အားလုံးမျှော်လင့်ချက်ကြီးစွာနဲ့ စောင့်မျှော်နေတဲ့ Ubisoft ရဲ့ဂိမ်းသစ် Assassin's Creed Origins ဂိမ်းဟာ အောက်တိုဘာလ၊ ၂၇ ရက်နေ့မှာတော့ ဂိမ်မာများအားလုံးရဲ့လက်ထဲ ဆိုက်မြိုက်စွာရောက်ရှိလာခဲ့ပါတယ်။ PS4 ဒါမှမဟုတ် Xbox Console ပိုင်ဆိုင်သူဂိမ်မာများကတော့ ဂိမ်းထွက်မယ့်အချိန်နဲ့ကိုက်ပြီး အလုအယက်ဝယ်ယူကုန်ကြသလို PC ဂိမ်မာများကလည်း Steam ကနေတဆင့် ဒါမှမဟုတ် crack ရမယ့်အချိန်ကိုစောင့်လို့နေကြပါတယ်။ တချို့ဂိမ်မာများဆိုဂိမ်းမထွက်ခင်ကတည်းက ကွဲပြားတဲ့ edition အခွေများကို ကြိုတင်မှာယူပြီး အားလုံးထက်ဦးဦးဖျားဖျားဆော့နှင့်နေကြပါပြီ။ ဒီနှစ် ၂၀၁၇ မှာတင်မက ၂၀၁၈ အထိပါ ပရိသတ်တွေပါးစပ်ဖျားမှာပြောစမှတ်ပြုနေဦးမယ့် Assassin's Creed Origins ဂိမ်းအသစ်ဟာ နောက်ထပ်ထွက်ရှိလာမယ့် အမိုက်စား DLC (downloadable contents) တွေနဲ့အတူ လာတော့မယ့် ၂၀၁၈ ခုနှစ်ကိုလည်း သိမ်းပိုက်ဖို့ကြံစည်ထားပုံပါပဲ။ ဒါတွေတင်မကသေးပါဘူး။ ဂိမ်းလောကမှာဂယက်ရိုက်ခတ်မယ့် AC စီးရီးရဲ့ဂိမ်းသစ် Origins အခွေဟာ ပရိသတ်တွေအတွက် merchandise ပစ္စည်းအမျိုးစုံလင်စွာနဲ့ collectible figures တွေအပြင် Yeezy Sneaker artist ဖြစ်တဲ့ Dominic Lowman နဲ့ပေါင်းပြီး Assassin's Creed Origins ဗားရှင်းနဲ့ Yeezy ဖိနပ်တွေကိုထုတ်ပေးဦးမှာပါ။ ဒါပေမယ့် အဲဒီ AC Origins မော်ဒယ်နဲ့ Yeezy ဖိနပ်ဟာ ကမ္ဘာလုံးအတိုင်းအတာနဲ့မှ အရံပေါင်း ၁၆ ရံ တိတိပဲထွက်ရှိမှာဖြစ်ပြီး ငွေဘယ်လောက်ပေးပေး ဝယ်ယူလို့ရမှာမဟုတ်ပါဘူး။ နောက်တစ်ချိန်မှာရှားပါးပစ္စည်းစာရင်းဝင်မယ့် AC Origins Yeezy Sneaker ဟာ အဖြူအမဲနှစ်ရောင်ကာလာနဲ့ပဲလာမှာဖြစ်ပြီး ဖိနပ်ရဲ့ပုံစံကို အီဂျစ်ပရိမစ်များနဲ့အုတ်ဂူတွေအတွင်းမှာ ရေးဆွဲထားတဲ့နံရံဆေးရေးပန်းချီပုံတွေနဲ့ လက်ရာမြောက်စွာရေးဆွဲဒီဇိုင်းဖော်ပေးထားကိုတွေ့ရမှာဖြစ်ပြီး ရှေးဟောင်းအီဂျစ်ပြည်မျက်ရှင်နဲ့ Assassin's Creed စီးရီးရဲ့သင်္ကေတနှစ်ခု ပေါင်းစည်းထားတဲ့တံဆိပ်ကို ဖိနပ်ထိပ်မှာ ရေးဆွဲထားတာအတိုင်းသားတွေ့မြင်ရမှာပါ။ နံရံဆေးရေးပန်းချီပုံဖော်ထားတဲ့အောက်ခံအရောင်ဟာ ကြည့်လိုက်တာနဲ့ အီဂျစ်ပြည်ရဲ့ကန္တာရအငွေ့အသက်ခံစားရစေမယ့်အရောင်ဖြစ်ပြီး အမဲရောင်မော်ဒယ် sneaker ရဲ့ဖိနပ်ကြိုးတွေကိုတော့ မြွေခန္ဓာကိုယ်နဲ့အသွင်တူအောင် အသေးစိတ်ဖန်တီးထားပါတယ်။ Yeezy Sneaker artist Dominic Lowman ကိုယ်တိုင်ကိုယ်ကျအနုစိတ်ရေးဆွဲဖန်တီးထားတဲ့ တစ်ကမ္ဘာလုံးမှာမှ ၁၆ ရံအတိရှိမယ့် ဒီ sneaker တွေကို Ubisoft က giveaway လုပ်ပေးသွားမှာဖြစ်ပြီး အဲဒီ giveaway အစီအစဉ်မှာပါဝင်ခြင်းဖြင့်သာ ပရိသတ်များကပိုင်ဆိုင်နိုင်မှာပါ။
အစီအစဉ်မှာပါဝင်ချင်သူဂိမ်မာများဟာ @gamespot ကို Instagram မှာ follow လုပ်ပြီးပြိုင်ပွဲပို့စ်ကို Like လုပ်ရမှာပါ။ ပြီးတာနဲ့ သူငယ်ချင်းတစ်ယောက်ကို tag လုပ်ပြီး ကိုယ်အကြိုက်ဆုံး Assassin's Creed ဂိမ်းကို ကွန်မန့်ပေးရမှာဖြစ်ပါတယ်။ ဆုရရှိမယ့်ကံထူးရှင်ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာတရားဝင်ကြေညာသွားမှာဖြစ်ပြီး United Kingdom မှာနေထိုင်သူများသာ ဒီအစီအစဉ်မှာအကျုံးဝင်မှာဖြစ်ပြီး ပါဝင်ကံစမ်းလို့ရမှာဖြစ်ပါတယ်။
No comments:
Post a Comment