Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, February 27, 2019

သူမတူတဲ့ခြောက်ခြားဖွယ်ဂိမ်းအတွေ့အကြုံကို ရုပ်ရှင်ဇာတ်ကားထဲကအတိုင်း ပေးစွမ်းသွားမယ့် World War: Z ဇွန်ဘီဂိမ်း



Brad Pitt ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့နာမည်ကျော် ဇွန်ဘီဇာတ်ကား World War Z ကို အားလုံးမှတ်မိကြမယ် ထင်ပါတယ်။ ရစရာမရှိအောင် မျှော်လင့်ချက်နေတဲ့ ဖုတ်ကောင်တွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ ထွက်ပေါက်ဆိုတဲ့ အလင်းရောင်ရေးရေးကြောင့် ရှိသမျှကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အသက်ကိုရင်းပြီး တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေတဲ့ ဇွန်ဘီဗိုင်းရပ်စ်ကိုရပ်တန့်စေနိုင်တဲ့ ဖြေဆေးကို နောက်ဆုံးမှာ ရှာဖွေတွေ့ရှိသွားတဲ့ အံ့မခန်းထိတ်လန့်စရာအက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဖုတ်ကောင်ဇွန်ဘီတွေအကြောင်းဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဆိုရင် ပရိသတ်တော်တော်များများက ရင်တဖိုဖိုအသည်းတယားယားနဲ့ ထိပ်ဆုံးကကိုကြည့်ရှုအားပေးတတ်ကြပါတယ်။ အဲဒါဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ ဂိမ်းလောကမှာလည်း ထိုနည်းတူစွာပါပဲ။ တိုက်ခိုက်ဖို့လက်နက်ကိရိယာအစုံအလင်နဲ့ ကိုယ့်ရဲ့တပ်ဖွဲ့နဲ့အတူ ဖုတ်ကောင်တွေသိန်းသောင်းမကများပြားလွန်းတဲ့ ဂိမ်းလောကမျိုးမှာ အပြိုင်အဆိုင်အသက်လုရင်း ဇွန်ဘီတွေကို နှိမ်နင်းရတဲ့ ခံစားချက်မျိုးကို ဂိမ်မာတွေသိပ်ကြိုက်ကြပါတယ်။ အဲဒါကြောင့်ပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နာမည်ကျော်ကြားတဲ့ဂိမ်းစီးရီးတွေဖြစ်တဲ့ Resident Evil, Left 4 Dead, Walking Dead အစရှိတဲ့ဇွန်ဘီခြေမှုန်းတဲ့ဇာတ်အိမ်ကို အသားပေးတဲ့ဂိမ်းတွေ ထွက်ရှိလာကြတာပါ။ ဖုတ်ကောင်တွေနဲ့ရောယှက်နေတဲ့ဂိမ်းပုံစံဟာ ဂိမ်းပရိသတ်တွေကြားမှာ မရှိမဖြစ်လိုအပ်တဲ့ ရသတစ်မျိုးသဖွယ် ဖြစ်နေခဲ့ပါပြီ။ 



အဲဒီလိုဇာတ်ကြောင်းဇာတ်အိမ်မျိုးနဲ့ ဂိမ်းကစားပုံစံကို ကြိုက်ကြတဲ့ ဂိမ်းချစ်သူတွေအတွက် ဒီဆောင်းပါးလေးက သတင်းကောင်းတစ်ပုဒ်ဖြစ်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နာမည်ကျော်လူကြိုက်များတဲ့ World War Z ရုပ်ရှင်ကို ပြန်လည်ပြီးအသက်သွင်းထားတဲ့ စိတ်လှုပ်ရှားစရာဇွန်ဘီဂိမ်းသစ်ကို Saber Interactive ဂိမ်းကုမ္ပဏီက ဖန်တီးရေးဆွဲပြီး Focus Home Entertainment က ဂိမ်မာများအားလုံး ဆော့ကစားနိုင်ဖို့ ဂိမ်းပလက်ဖောင်းအစုံမှာ ထုတ်ပေးသွားမှာဖြစ်လို့ပါပဲ။ World War Z ရုပ်ရှင်အနေနဲ့ အဆမတန်များပြားတဲ့ ဗိုင်းရပ်စ်ပိုးကူးဇွန်ဘီတွေကို နဂိုပုံစံတွေထဲကကွဲထွက်ပြီး အသွင်တစ်မျိုးနဲ့ ရင်ထိတ်သည်းဖိုဖြစ်အောင် တင်ဆက်ခဲ့တာ အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။ အဲဒီလို အရသာတစ်မူထူးကဲတဲ့ဇွန်ဘီလောကပုံစံကို အခုထွက်ရှိမယ့် World War Z: The Game မှာ အားလုံးက နဂိုမူရင်းခံစားမှုမပျက်ဘဲ ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခံစားရမှာပါ။ ကိုယ့်အဖွဲ့နဲ့အတူ သေမတူရှင်မကွာ တိုက်ပွဲဝင်တဲ့နေရာကနေ ဆော့ကစားရမှာမို့ ရုပ်ရှင်ကြည့်တာထက်တောင် ဆပိုတိုးပြီး ရင်ခုန်စရာကောင်းမှာ အသေအချာပါပဲ။ 


စောင့်မျှော်နေကြသူတွေအတွက် အားတတ်စရာအချက်ကတော့ သိပ်မကြာတော့တဲ့ ဧပြီလ၊ ၂၀၁၉ ခုနှစ်မှာ ဒီဂိမ်းကို PC, Playstation နဲ့ X Box ပလက်ဖောင်းတွေမှာ အသီးသီးထုတ်ပေးသွားမယ်ဆိုတာပါပဲ။ ဂိမ်းရဲ့တည်ဆောက်ထားတဲ့ပုံစံနဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တွေကို အမြည်းတွေ့မြင်ခံစားချင်တယ်ဆိုရင်တော့ ဂိမ်းမီဒီယာကြီးတွေရဲ့ YouTube ချန်နယ်တွေမှာ အရိပ်အမြွတ်တင်ပေးထားတဲ့ ဗီဒီယိုတွေကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။ နောက်ထပ်ပြီး ရင်ခုန်သွားရအောင် ထပ်ဆောင်းပြောလိုတာက World War Z ဂိမ်းရဲ့ဇာတ်ကြောင်းအရ လူဦးရေထူထပ်တဲ့ ကမ္ဘာ့နာမည်ကျော်မြို့တွေဖြစ်ကြတဲ့ ဂျေရုစလင်မြို့၊ နယူးယောက်မြို့နဲ့ မော်စကိုမြို့တို့မှာ ဇွန်ဘီဖုတ်ကောင်တွေနဲ့ အကြိတ်အနယ်ရင်ဆိုင်ရမယ် ဆိုတာပါပဲ။ ဒီလောက်ဆိုရင်တော့ ဒီဂိမ်းဟာ ဘယ်လောက်အတိုင်းအတာအထိ ပေါက်မြောက်လိမ့်မလဲဆိုတာ ခန့်မှန်းလို့ရလောက်ပါပြီ။ နောက်ပြီး တစ်ယောက်တည်းဇာတ်လမ်းသွားအပြင် ကိုယ့်သူငယ်ချင်းဂိမ်းဆော့ဖော်ဆော့ဖက်တွေနဲ့အတူ အဖွဲ့လိုက်လည်း ဆော့လို့ရတဲ့ World War Z: The Game ကတော့ အခုနှစ် ၂၀၁၉ ခုနှစ်မှာ ဆောကြည့်ရမယ့် ဂိမ်းကောင်းတစ်ခုဖြစ်တဲ့အကြောင်းကိုပြောကြားရင်း အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးတင်လျက်ပါ၊ နောက်ထပ်ဂိမ်းဆောင်းပါးတွေမှာ သုတရသအဖြာဖြာကို ဝေမျှပေးမှာမို့ အချိန်မှန်တင်ဆက်ပေးသွားမယ့်ပို့စ်တွေကို စောင့်မျှော်နိုင်ပါတယ်။



 


Yan
Ref; trustedreview, wikia

PS4 Pro နဲ့ သာမန် PS4 ကြားမှာ ဘယ်လိုမျိုးကွဲပြားခြားနားတဲ့ ကွာဟချက်တွေ ရှိသလဲ?


