှစ်မျိုးနဲ့ အီဂျစ်နတ်ဘုရားတွေနဲ့ကြုံတွေ့ရမယ့် Trial Of Gods

Assassin's Creed Origins ကိုမူရင်းဂိမ်းချည်းပဲမဟုတ်ပဲ Edition ဗားရှင်းတွေကိုဝယ်ယူသူများအဖို့တော့ ဝတ်စုံအသစ်နဲ့လက်နက်အသစ်တွေပါဝင်တဲ့ ပက်ကေ့ချ်နှစ်ခုကိုထပ်ဆောင်းရရှိသွားမှာပါ။ အဲဒီပက်ကေ့ချ်တွေကတော့ ရိုမန်စတိုင်လက်နက်နဲ့ဝတ်စုံတွေပါဝင်တဲ့The Roman Centurian Pack နဲ့ ကန္တာရလက်နက်ဝတ်စုံသစ်တွေကိုအသုံးပြုခွင့်ရမယ့် Horus Pack တို့ပဲဖြစ်ကြပါတယ်။ အဲဒီလိုအခကြေးငွေနဲ့ဝယ်ယူရမယ့် add-ons တွေအပြင် အခမဲ့ရရှိနိုင်မယ့်ကဏ္ဍတွေအနေနဲ့ ဂိမ်းစတင်ဖြန့်ချိပြီး အချိန်ဆယ့်ငါးရက်အကြာမှာဆော့ကစားခွင့်ရှိမယ့် အီဂျစ်နတ်ဘုရားဘော့စ်တွေနဲ့တိုက်ပွဲတွေပါဝင်တဲ့ Trail Of Gods ကဏ္ဍ၊ ဂိမ်းလောကကြီးထဲမှာလှည့်လည်သွားလာနေရင်းကနေ လျှိ့ဝှက် ကုန် သည်တစ်ယောက်ပေးအပ်တဲ့ နေ့စဉ်တာဝန်တွေကို ပြီးမြောက်အောင်ထမ် း ဆောင်သွားရင် တန်ဖိုးမြင့်ဆုပစ္စည်း တွေရရှိမယ့် The Nomad Bazaar's ကဏ္ဍ၊ ဒါ့အပြင်လူသတ်ကွင်းပြင်ကျယ်ကြီးထဲမှာ ရန်သူတွေကိုတစ်ကြော့ပြီးတစ်ကြော့ရင်ဆိုင်ရမယ့် Horde Mode နဲ့ဂိမ်းတွင်းပုံရိပ်တွေကို လိုသလိုဖမ်းယူရိုက်ကူးနိုင်မယ့် Photo Mode တွေကိုလည်း ဂိမ်မာတွေအတွက်ထည့်သွင်းပေးထားပါတယ်။


DLC များထွက်ရှိလာမယ့်ရက်စွဲအသီးသီး၊ သိရှိရသမျှနဲ့ အနှစ်ချူပ်


Assassin's Creed Origins ကို PC, PS4 နဲ့ Xbox ပလက်ဖောင်းများမှာ အသီးသီးဆော့ကစားနိုင်မှာဖြစ်တဲ့အတွက်ဂိမ်း DLC များဟာလည်း အလားတူပါပဲ။ PC ပလက်ဖောင်းမှာဆော့ကစားနိုင်မယ့် ဂိမ်းလိုအပ်ချက် Specs အပြည့်အစုံဟာလည်း မကြာသေးခင်ကမှအတိအကျထွက်ရှိလာခဲ့ပါပြီ။ ရက်စွဲတွေအနေနဲ့ အင်အားကြီးမားလှတဲ့ရိုမန်တွေရဲ့ကျူးကျော်မှုကို နယ်မြေသစ်မှာရင်ဆိုင်ရမယ့် The Hidden Ones DLC ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာထွက်ရှိဖြစ်ပြီး သမိုင်းတစ်ခေတ်ကသေရွာပြန်ဖာရိုဘုရင်တွေ၊ မာမီဖုတ်ကောင်တွေနဲ့ရင်ဆိုင်ရမယ့် The Curse Of The Pharoahs DLC ကိုတော့ ၂၀၁၈ ခုနှစ်၊ မတ်လမှာမှ ဂိမ်မာများကစတင်ဆော့ကစားနိုင်မှာပါ။ အထက်ဖော်ပြပါ DLC တွေအပြင် အီဂျစ်ပြည်ကြီးတစ်ခုလုံးရဲ့နက်ရှိုင်းလှတဲ့လျှို့ဝှက်ချက်တွေကို သိရှိနိုင်မယ့် Discovery Mode ကိုလည်းထည့်သွင်းပေးထားပါတယ်။ အဲဒီ Mode မှာတော့ ကိုယ့်ရဲ့ဂိမ်းတွင်းတိုက်ခိုက်မှုစနစ်ကိုပိတ်ပေးထားမှာဖြစ်ပြီး ဂိမ်မာတွေကိုလေ့လာရေးခရီးတစ်ခုသွားနေရသလိုခံစားရအောင် ဖန်တီးပေးထားမှာပါ။ အချိန်ကာလကိုကွက်တိကိုက်ညှိပြီး အားလုံးလက်ထဲအရောက်ထည့်ပေးမယ့် AC စီးရီးရဲ့နောက်ဆုံးဂိမ်းသစ်ဖြစ်တဲ့ Assassin's Creed Origins ဂိမ်းဟာ DLC တွေစုံစုံလင်လင်နဲ့ ဂိမ်းလောကကိုပြန်ပြီးဂယက်ရိုက်လာစေတော့မှာပါ။ ဒီတော့စိတ်ဝင်စားစရာတွေပြည့်နှက်နေတဲ့ ရှေးဟောင်းအီဂျစ်ပြည်ကြီးကို ကိုယ်တိုင်ကိုယ်ကျလေ့လာခွင့်ရမယ့်အပြင် Assassin Creed Brotherhood ကြီးဘယ်လိုမျိုးထွက်ပေါ်လာသလဲဆိုတာကိုလည်း သိရှိရမှာဖြစ်တဲ့အတွက် ဒီဂိမ်းဟာ AC ပရိသတ်များသာမက အခြားဂိမ်းချစ်သူပရိသတ်ဂိမ်မာများပါ လုံးဝကိုလက်မလွှတ်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်လို့ပြောလိုက်ရပါတယ်။



Yan
Ref: Ign, Kotaku, Gamespot, Pastmagazine, Gamespot

No comments:

Post a Comment