Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, November 24, 2017

Resident Evil 8 ဟာ Resident Evil 7 နဲ့ဆက်နွယ်နေသလားဆိုတာကို ဒီ DLC သစ်နှစ်ခုမှာသိရမယ်



Resident 7 ဂိမ်းဟာ ကစားသူတွေအတွက်ဘယ်လောက်တောင်မှ သွေးပျက်ဖို့ကောင်းပြီး သူမတူတဲ့ထိတ်လန့်ဖွယ် အတွေ့အကြုံတွေကိုပေးခဲ့တယ်ဆိုတာ အားလုံးအသိပါ။ အဲဒီလိုခြောက်ခြားဖို့ကောင်းလွန်းတဲ့အခိုက်အတန့်တွေကို ပိုပြီးတိုးမြှင့်လိုက်တဲ့အနေနဲ့ RE7 ကို VR ဗားရှင်းနဲ့ပါထွက်ခဲ့လို့ horror ဂိမ်းတွေကိုကြိုက်ပေ့၊ နှစ်သက်ပေ့ဆိုတဲ့ဂိမ်မာတွေတောင် ဆော့ဖို့လက်တွန့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုနေရာမှာပဲ Resident Evil စီးရီးဟာ မရပ်တန့်သွားပါဘူး။ Review ကောင်းတွေ၊ လူကြိုက်နှစ်သက်မှုတွေနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရခဲ့တဲ့ Resident Evil 7 ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ Gold Edition ဆိုတဲ့ Edition အသစ်ကို ဂိမ်မာတွေအတွက် ထပ်မံထုတ်ပေးတော့မှာပါ။ RE7 ကိုအောင်မြင်ပြီးမြောက်အောင် ဆော့ပြီးသွားတဲ့အပြင် ထပ်ဆောာင်း DLC တွေဖြစ်တဲ့ The Banned Footage နှစ်ခုလုံးကို ဆော့ပြီးသူမာျးအတွက်တော့ ဒါဟာ အထူးသတင်းကောင်းပါပဲ။ အဲဒီဒီဇင်ဘာလ ၁၂ ရက်နေ့မှာထုတ်ပေးမယ့် Gold Edition မှာ တိုးမြှင့်ထားတဲ့ရုပ်ထွက် graphic တွေ၊ အကြောင်းအရာအသစ်တွေနဲ့ လက်နက်အသစ်တွေပါမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ CAPCOM က တရားဝင်ထုတ်ပေးမယ့် Resident Evil 7: Gold Edition မှာ ဘယ်လိုမျိုးအကြောင်းအရာသစ်တွေပါမလဲ? မူရင်းဇာတ်လမ်းကရော ဘယ်လိုမျိုးအလှည့်အပြောင်းတွေဖြစ်မလဲဆိုတာကို ဂိမ်မာများအားလုံးသိရဖို့ ဒီကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။















RE 7: Gold Edition နဲ့အတူထွက်ရှိလာမယ့် DLC သစ်တွေကိုအခမဲ့ရယူနိုင်မယ်

CAPCOM ရဲ့ကြေညာချက်တွေအပြီးမှာ အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Resident Evil DLC သစ်တွေဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ ဂိမ်မာအားလုံးလက်ထဲကို Gold Edition သစ်နဲ့အတူ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတော့မှာပါ။ အဲဒီ DLC နှစ်ခုကတော့ Not A Hero DLC နဲ့ End Of Zoe DLC တို့ပဲဖြစ်ကြပြီး အသူတို့အသီးသီးရဲ့ဇာတ်ကြောင်းတွေဟာ နဂိုမူလဇာတ်လမ်းနဲ့ ချိတ်ဆက်မှုတစ်နည်းရှိနေတယ်လို့ဆိုပါတယ်။ အဲဒီဇာတ်ကြောင်းတွေနဲ့ပတ်သက်ပြီး CAPCOM ဟာ မကြာသေးခင်ကမှ teaser ထွေလာကို စောင့်မျှော်နေကြတဲ့ပရိသတ်တွေဆီ ထုတ်ဖော်ပြသခဲ့ပါတယ်။


Not A Hero DLC ရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ BSAA အေးဂျင့် Chris Redfield