ဂိမ်မာတွေအားလုံး စွဲစွဲမြဲမြဲဆော့ကစားလာခဲ့ကြတဲ့ Sony Computer Entertainment ရဲ့ Playstation ဂိမ်းရဲ့မျိုးဆက်ဟာ ကနဦး Ps1 စတင်ထွက်ရှိခဲ့တဲ့ ၁၉၉၉ ခုနှစ်ကနေ အခုဆိုရင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလကမှ နောက်ဆုံးထွက်ရှိထားတဲ့ Playstation 4 Pro အထိဆိုရင် အချိန်ကာလ နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိနည်းပညာခေတ်ကြီးထဲမှာ ဂိမ်းဝါသနာပါသူဂိမ်မာများအနေနဲ့ PC, Playstation, Xbox နဲ့ Nintendo အစရှိတဲ့ ကိုယ်ကြိုက်နှစ်သက်ရာဂိမ်းပလက်ဖောင်း အမျိုးမျိုးမှာ စိတ်တိုင်းကျ ဆော့ကစားနိုင်ပေမယ့် မျက်မှောက်ခေတ်ဂိမ်းစက်ဈေးကွက်မှာတော့ Sony ဟာ အမျိုးအစားစုံတဲ့ Playstation ဂိမ်းစက်တွေနဲ့ အားလုံးကိုကျော်တတ်ပြီး ထိပ်ဆုံးမှာ လက်မထောင်နိုင်ခဲ့တာ ဂိမ်းချစ်သူပရိသတ်တွေ မျက်မြင်ကိုယ်တွေ့ပါပဲ။ မျိုးဆက်သစ်ဂိမ်းစက်ထွက်ရှိတိုင်းပဲ သိန်းသန်းချီတဲ့ရောင်းအားပမာဏနဲ့ Playstation ဂိမ်းစက်တွေဟာ ၂၁ ရာစုရဲ့မရှိမဖြစ်ဂိမ်းစက်ဖြစ်သလို အထူးသီးသန့်ဂိမ်းတွေနဲ့ ဂိမ်းလောကနယ်ပယ်မှာ မင်းမူနေဆဲဖြစ်ပါတယ်။ ဂိမ်းချစ်သူတွေအားလုံးအတွက် ဒီဆောင်းပါးမှာဖော်ပြပေးသွားမှာကတော့ လက်ရှိအချိန်မှာ Sony ရဲ့နောက်ဆုံးဂိမ်းမျိုးဆက်ဖြစ်တဲ့ Playstation 4 ဂိမ်း console ရဲ့အားသာချက်၊ ထူးခြားချက်တွေနဲ့ ရိုးရိုးသာမန် Playstation 4 နဲ့ အသစ်ထပ်မံထွက်ရှိထားတဲ့ Playstation 4 Pro တို့အကြားက ကွဲပြားခြားနားချက်တွေကို ပြောပြပေးသွားမှာပါ။ အဆင်သင့်ဖြစ်ပြီဆို စလိုက်ကြစို့ဗျာ။


သာလွန်တဲ့ဂိမ်းတွင်းအတွေ့အကြုံနဲ့ ပိုမိုကောင်းမွန်တဲ့စွမ်းအင်စနစ်

ပထမဦးဆုံးပြောရမယ့်အချက်က ဂိမ်မာတွေအနေနဲ့ ဘယ်လောက်ထိသာလွန်ကောင်းမွန်တဲ့ ဂိမ်းအတွေ့အကြုံကို ခံစားနိုင်မလဲဆိုတာပါပဲ။ ဒီအတွက်တော့ စိတ်ပူစရာမလိုပါဘူး။ PS4 Pro မှာ သာမန် PS4 နဲ့ PS4 Silm တို့ရဲ့နိဂိုရှိရင်းစွဲ CPU ထက် စွမ်းအင် ၃၀ ရာခိုင်နှုန်း ပိုမိုတိုးမြှင့်ပေးထားပြီး ဂရပ်ဖစ်ရုပ်ထွက် GPU အတွက် ရုပ်ထွက်နှစ်ဆ ၁၀၀ ရာခိုင်နှုန်း အဆင့်မြှင့်ပေးထားပါတယ်။ Specs အထိအကျကို ဖော်ပြရမယ်ဆိုရင်တော့ PS4 Pro ရဲ့ CPU ဟာ 2.1GHz 8-core AMD Jaguar ရှိပြီး GPU မှာတော့ 4.2 TFLOP AMD Radeon (36CU, 911MHz) ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် 8GB GDDR5 နဲ့  1GB RAM ကိုပါ ထပ်ပေါင်းပေးထားတဲ့အတွက် တီဗီဖန်သားပြင်ရဲ့ ပထမမြင်ကွင်းမှာကတည်းက ပိုကောင်းတဲ့ရုပ်ထွက်ကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ ဂိမ်းဆော့နေချိန်မှာ ဂိမ်းစက်တစ်ခုလုံး လည်ပတ်တဲ့နေရာမှာလည်း ယခင်ကထက် ပိုပြီးအားကောင်းလာာစေပါတယ်။  



လက်တွေ့ဆန်ဆန်ကြည်လင်ပြတ်သားတဲ့ 4K အဆင့်ရုပ်ထွက်

ဒီတစ်ချက်ကတော့ Playstation 4 Pro ရဲ့ လူသိအများဆုံးအားသာချက်တွေထဲက တစ်ခုပါ။ မြင်ကွင်းတိုင်းမှာ လက်တွေ့အဆန်ဆုံးခံစားချက်နဲ့ အကြည်လင်အပြတ်သားဆုံးဖြစ်တဲ့ 4K စနစ်ကို အထောက်အပံ့ပေးထားတာလည်း ဖြစ်ပါတယ်။ 4K ရုပ်ထွက်မရှိတဲ့တီဗီကို ပိုင်ဆိုင်ထားလို့လည်း တွေးပူနေစရာမလိုပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ PS4 Pro HD ကို ဘယ်လိုဖန်သားပြင်မှာမဆို မြင်တွေ့ခံစားရမယ့်အပြင် 1080p ထုတ်ပေးတဲ့မော်နီတာများအတွက်လည်း ရုပ်ထွက်အမြင့်ဆုံး တိုးမြှင့်ပေးမယ့်စနစ်ကို ထည့်သွင်းထားပါသေးတယ်။ Native 4K ဖြစ်တာကြောင့် 2160p ရုပ်ထွက်ရှိတဲ့ 4K တီဗီကို ပိုင်ဆိုင်ထားသူများအဖို့ လက်မလွှတ်သင့်တဲ့ရွေးချယ်မှုဖြစ်သလို 4K မဟုတ်တဲ့ဖန်သားပြင်များအတွက်လည်း ထူးခြားမှုကိုခံစားရမယ့် Playstation 4 Pro ဖြစ်ပါတယ်။ 


