Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, August 9, 2017

ဂန္တဝင် Assassin ၄၃ ယောက်ကိုတွေ့မြင်ရမယ့် Assassin Creed: Rebellion မိုဘိုင်းဂိမ်း


နာမည်ကျော်ကြီးဂိမ်းပေါင်းများစွာကို ဖန်တီးခဲ့တဲ့ ပြင်သစ်အခြေစိုက် Ubisoft ဂိမ်းကုမ္မဏီဟာ ဂိမ်းဈေးကွက်မှာလူအများရဲ့အာရုံစိုက်ခြင်းနဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ ဂိမ်းကုမ္မဏီတစ်ခုဖြစ်ပါတယ်။ Ubisoft ရဲ့ အထင်ကရနာမည်ကျော်ဂိမ်းတစ်ခုဖြစ်တဲ့ Assassin Creed ဂိမ်းဇာတ်လမ်းတွဲဟာ အခုဆိုရင်ရုပ်ရှင်တောင်မှထွက်ရှိခဲ့ပြီဖြစ်ပြီး AC ဂိမ်းရဲ့အခွေသစ် Origins ဟာလည်း ယခုနှစ်အောက်တိုဘာလမှာထွက်ရှိလာတော့မှာပါ။ ပလက်ဖောင်းအမျိုးမျိုးမှာဆော့ကစားနိုင်တဲ့ AC ဂိမ်းတွေဟာ အခုဆိုရင်မိုဘိုင်းဘက်ကို နောက်တစ်ကြော့ခြေဆန့်လို့လာပါပြီ။ Bloodlines တို့ Pirates တို့လို မိုဘိုင်းပလက်ဖောင်းမှာဆော့ကစားနိုင်တဲ့ AC ဂိမ်းတွေရှိခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ Ubisoft အနေနဲ့ ကစားသူပရိသတ်တွေကို ဂိမ်းအရသာသစ်ပေးစွမ်းပြီး မိုဘိုင်းဈေးကွက်ဖက်ကို ထပ်မံချဲ့ထွင်ချင်တဲ့ပုံပါပဲ။ AC ဂိမ်းအများစုဟာ RPG ဂိမ်းပုံစံတွေဖြစ်ပေမယ့် အခု Rebellion မှာတော့ RPG နဲ့ Strategy ရောယှက်ထားပြီး ၁၅ ရာစုအတွင်းဖြစ်ပွားခဲ့တဲ့ စပိန်နိုင်ငံဘာသာရေးစစ်ကြီးအတွင်းမှာ ဇာတ်အိမ်တည်ထားပါတယ်။ Ezio, Aguilar, Shao Jun, Claudia တို့အခြားသောဂန္တဝင် assassin ပေါင်း ၄၃ ယောက်နဲ့အတူ brotherhood ကြီးကို တည်ဆောက်ပြီး Templar တွေကို အမြစ်ဖြတ်ချေမှုန်းရမှာပါ။


AC ဇာတ်တစ်ဇာတ်ချင်းစီရဲ့အထင်ကရ assassin တွေကို တစ်နေရာတည်းမှာ တစ်စုတစည်းတည်းတွေ့မြင်ရမယ့်အပြင် Rebellion ဂိမ်းမှာပဲ သီးသန့်တွေ့မြင်နိုင်မယ့်ဇာတ်ကောင်ပေါင်း ၂၀ ကိုပါ ထည့်သွင်းပေးထားပါတယ်။ ကိုယ့်ရဲ့ brotherhood ဌာနချူပ်မှာ အရင်ဆုံးလေ့ကျင့်ရမှာဖြစ်ပြီး ဂိမ်းနဲ့အသားကျသွားတာနဲ့အမျှ ပစ္စည်းအသစ်တွေနဲ့ အသုံးအဆောင်တွေကို ပြုလုပ်နိုင်မှာပါ။ ကိုယ့်အဆင့်တက်သွားတာနဲ့ ထပ်မံသွားလာနိုင်မယ့်နေရာအသစ်တွေ ပွင့်လာမယ့်အပြင် ကိုယ့်ရဲ့လက်ပါးစေ assassin သုံးယောက်ကို တာဝန်ခွဲပေးပြီး မတူကွဲပြားတဲ့မစ်ရှင်တွေကို လုပ်ဆောင်ခိုင်းနိုင်ပါတယ်။ တချို့မစ်ရှင်တွေကို အရည်အသွေးကွဲပြားတဲ့ assassin တွေနဲ့ပူးပေါင်းပြီးလုပ်ဆောင်ရမှာဖြစ်သလို မစ်ရှစ်တွေရဲ့အောင်မြင်နှုန်းဟာ assassin တွေရဲ့လုပ်ရပ်တွေအပေါ်မူတည်ပြီး ကွဲပြားသွားမှာပါ။


 ယေဘုယျအနေနဲ့ ပုံမှန်မစ်ရှင်တွေမှာ ကိုယ့်ဇာတ်ကောင်ကိုအဆင့်မြှင့်တင်နိုင်မယ့် အသုံးအဆောင်ပစ္စည်းတွေရရှိမှာဖြစ်ပြီး ဓါးပြတိုက်တဲ့မစ်ရှင်တွေမှာတော့ လက်နက်အသုံးအဆောင်တွေပြုလုပ်နိုင်မယ့် ကုန်ကြမ်းပစ္စည်းတွေရရှိမှာပါ။ တခြားသော assassin တွေကိုရယူဖို့အတွက်ဆိုရင်တော့ သူတို့ရဲ့ DNA အပိုင်းအစတွေကို လိုက်လံရှာဖွေတာတွေ ဒါမှမဟုတ် legacy မစ်ရှင်တွေကိုဆောင်ရွက်တာတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခုလာမယ့် Assassin Creed: Rebellion မိုဘိုင်းဂိမ်းမှာဆိုရင် သမိုင်းကြောင်းဘက်ဖြစ်ရပ်တွေကို ပိုမိုဦးတည်သွားမှာဖြစ်ပြီး အစွမ်းထက် assassin တွေကိုစုဆောင်းတာတွေ၊ brotherhood ဌာနချူပ်ကိုပိုမိုအားတောင့်လာစေမယ့် ပြင်ဆင်ချက်တွေ၊ သူရဲကောင်းစွမ်းရည်နဲ့ အရည်အသွေးတွေကိုအဆင့်မြှင့်တာတွေပါဝင်ပါတယ်။ အဲဒီတော့ ကိုယ်သွားရမယ့်နေရာတွေ၊ လုပ်ဆောင်ရမယ့်မစ်ရှင်တွေမှာ တွေ့သမျှ templar ရန်သူအားလုံးကိုနှိမ်နင်းသွားမလား၊ တိတ်ဆိတ်အေးဆေးစွာပဲ ဖြတ်ကျော်မလားဆိုတာကတော့ ဂိမ်မာတွေအပေါ်မှာမူတည်ပါတယ်။


Yan
Ref: Ubisoft, Wikia

No comments:

Post a Comment