Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, January 3, 2018

Batman နဲ့ Joker အပါအဝင် နာမည်ကြီးဇာတ်ကောင်တွေကို ဂျပန်ဗားရှင်းနဲ့တွေ့မြင်ရမယ့် Batman Ninja

DC ဟာ animated ရုပ်ရှင်ကဏ္ဍမှာ ခေတ်ပြိုင်ဖြစ်တဲ့ Marvel ထက်ပိုအားသာပါတယ်လို့ပြောရင် အားလုံးလက်ခံရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း DC animated ရုပ်ရှင်တွေကို ထွက်ရှိကတည်းက တောက်လျှောက် မလွှတ်တမ်းအားပေးခဲ့တာ Batman Under The Red Hood ကနေ အခုဆိုရင် နောက်ဆုံးထွက်ခဲ့တဲ့ Batman Killing Joke အထိ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို ကြည့်ခဲ့တာပါ။ Marvel နဲ့ DC ကွဲပြားတဲ့အချက်က DC ဟာ animated ရုပ်ရှင်တွေမှာ လေးနက်မှုကိုထည့်သွင်းထားပါတယ်၊ အဓိပ္ပါယ်ပြည့်ဝတဲ့ဇာတ်ကြောင်းနဲ့အတူ ဇာတ်ကောင်တိုင်းကို DC ဇာတ်ကောင်ဆိုတာမျိုးဖြစ်အောင် အကြောင်းအချက်အလက်အပြည့်အစုံနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ DC ကထွက်တဲ့ animated movie တိုင်းကို ပုံမှန်ကလေးကြိုက်ကာတွန်းကားမျိုးလို့မှတ်ယူလို့မရပါဘူး။ Under The Red Hood ရဲ့နောက်ဆုံးအခန်း Batman, Joker နဲ့ Jason Todd တို့သုံးယောက်လွန်ဆွဲမှုမှာဆိုရင် Jason ရဲ့နာကျည်းချက်အပြည့်နဲ့ စိတ်ခံစားချက်တွေ၊ ဝေခွဲရခက်နေတဲ့ Bruce နဲ့ လက်ရှိဖြစ်ရပ်အတွက်အဖြေကိုကြိုသိနေတဲ့ Joker တို့ရဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဇာတ်ကွက်ဟာ ရေးဆွဲဖန်တီးထားတဲ့ကာတွန်းဖြစ်ပစေဦးတော့ ပရိသတ်တွေရဲ့ရင်ထဲကိုထိထိမိမိကြီး ဖမ်းစားနိုင်ခဲ့တာပါ။ Son Of Batman မှာဆိုရင်လည်း ငယ်ရွယ်ပြီးထက်မြက်လွန်းတဲ့သားဖြစ်သူ Damian Wayne ကို အဖေဖြစ်သူ Bruce တစ်ယောက်အနေနဲ့ ခက်ခက်ခဲခဲ ထိန်းကျောင်းသွန်သင်ရပုံ၊ အခက်တွေ့ရပုံ၊ သားအဖနှစ်ယောက်ကြားပဋိကပ္ခဖြစ်ရပုံတို့ကို ဘက်စုံအောင်ထည့်သွင်းပြီ သပ်သပ်ရပ်ရပ်လေးဖန်တီးထားတာကို တွေ့ရဦးမှာပါ။ 

DC ဇာတ်ကားကြီးတွေထက်စာရင် DC animated ရုပ်ရှင်တွေအပေါ်မှာ ပိုပြီးအားစိုက်ကြည့်ကြသူများအဖို့ အခုမကြာတော့တဲ့အချိန်အတွင်းမှာ Batman Ninja ဆိုတဲ့ DC animated ရုပ်ရှင် လာတော့မယ်ဆိုတာ အားလုံးကိုပြောပြလိုက်ချင်ပါတယ်။ Warner Bros ကဦးဆောင်ထုတ်လုပ်တဲ့ဒီ animated ဇာတ်ကားကို Afro Samurai ရေးဆွဲသူဖြစ်တဲ့ Takashi Okazaki ကပင်တိုင်ဖန်တီးသွားမှာဖြစ်ပြီး ထွက်ရှိတော့မယ့်အကြောင်းကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ တရားဝင်ထွေလာနဲ့တကွ အတိအလင်းကြေညာခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဂျပန်စတိုင်အဖြစ် အရာအားလုံးကိုပြောင်းလဲဖန်တီးထားတဲ့ Batman ninja ဆိုတဲ့ဇာတ်ကားဟာ ဘယ်လိုမျိုးဇာတ်ကြောင်းနဲ့လာမလဲ? ဘယ်လိုမျိုးဇာတ်ကောင်တွေပါမလဲ? ပြောင်းလဲမှုတွေရော ဘယ်လိုရှိမလဲဆိုတာကို တစ်ချက်ကြည့်လိုက်ကြစို့၊

ဟိုးအရင်မြေရှင်ပဒေသရာဇ်ခေတ်ဂျပန်တေ်ကို ပြန်ရောက်သွားတဲ့ Bruce Wayne



ဘယ်လိုအကြောင်းမှန်းတော့မသိပေမယ့် ထွေလာအရဆိုရင်တော့ ဟိုးအရင်မြေရှင်ပဒေသရာဇ်ခေတ်ဂျပန်ပြည်ကို ရုတ်တရတ်ပြန်ရောက်သွားတဲ့ Batman ကို အားလုံးကတွေ့မြင်ရမှာပါ။ ဇာတ်လမ်းဘယ်ကနေအစပျိုးလာမလဲဆိုတာ ဘာမှမပြောထားပေမယ့် Gotham မြို့ကရန်သူတွေများဖြစ်တဲ့ Joker, Harley Quinn, Penguin, Poions Iny အစရှိတဲ့ဗီလိန်ဇာတ်ကောင်တွေအပြင် Batman ရဲ့ဘက်တော်သားတွေဖြစ်ကြတဲ့ Nightwing, Red Hood, Red Robin, Alfred Pennyworth နဲ့ Catwoman တို့ကိုပါ ဂျပန်ပုံစံနဲ့တွေ့မြင်ရဦးမှာဖြစ်ပါတယ်။