တိုးမြှင့်ထားတဲ့ဖိုင်ပမာဏဝင်ဆန့်မှုနဲ့ ချိတ်ဆက်မှုစနစ်

မူလကထုတ်ရှိပြီးဖြစ်တဲ့ PS4 စက်များရဲ့ hard drive ဟာ GB ပေါင်း ၅၀၀ ပမာဏပဲဝင်ဆန့်နိုင်ပေမယ့် အခု PS4 Pro မှာတော့ နောက်ထပ်တစ်ဆ တိုးပေးထားတာဖြစ်တာကြောင့် ယခင်ဝင်ဆန့်တဲ့ပမာဏနဲ့ နောက်ထပ် 500 GB ပေါင်းပြီး စုစုပေါင်း 1TB hard drive ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် တီဗီဖန်သားပြင်နဲ့ချိတ်ဆက်ပေးတဲ့ HDMI 1.6 အပေါက်ကိုလည်း HDMI 2.0 အဖြစ် အဆင့်တိုးမြှင့်ပေးလိုက်တဲ့အပြင် Playstation VR အတွက်ရော၊ အလွယ်တကူ လက်ကိုင်ခလုတ်အားသွင်းလိုသူများအတွက်ပါ USB 3.1 နှစ်ပေါက်ကို ဂိမ်းစက်ရဲ့အရှေ့ဘက်မှာ အဆင်ပြေချောမွေ့စေ တပ်ဆင်ပေးထားပါသေးတယ်။ နောက်ထပ်ပြီး အင်တာနက်ချိတ်ဆက်ဖို့ Ethereal ကေဘယ်လ်ပေါက်နဲ့ အသံပိုင်းဆိုင်ရာစနစ်ဖြစ်တဲ့ Optical Audio ပေါက်တို့ အသီးသီးပါဝင်ပါတယ်။


အရင်ထက်ပိုကြီးမားတဲ့ဒီဇိုင်းနဲ့ သေသပ်တဲ့စက်အပြင်အဆင်

PS4 Pro ဂိမ်းစက်ဟာ အရင်ဒီဇိုင်းနဲ့မတိမ်းမယိမ်းလေး ဆင်တူပေမယ့် တကယ်တမ်းမှာ အသစ်ထပ်မံပြင်ဆင်ပေးထားတဲ့ ထူးခြားမှုတစ်ချို့ပါဝင်တာကို တွေ့ရမှာပါ။ ရိုးရိုးသာမန် PS4 နဲ့ သေးသွယ်ပေါ့ပါးတဲ့ PS4 Slim တို့ဟာ အလေးချိန် ၆.၂ ပေါင်နဲ့ ၄.၁ ပေါင်တို့ အသီးသီး အလေးရှိကြပေမယ့် PS4 Pro ကတော့ မော်ဒယ်အားလုံးထက် ပမာဏာအနည်းငယ်ပိုတိုးပြီး ၇.၂ ပေါင် အလေးချိန်ရှိပါတယ်။ ဒါ့အပြင် ပတ်ပတ်လည်အရှည်နဲ့အကျယ်ဟာ အလျား 327  အနံ 295 နဲ့အမြင့် 55 မီလီမီတာ (12.9 x 11.6 x 2.17 စင်တီမီတာ) ရှိပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်သာလွန်အောင် တိုးချဲ့ထားတဲ့စနစ်တွေနဲ့ ယခင်ကထက် အရွယ်အစားအနည်းငယ်ကြီးပြီး အလေးပိုစီးတဲ့ Playstation 4 Pro ဖြစ်ပါတယ်။ 


အခုလိုအချက်တွေကို ဖတ်ရှုပြီး နောက်ဆုံးထွက်ရှိထားတဲ့ Playstation 4 Pro ရဲ့ ထူးကဲတဲ့စနစ်တွေကို သိရှိသွားကြမယ်ထင်ပါတယ်။ ဒီတော့ PS4 ရှိနှင့်ပြီးသားသူတွေရော၊ အခုမှဂိမ်းစက်ဝယ်ဖို့ စဉ်းစားနေကြတဲ့သူများပါ အလွယ်တကူရွေးချယ်ဝယ်ယူနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးကို ရေးသားမျှဝေတာဖြစ်ပြီး Playstation 4 Pro ကိုဝယ်ယူလိုသူများအနေနဲ့ လက်ရှိသတ်မှတ်ဈေးနှုန်း ဒေါ်လာ ၃၉၉ ကျပ် (မြန်မာငွေ ၅၀၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့ နီးစပ်ရာကုန်တိုက်နဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ကြောင်းပြောရင်း နောက်ဆောင်းပါးတွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။ 



Yan
Ref: trustedreview, forbes

၁၈ ရာစုရဲ့အမေရိကန်တော်လှန်ရေးမှာ တစ်ကြော့ပြန်ရှင်သန်ဆော့ကစားရမယ့် Assassins Creed: 3 Remastered


ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲဆော့လာတဲ့ ဂိမ်းချစ်သူတစ်ယောက်အနေနဲ့ ဂိမ်းကစားလာတဲ့သက်တမ်းတစ်လျှောက်မှာ အမျိုးအစားစုံလင်တဲ့ ဂိမ်းအမြောက်အမြားကို ဆော့ကစားဖြစ်ခဲ့ပါတယ်။ အဲဒီတည်းကမှ ကိုယ်တိုင်ကိုယ်ကျ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆော့ခဲ့ရတဲ့ဂိမ်းမျိုးတွေရှိသလို ဆော့ရင်းဆော့ရင်းနဲ့မှ ကိုယ်အနှစ်ခြိုက်ဆုံးဂိမ်းမျိုးတွေလည်း ပေါ်ထွက်လို့လာပါတယ်။ ဂိမ်းကုမ္ပဏီကြီးတွေအနေနဲ့လည်း ရှုထောင့်မျိုးစုံကနေ ကြမ်းပေ့၊ မိုက်ပေ့ဆိုတဲ့ဂိမ်းတွေကို ဖန်တီးရေးဆွဲခဲ့ကြသလို ဂိမ်မာတွေဘက်ကလည်း စိတ်အားတတ်ကြွမှုအပြည့်နဲ့ နောင်ထွက်လာမယ့် မျိုးဆက်သစ်ဂိမ်းတွေကို စောင့်လို့နေပါတယ်။ အဲဒီလိုဂိမ်းကောင်းတွေထဲကမှ ဂိမ်မာတွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ဂိမ်းစီးရီးတစ်ခုကတော့ Ubisoft ရဲ့ Assassins Creed စီးရီးပဲဖြစ်ပါတယ်။ အမှောင်ထဲမှာလျှို့ဝှက်စွာလှုပ်ရှားနေပေမယ့် အလင်းဘက်တော်သားတွေဖြစ်ကြတဲ့ Assassin တွေရဲ့အကြောင်းကို ဂိမ်မာအားလုံးလည်း သိကောင်းသိကြမှာပါ။ 


