Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, November 23, 2017

ဘယ်သူမှမသိမထားမိတဲ့ Playstation 2 ကနဦးအစဖန်သားပြင်ပေါ်က အဓိပ္ပါယ်


Playstation 2 ဂိမ်းကို ဘယ်လို resolution ပေးနိုင်တဲ့တီဗီမျိုးနဲ့ဆော့ဆော့ပါ။ ဂိမ်းကိုစဆော့ဖို့အတွက်ဆိုရင် ကျွန်တော့်တို့ဟာ ပါဝါခလုတ်ကို အရင်ဆုံးစဖွင့်ရပါတယ်။ ပါဝါခလုတ်စဖွင့်လိုက်တာနဲ့ တီဖီဖန်သားပြင်မှာ ပထမဦးဆုံးမြင်ကြရတာ Sony Computer Entertainment ဆိုတဲ့စာတန်းအနောက်မှာ မျိုးမျှော်တိုက်တွေလိုမျိုး အကြည်ရောင်ဘလော့တုံးတွေ အစီအရီဖန်သားပြင်ပေါ်မှာ ထိုးထောင်တတ်လာတာပါပဲ။ အဲဒီလို အနိမ့်အမြင့် ဘလော့တုံးတွေကြားမှာ အနီ၊ အပြာ၊ အစိမ်း လေဆာတန်းလေးတွေ လှည့်လည်ဝေဝိုက်နေတာကိုပါ တစ်ခါတည်းတွေ့မြင်ရမှာပါ။ အဲဒီအချိန်မှာ ကိုယ်က ဘာဂိမ်းခွေမှာမထည့်ထားဘူးဆိုရင် အပြာရောင်အကြည်လုံးလေးတွေ စက်ဝိုင်းပုံစံလည်ပတ်နေတဲ့ setup နဲ့အတူ Browser နဲ့ System Configuration ဆိုပြီး ရွေးချယ်မှုနှစ်ခုပေးထားတာကို မြင်ရပါလိမ့်မယ်။ ဒါပေမယ့် PS2 ဂိမ်းခွေလည်းထည့်ထားတယ်၊ အဲဒီဂိမ်းခွေကလည်းအလုပ်လုပ်တယ်ဆိုရင်တော့ အမည်းရောင်နောက်ခံမှာ Playstation 2 ဆိုတဲ့ အဖြူရောင်စာတန်းကြီး ဘွားကနဲတတ်လာပါလိမ့်မယ်။ အဲဒီလိုစာတန်းပေါ်လာခဲ့တဲ့အချိန်တိုင်းဟာ ကျွန်တော်တို့လို Playstation 2 ကို သဲကြီးမဲကြီး ဆော့ကစားခဲ့သူတွေအတွက် ကျွမ်းထိုးမတတ်ပျော်ရွှင်ခဲ့ရတဲ့အခိုက်အတန့်တွေပါ။ Save မှတ်တဲ့နေရာကိုမရောက်ခင် တစ်နေရာရာမှာ ထစ်ပြီးဆက်မသွားတော့တာတွေ၊ loading မှာတုံ့ဆိုင်းနေတာတွေ၊ စက်ချို့ယွင်းသွားတာမျိုးတွေ၊၊ ပြီးတော့ ဘော့စ်တွေနဲ့ရင်ဆိုင်ရတော့မယ့်အချိန်မှာ လျှပ်စစ်မီးပျက်တောက်သွားတာမျိုးတွေ၊ အဲဒီလိုအချိန်တွေမှာဆိုရင် လက်ရှိဆော့နေတဲ့ဂိမ်းစက်နဲ့ ဂိမ်းခလုတ်ကိုရိုက်ခွဲချင်စိတ်ဖြစ်မိတာ ဂိမ်မာတိုင်းလိုလိုကြုံဖူးမှာပါ။

ဒါပေမယ့် အဲဒီလို အနိမ့်အမြင့်ဖြစ်နေတဲ့ အကြည်ရောင်ဘလော့တုံးတွေ  Microsoft Window startup လိုမျိုး အနီ၊ အပြာ၊ အစိမ်း လေဆာတန်းလေးတွေ လှည့်လည်ဝေဝိုက်နေတဲ့ ကနဦးဖန်သားပြင်မှာ Sony ကဖွင့်ဆိုထားတဲ့အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော်အပါအဝင်များစွာသော ဂိမ်မာမာျးက ဒီလျှို့ဝှက်ချက်ကို သတိထားမိကြမယ်မထင်ပါဘူး။ အဲဒါကိုကျွန်တော်ဒီမှာ အားလုံးကိုပြန်လည်မျှဝေပေးသွားမှာပါ။ အဲဒီကဘာလဲဆိုတော့ အဲဒီလိုမိုးမျှော်တိုက်တွေလိုမျိုး ထိုးထောင်ထွက်လာနေတဲ့ ဘလော့တုံးတွေရဲ့ပမာဏဟာ ကျွန်တော်တို့ဆော့ထားတဲ့ဂိမ်းတွေရဲ့သက်တမ်းအပေါ်မှာ မူတည်နေပြီး အဲဒီဖန်သားပြင်ပေါ်က ဘလော့တုံးတွေရဲ့ပြသချိန်ကြာမြင့်မှုဟာ ကျွန်တော်တို့မှတ်သားထားတဲ့ဂိမ်းဖိုင်တွေကို ကိုယ်စားပြုနေတယ်ဆိုတာပါပဲ။ Memory Card ကိုတစ်ခါတည်းထိုးစိုက်ပြီး PS2 ဂိမ်းစက်ပါဝါကိုဖွင့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဆော့ထားသမျှဂိမ်းတွေအပေါ်မှာမူတည်ပြီး အဲဒီဘလော့တုံးတွေဟာ ဖန်သားပြင်ပေါ်ကိုတိုးတက်လာမှာပါ။ ဒါတင်မသေးပါဘူး၊ အဲဒီဘလော့တုံးတွေရဲ့အနိမ့်အမြင့်ကွာဟချက်ဟာ ကျွန်တော်တို့ဆော့ခဲ့တဲ့ဂိမ်းတွေ ဘယ်လောက်အတိုင်းအတာထိရောက်နေပြီဆိုတာကိုပါ ဖော်ပြနေတာပါ။ ပြောရမယ်ဆိုရင် ဘလော့တုံးတွေ့ရှည်လျားမြင့်မားလေလေ၊ ကိုယ်ဆော့ထားတဲ့ဂိမ်းတွေကခရီးအတော်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုဘလော့တုံးတွေတက်လာနေတဲ့အချိန်မှာ Memeory Card ကိုရုတ်တရတ်ဖြုတ်လိုက်မယ်ဆိုရင်တော့ အထက်စာပိုဒ်မှာဖော်ပြခဲ့တဲ့အတိုင်း အားလုံးဟိုးအစက setup ကိုပြန်ရောက်သွားမှာပါ။ တကယ်လို့ PS2 ရှိလို့စမ်းသပ်ကြည့်ချင်သူများကလည်း စမ်းသပ်ကြည့်နိုင်သလို အဲဒီစမ်းသပ်ချက်ဟာ PS2 မှာတင်မက PS1 Memory Card များမှာလည်း အကျုံးဝင်တယ်ဆိုတဲ့အကြောင်းကို ဒီကနေတဆင့် အားလုံးသိသွားရအောင် မျှဝေလိုက်ပါရစေ။

Yan
Ref: standard.uk

No comments:

Post a Comment