တရားမျှတမှုကိုလိုလားတဲ့ Batman နဲ့အတူ ပြောင်းလဲသွားတဲ့ချပ်ဝတ်တန်ဆာ

Warner Bros ကထုတ်လုပ်တာဖြစ်ပေမယ့် ဖန်တီးမှုအဆင့်ဆင့်အားလုံးကို ဂျပန်ဖန်တီးသူများက ကိုယ်တိုင်ကိုယ်ကျရေးဆွဲထားတာဖြစ်တဲ့အတွက် တွေ့မြင်ရသမျှ အရာအားလုံးမှာ ဂျပန်အငွေအသက်တွေလွှမ်းခြုံနေတာကို ခံစားရနေမှာပဲ။ အရင် Gotham မြို့ထဲမှာ ဒုစရိုက်မှုတွေကိုလိုက်နှိမ်နင်းသလို၊ မိုးပေါ်ကိုကြိုးလွှဲပျံတာမျိုး၊ လက်နက်ပုံးမျိုးစုံသုံးပြီး အမှောင်တရားကိုအဖော်ပြုတိုက်ခိုက်တာမျိုးမလုပ်တော့ဘဲ ဆာမူရိုင်းဆန်ဆန်ချပ်ဝတ်တန်ဆာတွေနဲ့ ဓါးရှည်တစ်ချောင်းကိုသာလက်မှာစွဲကိုင်ပြီး စစ်သူရဲကောင်းတစ်ယောက်လိုရဲရဲဝံ့ဝံ့ အားလုံးကိုရင်ဆိုင်တိုက်ခိုက်မယ့်အနေအထားရှိနေပါတယ်။















Batman ရဲ့အဓိကပွိုငျဖကျဗီလိနျကွီးဖွဈတဲ့ Joker တို့ရဲ့ နောကျဆုံးတိုကျပှဲ

ထွလာကိုကြည့်ပြီးရင်တော့ DC fan များရော ဂျပန် anime ပရိသတ်များပါရင် ရင်ခုန်ကြရလိမ့်မယ်လို့ထင်ပါတယ်။ DC ဇာတ်ကောင်တွေရဲ့ ဂျပန်တိုက်ခိုက်မှုပုံစံ ရောယှက်ထားတဲ့ အံ့မခန်းအက်ရှင်ဇာတ်ဝန်းတွေ၊ မြင်းစီးပြီးတော့ အင်တိုက်အားတိုက် တိုက်စစ်ဆင်တာတွေ၊ နောက်ဆုံးအခန်းမှာ စက်ရုပ်လက်ကြီး dojo ခေါင်မိုးထဲကပေါက်ထွက်လာမျိုးတွေ အစရှိသဖြင့် အားလုံးကိုရင်သပ်ရှုမောဖွယ်တွေ့မြင်ရမှာပါ။ ဒါတင်မကသေးပါဘူး၊ ဇာတ်အသွားအလာအရ နောက်ဆုံးအခန်းမှာ Batman နဲ့ Joker တို့နှစ်ယောက် သူသေကိုယ်သေတိုက်ပွဲဝင်ကြမှာပါ။ ထွေလာအဆုံးမှာ နှစ်ယောက်သား ဒဏ်ရာအလိမ်းလိမ်းနဲ့ ထိခဲ့တဲ့ဓါးချက်တွေအလိုက် ချပ်ဝတ်တွေကွာကျပြီး လေးနက်တဲ့ဒိုင်ယာလော့တွေကို တစ်ယောက်တစ်ခွန်းပြောနေရင်း ဆာမူရိုင်းတွေရဲ့ဓလေ့ဖြစ်တဲ့ နောက်ဆုံးဇီဝိန်ချွန်မဲ့ဓါးချက်ကို နှစ်ယောက်သားပြေးခုတ်လိုက်တဲ့အချိန်မှာ ထွေလာကအဆုံးသတ်သွားပါတယ်။ ဘယ်လိုဇာတ်ကြောင်းမျိုး၊ ရုပ်ရှင်ဇာတ်ကားမျိုးမှာပဲဖြစ်ဖြစ် Batman ရဲ့ရန်သူတော်ဖြစ်သူ Joker ဟာ အသက်မသေဆုံးခဲ့ပါဘူး။ ဒီတော့ အခုလာမယ့် DC animated ဇာတ်ကားဟာ အားလုံးနဲ့ကွဲထွက်တဲ့ ဂျပန်ပုံစံတွေရောယှက်ထားပြီး ထူးခြားတဲ့ဇာတ်ကြောင်းနဲ့ ဖန်တီးထားတာဖြစ်လို့ ဘယ်လိုမျိုးတွေဖြစ်လာဦးမလဲဆိုတာကတော့ ၂၁၀၈ အတွင်းတကယ်တမ်းထွက်လာတဲ့အခါမှပဲ ကျွန်တော်တို့စောင့်ကြည့်ရပါလိမ့်မယ်။














Yan
Ref: wikia, denofgeek

No comments:

Post a Comment