၂၀၁၈ ခုနှစ်မှာနောက်ဆုံးထွက်ရှိထားတဲ့ Assassins Creed: Odyssey ဟာလည်း ရှေးခေတ်ဂရိနိင်ငံနဲ့ စပါတန်စစ်တပ်ရဲ့နောက်ကြောင်းကို ကျောရိုးခံထားတာမို့ လူကြိုက်များခဲ့ရတဲ့ AC ဂိမ်းတစ်ခုပါပဲ။ အခု ၂၀၁၉ မှာလည်း ခြေလှမ်းတွေမပြတ်တဲ့ Ubisoft အနေ မကြာခင်ရောက်ရှိတော့မယ့် မတ်လ၊ ၃၀ ရက်နေ့မှာ ၂၀၁၂ ခုနှစ်က ထွက်ရှိပြီးဖြစ်တဲ့ Assassins Creed 3 ဂိမ်းကို အသစ်တဖန်ပြန်ပြီး မွမ်းမံပြင်ဆင်ထားတဲ့ Remastered ဗားရှင်းအဖြစ် ထုတ်ပေးသွားမယ်လို့ အတိအလင်းကြေညာခဲ့ပါတယ်။ Assassins Creed: Revelation ရဲ့တိုက်ရိုက်နောက်ဆက်တွဲဖြစ်တဲ့ Assassins Creed 3 ဟာဆိုရင် ၁၈ အလယ်ပိုင်းနဲ့ နှောင်းပိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်တော်လှန်းရေးစစ်သမိုင်းကို ဇာတ်အိမ်တည်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ 


သမိုင်းတွင်တဲ့ အမေရိကန်တော်လှန်ရေးဟာ ဗြိတိသျှကိုလိုနီတွေ လက်ဝါးကြီးအုပ်သိမ်းပိုက်ထားတဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်တွေ တစ်ကွဲတစ်ပြားဖြစ်နေရာကနေ အမေရိကန်လူမျိုးတွေ သွေးချင်းနီးစည်းလုံးသွားပြီး နယ်ချဲ့ဗြိတိသျှတွေနဲ့ အင်္ဂလန်စစ်တပ်ကို နိုင်ငံပေါ်ကနေ အပြီးအပိုင်မောင်းထုတ်နိုင်ခဲ့တဲ့ စိတ်ဝင်စားစရာကမ္ဘာ့သမိုင်းလည်း ဖြစ်ပါတယ်။ အဲဒီလိုဇာတ်ကြောင်းပေါ်မှာ Assassin တစ်ယောက်အဖြစ် ဘယ်လိုမျိုးအခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာကတော့ ဆော့ဖူးသူများသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ မကြာခင်မှာဂိမ်းပရိသတ်တွေ လက်ထဲရောက်လာမယ့် Assassins Creed: 3 Remastered အခွေဟာ ရုပ်ထွက်ဂရပ်ဖစ်တိုးမြှင့်ထားသလို တိုက်ခိုက်မှုအက်ရှင်စနစ်နဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တစ်ချို့ကိုလည်း ဆော့ရတာပိုကောင်းစေဖို့ တိုးမြှင့်ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် Assassins Creed: 3 ရဲ့နောက်ဆက်အခွေဖြစ်တဲ့ အမျိုးသမီး Assassins Aveline အနေနဲ့ဆော့ရမယ့် Assassins Creed 3: Liberation အပြင် ထပ်ဆောင်း dlc ဖြစ်တဲ့ Tyranny King of Washington ကိုပါ တစ်တွဲတည်းထည့်သွင်းပေးထားပါတယ်။ 


ဒီတော့ Assassins Creed: 3 Remastered အခွေမှာ အရင်ကထက် ပိုမိုသာလွန်ပြီး ကြည့်ကောင်းတဲ့ရုပ်ထွက်၊ အလှပဆုံးရှုခင်းတွေနဲ့ ဂိမ်းလောက၊ ဆန်းသစ်ပြုပြင်ထားတဲ့ ဂိမ်းတွင်းစနစ်အသစ်တွေနဲ့အတူ ပင်မဇာတ်ကြောင်းနှစ်မျိုးနဲ့ dlc ဇာတ်လမ်းကို ဂိမ်မာတွေအားလုံးက အပြည့်အဝကြီး ကိုယ်တိုင်ကိုယ်ကျဆော့ကစားရတော့မှာပါ။ Assassins Creed ချစ်သူတွေသာမက အမိုက်စားဂိမ်းတွေကိုမှဆော့ချင်ကြတဲ့ ဂိမ်းပရိသတ်တွေအနေနဲ့ နောက်လ မတ်လ၊ ၂၉ ရက်နေ့မှာ ထွက်ရှိမယ့် Assassins Creed: 3 Remastered အခွေမှာ အမေရိကန်တော်လှန်ရေးကာလထဲက Assassins တစ်ယောက်အဖြစ် ဆော့ကစားနိုင်ဖို့ အခုကတည်းက ရင်ခုန်စွာနဲ့စောင့်မျှော်နိုင်ပါတယ်။ အချိန်တစ်လကျော်ပဲ ကျန်တော့တာနော်။ 






Yan
Ref: Wikia

Thursday, February 21, 2019

၂ဝ နဲ့ ၂၁ ရာစုသမိုင်းတစ်လျှောက်မှာ ဖွဲ့စည်းခဲ့ကြတဲ့ ကမ္ဘာ့အင်အားကြီးစစ်မဟာမိတ်အဖွဲ့များ (ပထမပိုင်း)


ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို အခုလိုမျိုးငြိမ်းချမ်းရေးအတိလွှမ်းခြုံပြီး မီးမိုးလောင်မြိုက်တဲ့ကမ္ဘာ့စစ်ပွဲကြီးတွေ နိခုံးချူပ်ခဲ့တာဟာ ရာစုနှစ်တစ်ခုပြည့်လုနီးပါးရှိခဲ့ပါပြီ။ အားလုံးနဲ့ လက်လှမ်းအမှီဆုံးဖြစ်ခဲ့တဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲအပြင် အခြားသောမရေတွက်နိုင်တဲ့ စစ်ပွဲတွေဟာလည်း သက္ကရာဇ်တွေတစစ ကူးပြောင်းလာတာနဲ့အမျှ ပြီးဆုံးသွားကြပြီ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကမ္ဘာကြီးထာဝရငြိမ်းချမ်းစေဖို့အတွက် ပေးဆပ်ဆုံးရှုံးခဲ့ရတဲ့ လူ့အသက်ပေါင်းများစွာအပြင် သွေးမြေကျခဲ့ရတဲ့စစ်ပွဲပေါင်းမနည်းမနော ဖြစ်ပွားခဲ့တာ အားလုံးမြင်မျက်ကိုယ်တွေ့ပါပဲ။ အဲဒီအကြောင်းလေးကို ပြန်လည်သတိပေးရင်းနဲ့ အခုဆောင်းပါးမှာ ဖော်ပြပေးသွားမှာကတော့ ၂၁ ရာစုအစပိုင်းကနေ လက်ရှိမျက်မှောက်ခေတ်အထိ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ လက်တွဲစုပေါင်းဖွဲ့စည်းခဲ့တဲ့ စစ်ရေးအရရော၊ စီးပွားရေးအရပါ ခွန်အားကြီးမားတဲ့မဟာမိတ်အဖွဲ့တွေအကြောင်းကို ပထမပိုင်း၊ ဒုတိယပိုင်းနဲ့ အပိုင်းနှစ်ပိုင်းခွဲပြီး စာဖတ်သူတွေဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာပါ။ ကဲ ဒီတော့ ဆောင်းပါးမှာ ဘယ်လိုမဟာမိတ်အဖွဲ့တွေပါလာမလဲဆိုတာ ရင်ခုန်ရင်းနဲ့ အခုပဲစပြီး ဖတ်လိုက်ကြစို့လားဗျာ။ 