Resident Evil 5 မှာ Sheva နဲ့အတူ တောင်အာဖရိကက T-Virus ကပ်ပါးကောင်တွေအမြစ်ဖြတ်နှိမ်နင်းခဲ့တဲ့ Chris ကိုအားလုံးမှတ်မိကြမယ်ထင်ပါတယ်။ Resident Evil 4 ထဲမှာ Leon S.Kennedy ပြီးရင် Resident Evil 5 ထဲက Chris Redfield ဟာ RE စီးရီးရဲ့မင်းသားတွေလိ့ု သတ်မှတ်ရမှာပါ။ RE7 ဖြစ်စဉ်တစ်ခုလုံးအပြီးမှာ BSAA အထူးအေးဂျင့်ဖြစ်သူ Chris Redfield ဟာ Umbrella ရဟတ်ယာဉ်ပေါ်ကကျလာတာကို အားလုံးတွေ့မြင်ပြီးသားဖြစ်ပါလိမ့်မယ်။ အဲဒါဘာကိုဆိုလိုသလဲဆိုတော့ BSAA အထူးတပ်ဖွဲ့အနေနဲ့ Umbrella အဖွဲ့အစည်းနဲ့ပူးပေါင်းပြီး Aveline ရဲ့ပူးကပ်မှုကိုပထဦးဆုံးခံခဲ့ရတဲ့ Lucas Baker ရဲ့သတင်းအစအနကိုရှာဖွေဖို့အရာအားလုံးကို ပြန်စတင်မယ်လို့ဆိုလိုတာပါဖြစ်ပါတယ်။ အသက်အန္တရာယ်ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေပေါင်းများစွာကို ကျော်ဖြတ်ခဲ့တဲ့ Chris တစ်ယောက်အနေနဲ့ RE7 ရဲ့ဇီဝပြောင်းသတ္တဝါတွေနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ ဒီဇင်ဘာလ ၁၂ ရက်ကျရင် အားလုံးသိရတော့မှာပါ။














End Of Zoe DLC မှာ လူထူးဆန်း Joe နဲ့  Zoey တို့ရဲ့ကံကြမ္မာတိုက်ဆိုင်မှု


တစ်ခုတည်းသောရှိတဲ့ဗိုင်းရပ်စ်ဖြေဆေးကို သူ့ရဲ့ဇနီးဖြစ်သူ Mia ကိုထိုးပေးလိုက်တဲ့နောက်မှာ Ethan တို့လင်မယားနှစ်ယောက်ထွက်သွားဖို့ Zoey ဟာ ကြိမ်းမောင်းနှင်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို Ethan တို့ထွက်သွားအပြီးမှာ Zoey ဘာဖြစ်သွားသလဲဆိုတာတော့ ဘယ်လိုမှမသိခဲ့ပါဘူး။ Ethan တို့ထွက်သွားပြီး အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ခံစားနေရတဲ့ဗိုင်းရပ်စ်ကူးစက်မှုကြောင့် မလှုပ်မယှက်တောင့်ခဲနေတဲ့ ဖယောင်းရုပ်တစ်ခုအသွင်ပြောင်းသွားပြီး နွံအိုင်တွေအလယ်ကိုနှစ်မြှုပ်သွားခဲ့တာပါ။ ဒါပေမယ့် အဲဒီလိုအချိန်အနေဖြစ်နေတဲ့ Zoey ကို Joe လို့အမည်ရတဲ့ လူထူးဆန်းတစ်ယောက်က ဆယ်ယူပြီး သူ့ရဲ့လက်ပေါ်မှာပွေ့ချီထားတဲ့ပုံကို အားလုံးကိုဖော်ပြခဲ့ပါတယ်။ ပြီးတော့ အဲဒီလိုနွံအိုင်တွေကြားထဲမှာရှင်သန်နေတဲ့လူထူးဆန်း Joe ဟာ Zoey နဲ့သွေးသားချင်းတော်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ ဇာတ်လမ်းတွေကတဖြည်းဖြည်းစိတ်ဝင်စားစရာကောင်းလာတာမို့ စောင့်ကြည့်ဖို့ကတော့ ဂိမ်ာမာတွေတာဝန်ပါပဲ။















DLC နှစ်ခုနဲ့ပတ်သက်ပြီး အနှစ်ချူပ်

ပြောရမယ်ဆိုရင် BSAA က Chris Redfield က စီးရီးထဲကိုပြန်ရောက်လာတယ်။ ပြီးတော့ သန္ဓေပြောင်းသတ္တဝါတွေနဲ့ရင်ဆိုင်ပြီး စတင်ကူးစက်ခံခဲ့ရတဲ့ Lucas Baker ရဲ့အစအနကို ရှာမယ်။ အခြားတစ်ဖက်မှာလည်း သေဆုံးပျောက်ဆုံးသွားပြီလို့ယူဆထားတဲ့ Zoey ကိုရွံ့နွံ့ထဲကလူထူးဆန်း Joe ကပြန်ပြီး ကယ်တင်ထားပြီး သွေးသားချင်းတော်စပ်နေတယ်လို့ သိရတယ်။ ဒီတော့ အဲဒီဇာတ်ကြောင်းတွေရဲ့နောက်ဇာတ်လမ်းအပိုင်းတွေက Resident Evil 8 အထိကူးသွားမလား? ဒါမှမဟုတ် တစ်နည်းနည်း ပတ်သက်ဆက်နွယ်နေမလားဆိုတာကတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှပဲ ကျွန်တော်တို့အားလုံး အဖြေရှာကြည့်ကြတာပေါ့ဗျာ။


Yan
Ref: gamespot, ign

No comments:

Post a Comment