ဝင်ရိုးတန်းနိုင်ငံများ (The Axis)

ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တပ်ဖွဲ့များနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် တစ်ဖက်ရန်သူ့နိုင်ငံများက ပူးပေါင်းဖွဲ့စည်းခဲ့တဲ့ စစ်မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ဟာ မဟာမိတ်အင်အားစုနဲ့ ဗဟိုအင်အားစုတို့ရဲ့ မကျေနပ်တင်းမာမှုတွေကြားက နှစ်ဖက်လုံးစစ်ရေးအရ အားပြိုင်တဲ့တိုက်ခိုက်မှုဖြစ်ပေမယ့် ဒုတိယကမ္ဘာစစ်ကတော့ ပိုမိုအားကောင်းလာတဲ့ မဟာမိတ်တပ်နဲ့ ဝင်ရိုးတန်းနိုင်ငံတပ်များရဲ့ အဖျက်စွမ်းအားသာလွန်ကြီးမားတဲ့ ပျက်စီးမှုအများပြားဆုံးစစ်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဝန်ရိုးတန်းနိုင်ငံတွေဖြစ်ကြတဲ့ နိုင်ငံတွေကတော့ နာမည်ကြားရုံနဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့လေးစားရတဲ့ စစ်အာဏာရှင် ဟစ်တလာရဲ့နာဇီဂျာမဏီတပ်၊ အီတလီနိုင်ငံက နယ်ချဲ့စစ်အာဏာရှင်မူဆိုလီနီရဲ့ အီတလီတော်ဝင်စစ်တပ်နဲ့ အရှေ့တိုင်းက နေမဝင်အင်ပါယာ ဖက်ဆစ်ဂျပန်တပ် အစရှိတဲ့ခွန်အားကြီးသုံးနိုင်ငံဖြစ်ပြီး နိုင်ငံတွင်းကစစ်တပ်သုံးတပ်ကို ပေါင်းစည်းထားခြင်းပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တစ်ဖက်ကမဟာမိတ်တပ်များနဲ့ ဝင်ရိုးတန်းနိုင်ငံတပ်များဟာ တစ်ဖက်နဲ့တစ်ဖက်အနိုင်မခံအရှုံးမပေးဘဲ အပြင်းအထန် ချွပ်ချွပ်ချွံချွံတိုက်ခိုက်ခဲ့ပါတယ်။ 



မဟာမိတ်တပ်များ (The Allies)

ပထမကမ္ဘာစစ်ဖြစ်ပွားစဉ်ကာလကတည်းက အနောက်ပိုင်းဥရောပနိုင်ငံများဖြစ်ကြတဲ့ ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနဲ့ အမေရိကတိုက်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့ စစ်ရေးအရဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံရဲ့ တစစကြီးထွားလာတဲ့ အစွန်းရောက်အမျိုးသားရေးနဲ့ အခြားနိုင်ငံများအပေါ် အာဏာရှင်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျမှုကို ရိပ်စားမိတဲ့ ကမ္ဘာ့တစ်ဖက်ခြမ်းကနိုင်ငံများဟာ ပထမကမ္ဘာစစ်အပြီးမှာ ဗာဆိုင်းစာချူပ်ချူပ်စေခဲ့ပြီး စစ်အားအရရော၊ နိုင်ငံရေးအရပါ လွှမ်းမိုးမှုအားကောင်းလာတဲ့ ဂျာမဏီကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ပါတယ်။ အခြေအနေမသာလွန်မှုများကြောင့် ၁၉၁၈ ခုနှစ်၊ ပထမကမ္ဘာစစ်အပြီးမှာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့ရပေမယ့် နောက်ထပ်အနှစ်နှစ်ဆယ် ဟစ်တလာအာဏာရလာချိန်မှာ ပြန်လည်ထကြွလာတဲ့ ဂျာမဏီကြောင့် ရှိနှင့်ပြီးနိုင်ငံများသာမက မဟာမိတ်နိုင်ငံသစ်တွေအဖြစ် ရုရှား၊ ကနေဒါ၊ တရုတ် အစရှိတဲ့နိုင်ငံများလက်တွဲပြီး နာဇီဂျာမဏီအပါအဝင် ကျန်ဝန်ရိုးစွန်းနိုင်ငံစစ်တပ်များကို တိုက်ခိုက်ခဲ့ရပါတယ်။


နေတိုးစစ်မဟာမိတ်စာချူပ်အဖွဲ့ (NATO)

ဒုတိယကမ္ဘာစစ်ကြီးအပြီး လေးနှစ်အကြာ ၁၉၄၉ ခုနှစ်မှာ ဖွဲ့စည်းထားတဲ့စစ်မဟာမိတ်စာချူပ်အဖွဲ့ဖြစ်ပြီး မြောက်အအတ္တလန်တစ် သဘောတူစာချူပ်အဖွဲ့လို့လည်း အမည်ရပါတယ်။ လက်ရှိမှာစစ်အင်အားအကြီးမားဆုံးလို့ ဆိုနိုင်တဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့ကြီးကို ဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက်ဟာ ပထမနဲ့ဒုတိယကမ္ဘာစစ်လိုမျိုး ကမ္ဘာတစ်ဝှမ်းလုံးကိုလောင်မြိုက်စေတဲ့ စစ်မျိုးဖြစ်ပွားလာမယ့်အရေးကို ကင်းရှင်းပျောက်ပစေဖို့ဖြစ်ပြီး ဟစ်တလာလိုမျိုး အစွန်းရောက်အမျိုးသားရေး ပြင်းထန်ခြင်း၊ အီတလီလို ဖက်ဆစ်ဆန်ဆန်နယ်ချဲ့ခြင်း၊ ဂျပန်လိုကိုယ့်လူမျိုးကသာ အမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတဲ့ အမျိုးသားရေးစစ်ဝါဒီမျိုးတွေကို အနာဂတ်တစ်ချိန်မှာ ထပ်မံ မထွက်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်။ နေတိုးအဖွဲ့ဟာ သဘောတူစာချုပ်မှာ နိုင်ငံအစိုးရအချင်းချင်း စစ်ရေးအရ စစ်ဘက်မဟာမိတ် ရယူထားတဲ့အဖွဲ့အစည်း တစ်ခုလည်းဖြစ်ပါတယ်။ နေတိုးရုံးချုပ်ဟာ ဘယ်(လ်)ဂျီယံနိုင်ငံ၊ ဘရပ်ဆယ်(လ်စ်) မြို့မှာတည်ရှိပြီး အဖွဲ့အစည်းမှာ စုပေါင်းကာကွယ်တိုက်ခိုက်ခြင်းစနစ် ပါဝင်တဲ့အပြင် အသင်းဝင်နိုင်ငံအသီးသီးအနေနဲ့ တစ်စုံတစ်ခုသော ပြင်ပအဖွဲ့အစည်းမှ တိုက်ခိုက်လာခြင်းကို တုံ့ပြန်နိုင်ရေးအတွက် အပြန်အလှန် အကာအကွယ်ပေးကြဖို့ သဘောတူညီထားကြတာဖြစ်ပါတယ်။ 


ဝါဆောစစ်စာချူပ်အဖွဲ့ (Warsaw Pact)

ဝါဆောစစ်စာချုပ်အဖွဲ့ဟာ အရှေ့ဥရောပနှင့် အလယ်ပိုင်းဥရောပကနိုင်ငံတွေ စုဖွဲ့ထားတဲ့ စစ်မဟာမိတ်အဖွဲ့အစည်းဖြစ်ပြီး ၁၉၅၅ ခုနှစ် မေလ (၁၄) ရက်နေ့၊ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ ချူပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ပထမဆုံးသော ကွန်မြူနစ်ခေါင်းဆောင်လီနင်ဟာ အောက်တိုဘာတော်လှန်ရေးနဲ့အတူ ရုရှားနိုင်ငံကို ကမ္ဘာ့ပထမဆုံးကွန်မြူနစ်နိုင်ငံ ဆိုဗီယက်ပြည်ထောင်စုအဖြစ် သွေးသစ်လောင်းတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဒုတိယကမ္ဘာစစ်အပြီး ဂျိုးဆက်စတာလင်လက်ထက်မှာ နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့အင်အားကြီးမားလာမှုကို ကွန်မြူနစ်ရုရှားအနေနဲ့ ပြန်လည်တားဆီးတိုက်စစ်ဆင်ဖို့ ဒီဝါဆောစစ်စာချုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဝါဆောစစ်စာချူပ်အဖွဲ့ဟာ နေတိုးအဖွဲ့ရဲ့ခေတ်ပြိုင်စစ်အင်အားကြီး မဟာမိတ်နိုင်ငံများအဖွဲ့ဖြစ်တဲ့အပြင် ဗဟိုကထိန်းချူပ်တဲ့အစိုးရစနစ်ကို အသုံးပြုပြီး နိုင်ငံပေါင်းစုစစ်မဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုက လိုသလိုကြိုးဆွဲပြီးချူပ်ကိုင်ထားတဲ့ ဝါဆောစစ်စာချူပ်အဖွဲ့မှာ ပါဝင်တဲ့နိုင်ငံတွေကတော့ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေးနီးယားနဲ့ အရှေ့ဂျာမဏီတို့ ဖြစ်ကြပြီး ဆိုဗီယက်ပြည်ထောင်စုရဲ့ အာဏာလွှမ်းမိုးမှုအောက်က သြဇာခံနိုင်ငံတွေအဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။


Yan
Ref: မြန်မာ့စွယ်စုံကျမ်း, Wikia

ကွန်မြူနစ်စနစ်ဆိုတာ ဘာလဲ? ကွန်မြူနစ်ဝါဒရဲ့သဘောသဘာဝ၊ အယူအဆတွေနဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို လေ့လာကြည့်တဲ့အခါ


နှစ်ပေါင်းများစွာကဖြစ်ခဲ့တဲ့ စစ်ပွဲတွေနဲ့ ကမ္ဘာ့သမိုင်းကြောင်းတွေကို ဆည်းပူးလေ့လာတာဟာ စာရေးသူငယ်စဉ်ကတည်းက အပတ်တကုတ်အားထုတ်ဖြစ်တဲ့ ဝါသနာတွေထဲကတစ်ခုပါ။ ငယ်ရွယ်တဲ့ဆောင်းပါးရှင်တစ်ယောက်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို အမြဲတမ်းမျက်စိဖွင့်နားစွင့်နေတတ်တာကြောင့် ကိုယ်ဝါသနာပါရာ၊ စိတ်ဝင်စားရာနယ်ပယ်တွေသာမက အမျိုးစုံတဲ့ကဏ္ဍနယ်ပယ်အသီးသီးကို စူးစမ်းလေ့လာဖြစ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းလုံးကို မီးဟုန်းဟုန်းတောက်စေခဲ့တဲ့ ကမ္ဘာ့စစ်ပွဲတွေအကြောင်းကို ဖတ်ရှုလေ့လာရတာ ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းပေမယ့် သမိုင်းကြောင်းနဲ့ နိုင်ငံရေးဟာ ခွဲခြားထားလို့မရအောင် ဒွန်တွဲနေတတ်တာမို့ သမိုင်းတစ်ခုလုံးကိုကြေညက်လိုတယ်ဆိုရင်တော့ နိုင်ငံရေးသဘောသဘာဝတွေကိုပါ အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ထားဖို့လိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုယ်စီကိုယ်စီကျင့်သုံးကြတဲ့နိုင်ငံရေးစနစ်တွေရှိကြသလို အခုဆောင်းပါးမှာဖော်ပြပေးမှာကတော့ လက်ရှိအင်အားကြီးနိုင်ငံအချို့ အဓိကထားကျင့်သုံးကြတဲ့ ကွန်မြူနစ်စနစ်နဲ့ ကွန်မြူနစ်အခြေခံအုတ်မြစ်တွေကို အားလုံးလေ့လာနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ 

ကွန်မြူနစ် စနစ်ဆိုတာ ဘာလဲ? ဘယ်လိုမျိုးစနစ်ကိုဆိုလိုသလဲ?
အတိအလင်းဖော်ပြထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောပြရမယ်ဆိုရင်တော့ ကွန်မြူနစ်စနစ်ဆိုတာဟာ လှုမှုစီးပွားရေး ဖွဲ့စည်းပုံစနစ်တစ်ရပ်၊ နိုင်ငံရေးသဘောတရားတစ်မျိုးဖြစ်ပါတယ်။ ကွန်မြူနစ်စနစ်ဟာ လက်တင်ဘာသာကနေ ဆင်းသက်လာပြီး ကွန်မြူနစ်ဝါဒဆိုတာဟာ လူသုံးပစ္စည်းထုတ်လုပ်တဲ့ ဌာနတွေဖြစ်ကြတဲ့အလုပ်ရုံ၊ စက်ရုံနဲ့ တန်ဆာပလာစတဲ့ ကုန်ထုတ်ကိရိယာတွေနဲ့ မြေယာတွေကို ပြည်သူလုထုကသာ ပိုင်ဆိုင်ပြီး ပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးအတွက် လူတိုင်းလူတိုင်းက လုပ်အားဖြည့်တင်းရမယ်လို့ အနက်အဓိပ္ပါယ်ရပါတယ်။ မြန်မာစကားလုံးနဲ့ ဘုံဝါဒလို့ အချို့ကဆိုပေမယ့် ဘုံဝါဒဆိုတဲ့ဝေါဟာရဟာ တိကျတဲ့အနက်အဓိပ္ပါယ်ကို ဖော်ဆိုတယ်လို့ မဆိုနိုင်ပါဘူး။ ကွန်မြူနစ်စနစ်ကိုကိုယ်စားပြုတဲ့ အလံသင်္ကေတမှာ တူနဲ့ကောက်ရိတ်တံဟာ စက်ရုံလုပ်သားများနဲ့ လယ်ယာလုပ်သားတို့ရဲ့ပေါင်းစည်းမှုကို ဖော်ပြပြီး အနီရောင်အောက်ခံဟာ ရှောင်လွှဲမရတဲ့တော်လှန်ရေးကို ဆိုလိုတာဖြစ်ပါတယ်။ အားလုံးနားလည်သဘောပေါက်လွယ်အောင် ပြောပြရမယ်ဆိုရင်တော့ ကွန်မြူနစ်စနစ်မှာ စက်ရုံအလုပ်ရုံတွေ၊ ကုန်ထုတ်ကိရိယာတွေနဲ့ လုပ်ငန်းစုတွေကို လက်ဝါးကြီးအုပ်စိုးမိုးထားတဲ့ အရင်းရှင်လူတန်းစားဆိုတာ မရှိတော့ဘဲ အလုပ်သမားတိုင်း၊ လုပ်သားတိုင်းဟာ ကိုယ်စွမ်းရှိသမျှ အလုပ်လုပ်ကိုင်ကြပြီး မိမိတို့နေ့စဉ်နေထိုင်မှုဘဝရဲ့ လိုအပ်ချက်မှန်သမျှကို ကိုယ့်ခွန်အားစိုက်ထုတ်မှုနဲ့ လျော်ညီတဲ့ပမာဏ အကျိုးခံစားခွင့်ရှိခြင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။ 

လူသားတွေအတွက် ကွန်မြူစနစ်ဟာ ဘယ်လိုရာစုနှစ်မှာစတင်ဖြစ်ပေါ်လာခဲ့သလဲ? 
ကွန်မြူနစ်စနစ်လို့ခေါင်းစဉ်မတပ်ခဲ့ကြပေမယ့်လည်း လူသားတွေဟာ ဟိုးယခင်ရာစုနှစ်တွေကတည်းက ကွန်မြူနစ်စနစ်နဲ့သဘောတရားတူညီတဲ့ နေထိုင်မှုစနစ်တွေကို ကျင့်သုံးပြီးနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ သမာသမဂ္ဂဝါဒ ကျမ်းပြုသူဖြစ်တဲ့ အရှင်ဥက္ကဠဆရာတော်ကိုယ်တိုင်ကလည်း သမာသမဂ္ဂဝါဒဆိုပြီး သာသာပြန်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ မြေယာနဲ့ အရင်းအနှီးပစ္စည်းဥစ္စာတွေကို ဘုံပစ္စည်းအဖြစ်ထားပြီး စုပေါင်းလုပ်ကိုင်ကြရင်း အဲဒီကနေဖြစ်ထွန်းလာတဲ့ အကျိုးကျေးဇူးတွေကို မျှမျှတတ ဝေငှစားသုံးတဲ့နေထိုင်မှုစနစ်ဟာ ဟိုးကမ္ဘာဦးလူတို့ရဲ့ လူ့သမဂ္ဂလို့ခေါ်တဲ့ အစုအဖွဲ့နဲ့နေတတ်လာတဲ့အချိန်ကတည်းက ပေါ်ပေါက်လာဟန်ရှိတယ်လို့ ရေးသားထားပါတယ်။ အဲဒီလိုဘုံဝါဒမျိုးဟာ လူ့သမိုင်းမှာ ရံဖန်ရံခါပေါ်လာတတ်ပြီး လိုက်နာကျင့်သုံးတဲ့လူအစုအဖွဲ့များလည်း ရှိခဲ့ပါတယ်။ ရှေးဦးခရစ်ယာန် အယူဝါဒီတို့ ကျင့်သုံးခဲ့ကြတဲ့ ဘုံဝါဒမျိုး၊ ဥရောပအလယ်ခေတ်တုန်းက ထွန်းကားခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးကျောင်းတွေမှာလည်း ဘုံဝါဒစနစ်အတိုင်း နေထိုင်မှုတွေ၊ ဗုဒ္ဓဘာသာအယူဝါဒအရလည်း သံဃာအဖွဲ့အစည်းမှာ သံဃိက ဆိုတဲ့ သဘောရှိပုံနဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်လို့ ဆိုတဲ့အပြင် အင်္ဂလန်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာလည်း ဘုံဝါဒကို ကျင့်သုံးလိုက်နာကြတဲ့ ကွန်မြူနတီ လူ့ရပ်ဝန်းအသိုင်းအဝိုင်းတွေ အသီးသီးပေါ်ထွန်းခဲ့ကြပါတယ်။ 

ကွန်မြူနစ်စနစ်ဟာ အချက်အခြာကြတဲ့ လူမှုစီးပွားသဘောတရားနဲ့ဝါဒတစ်ရပ်အဖြစ် ဆင့်ကဲကူးပြောင်းပြန့်နှံ့လာခဲ့ပုံ
မျက်မှောက်ခေတ်လူအများနားလည်ကြတဲ့ ကွန်မြူနစ်စနစ်အကြောင်းကိုပြောမယ်ဆိုရင်တော့ ကွန်မြူနစ်ဖခင်ကြီးတွေဖြစ်တဲ့ ‘ကားလ်မာ့က်စ်’ နဲ့ ‘အိန်ဂယ်’ တို့ကိုပြစ်ပယ်ထားလို့မရပါဘူး။ တကယ်တမ်းမှာ သူတို့ကြောင့်ပဲ လက်ရှိ ၂၁ ရာစုမှာ နိုင်ငံအများအပြားကျင့်သုံးနေကြတဲ့ ကွန်မြူစနစ်ဟာ ထွက်ပေါ်လာခဲ့တာပါ။ ၁၈၄၈ ခုနှစ်မှာ ‘ကားလ်မာ့က်စ်’ နဲ့ ‘အိန်ဂယ်’ တို့ရေးသားထုတ်ဝေခဲ့တဲ့ ကွန်မြူနစ်ကြေညာစာတမ်း (The Communist Manifesto) မှာ ကွန်မြူနစ်ဝါဒရဲ့အခြေခံသဘောတရားတွေနဲ့ လုပ်ငန်းစဉ်တို့ကို ရေးသားပြုစုထားတာ တွေ့မြင်နိုင်ပါတယ်။ ကွန်မြူနစ်စနစ်ဟာ အဲဒီရာစုနှစ်လောက်မှာစတင်ပြီး အရှိန်အဟုန်ကောင်းစွာနဲ့ ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာနဲ့ ဝင့်ဝင့်ကြွားကြွား မွေးဖွားလို့လာခဲ့တာဖြစ်ပါတယ်။ ကားလ်မာ့က်စ်ရဲ့ အဆိုအရ “လူ့သမိုင်းဆိုတာဟာ စိုးပိုင်သော တန်ခိုးအာဏာရှိသူနဲ့ တန်ခိုးအာဏာမဲ့သူတို့ မရပ်မနား ပဋိပက္ခဖြစ်နေကြတဲ့ လူတန်းစားတိုက်ပွဲများ ဖြစ်တယ်။ လူတန်းစားနှစ်မျိုးရှိတဲ့အနက် ပထမတစ်မျိုးဟာ ကိုယ်ကျိုးစွန့်ရသူအလုပ်သမားတွေဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ စိုးမိုးခြယ်လှယ်သူအလုပ်ရှင်တွေပဲဖြစ်တယ်။ အထက်ပါလူတန်းစား ၂ မျိုး ရှိနေသမျှကာလပတ်လုံး သွေးမြေကျမယ့် လူတန်းစားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေမှာဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးရရှိဖို့ဟာ မဖြစ်နိုင်။ အဲဒီအတွက် ကမ္ဘာ့ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် လူတန်းစားကွဲပြားခြားနားခြင်းမရှိတဲ့ ကွန်မြူနစ်စနစ်ကို ထူထောင်ရမယ်” လို့ ဉာဏ်အလင်းဖွင့်ပေးထားပါတယ်။ 


လူတန်းစားခြားနားကွာဟမှုမရှိ၊ လုပ်သားတိုင်းလက်ထဲတွင် အာဏာရှိသည်ဟူသော ကွန်မြူနစ်စနစ် 
အလွန်နှစ်သက်မိတဲ့ ကွန်မြူစနစ်ရဲ့ သဘောသဘာဝတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည်မှာ ရာခိုင်နှုန်းအများဆုံးလူတန်းစားဟာ အလုပ်သမားလူတန်းစားများသာဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လူတန်းစားနှစ်မျိုးရှိတဲ့အနက် ပထမလူတန်းစား (လုပ်သား) ဟာ အလုပ်ကိုအမှန်တကယ်လုပ်ပေးရသူတွေဖြစ်ပြီး ဒုတိယလူတန်းစား (အလုပ်ရှင်) များဟာ လုပ်သားတွေရဲ့လုပ်အားကို ခေါင်းပုံဖြတ်ပြီး သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အသုံးချသူများဖြစ်ပါတယ်။ သဘောပေါက်လွယ်အောင်ပြောရရင် ကုန်ထုတ်ကိရိယာတွေကို ပိုင်ဆိုင်သူလူတန်းစားဟာ စိုးမိုးခြယ်လှယ်သူဖြစ်ပြီး ပိုင်ဆိုင်မှုကင်းမဲ့တဲ့အလုပ်သမားတို့ဟာ မိမိတို့လုပ်အားနဲ့ထပ်တူကျတဲ့ အကျိုးကိုထိုက်ထိုက်တန်တန် ခံစားခွင့်မရှိသူများဖြစ်ပါတယ်။ လူတန်းစားကွာဟမှုမရှိတဲ့ ကွန်မြူစနစ်ကိုစတင်အကောင်အထည်ဖော်ဖို့အတွက် အရင်းရှင်နိုင်ငံတွေ ပိုင်ဆိုင်ထားတဲ့စက်ရုံ၊ အလုပ်ရုံ၊ မြေယာအစရှိတာတွေကို အလုပ်သမားထုက သိမ်းယူပြီး ပစ္စည်းမဲ့အာဏာရှင်ကို ထူထောင်ဖို့လိုအပ်ပါတယ်။ သို့ပေမယ့် လုပ်ငန်းရှင်၊ အရင်းရှင်တို့ရဲ့ပိုင်ဆိုင်မှုအရင်းအနှီးအဝဝကို သိမ်းပိုက်ဖို့ဆိုတာဟာလည်း အေးအေးငြိမ်းငြိမ်း အထမြောက်နိုင်မယ့်ကိစ္စမဟုတ်တာကြောင့် လုပ်သားထုကြီးရဲ့စည်းလုံးညီညွတ်တဲ့ တော်လှန်မှုကြီးနဲ့သာ ဖြစ်မြောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် ကွန်မြူနစ်စနစ် တည်ထောင်ရေးမှာ တော်လှန်ရေးဆိုတဲ့ အခန်းကဏ္ဍဟာ မလွှဲမရှောင်သာတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရဲ့လုပ်သားပြည်သူတိုင်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။ 

ကွန်မြူနစ်စနစ်ရဲ့ အဆုံးသတ်ပန်းတိုင်၊ ကွန်မြူနစ်ဝါဒရဲ့  အဓိကရည်မှန်းချက်
ကွန်မြူနစ်ဝါဒကို လက်ကိုင်ထားသူတိုင်း မသိမဖြစ်ဖြတ်ကျော်ရမယ့် အဆင့် ၂ ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ စက်ရုံလုပ်ငန်းနဲ့ မြေယာတွေကို ပစ္စည်းမဲ့လုပ်သား (အလုပ်သမားနဲ့ လယ်သမား) များကသိမ်းယူပြီးတဲ့နောက် လူသားများရဲ့နေ့စဉ်လိုအပ်ချက်အတွက် ပိုင်ဆိုင်သင့်တဲ့အရာများကို နိုင်ငံတော်အစိုးရကနေပြီး ကုန်ထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးနဲ့ စီမံခန့်ခွဲရေးကဏ္ဍကတဆင့် တာဝန်ယူဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ဒီအဆင့်မှာ လူတိုင်းလူတိုင်းဟာ စွမ်းအားရှိသမျှ အလုပ်လုပ်ကြရပြီး မိမိတို့လိုအပ်သမျှကုန်ပစ္စည်းတွေကို ကိုယ့်ရဲ့ခွန်အားစိုက်ထုတ်မှုနဲ့အညီ အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ အရင်းရှင်စနစ်ဆိုတဲ့ လူလူချင်းခြယ်လှယ်တဲ့စနစ်ဆိုးကြီးလည်း မရှိတော့တဲ့အတွက် လူတန်းစားဟာလည်းတစ်မျိုးတည်းဖြစ်သွားပြီး လုပ်သားတို့ရဲ့လူ့အဖွဲ့အစည်းအတွက် လူသားတိုင်းရှေးရှုပြီး နားလည်မှုနဲ့ အလုပ်လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ စက်မှုလက်မှု ပညာရပ်တွေ ပိုမိုတိုးတတ်လာချိန်ဖြစ်ပြီး ကုန်ထုတ်ကိရိယာစွမ်းအားတွေလည်း ပိုမိုကောင်းမွန်လာတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာတော့ နိုင်ငံရှိလုပ်သားတိုင်းဟာ မိမိစွမ်းပကားရှိသမျှ အလုပ်လုပ်ကိုင်ပြီး ငွေကြေးသုံးစွဲမှုမလိုအပ်ဘဲ ကိုယ်အသုံးလိုသမျှကို ရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ ပြည်သူလူထုဟာလည်း ကွန်မြူနစ်စနစ်အရ အခမဲ့တန်းတူပညာသင်ကြားခွင့်၊ အခမဲ့ဆေးဝါးကုသခွင့်၊ ဖျားနာချိန်မှာထောက်ပံ့မှုရရှိခွင့်နဲ့ အိုမင်းမစွမ်းသာတဲ့အခါ အကျိုးခံစားခွင့် အစရှိတဲ့အခွင့်အရေးတို့ကို လူတန်းစားမခွဲခြားဘဲရရှိမှာဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒရဲ့အဓိကရည်မှန်းချက်ကတော့ အလုပ်သမားလူတန်းစားတို့ရဲ့ အသိဉာဏ်ပွင့်လင်းရေးနဲ့ ဘဝရဲ့အသိမှန်ကို ရရှိရေးတို့ပဲဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ကွန်မြူစနစ်ကို ကျင့်သုံးပြီး တည်ဆောက်ထားတဲ့နိုင်ငံမှာ လူတန်းစားကွဲပြားမှုမရှိ၊ လူလူချင်းဖိနှိပ်ချူပ်ခြယ်မှုမရှိ၊ ငွေကြေးသုံးစွဲမှုမရှိ၊ ကုန်ကျစရိတ်ကြီးမားမှုမရှိ၊ အပြိုင်အဆိုင်ကုန်ထုတ်လုပ်ခြင်းမျိုးလည်းမရှိ၊ ကုန်မလောက်မငတဲ့အဖြစ်မျိုးလည်း မရှိတော့တာကြောင့် နိုင်ငံသားတိုင်းဟာ လောဘ၊ ဒေါသ၊ မောဟကင်းစွာနဲ့ ငြိမ်းချမ်းသာယာစွာနေထိုင်သွားကြမှာပဲ ဖြစ်ပါတယ်။ 

Yan
Ref: The Communist Manifesto