Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Monday, December 30, 2019

၂၀၀၀ ခုနှစ်ဝန်းကျင်တုန်းက မသိသူမရှိလောက်အောင် ကြောက်စရာကောင်းခဲ့တဲ့ The Grudge (Ju-On) ရုပ်ရှင် Remake ၂၀၂၀မှာ ထွက်ရှိမယ် 💀💀



လက်ရှိအချိန်မှာ The Grudge ရုပ်ရှင်ဟာ Trilogy သဘောမျိုးနဲ့ ဇာတ်ကားပေါင်းသုံးကား ထွက်ရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၀၆ ခုနှစ်မှာတစ်ကြိမ်နဲ့ ၂၀၀၈ ခုနှစ်မှာတစ်ကြိမ် သုံးခွေဇာတ်တိုက်ထွက်ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၀၂ ခုနှစ်ကတည်းက ပေါက်မြောက်နှင့်ပြီးသားဖြစ်တဲ့ Takashi Shimizu ရဲ့ Ju-On: The Grudge မူရင်းဇာတ်လမ်းကို မှီငြိမ်းပြီး The Grudge ဆိုတဲ့အမည်နဲ့ အမေရိကန်အသွင် ပြန်လည်ရိုက်ကူးခဲ့တာကြောင့် တကယ်တမ်း ထွက်ရှိလာချိန်မှာ ၂၀၀၀ ခုနှစ်တဝိုက်က Horror ပရိသတ်တွေရဲ့ ရင်ထဲမှာစွဲငြိခဲ့ရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ The Grudge ရဲ့ သွေးပျက်ဖို့ကောင်းတဲဇာတ်လမ်း၊ အခြား horror ကားတွေနဲ့မတူတဲ့ခြောက်ခြားမှု၊ စိတ်ထဲစွဲမှတ်သွားစေမယ့် Kayako ရဲ့ ပုံရုပ်တွေကြားမှာ မျက်လုံးကိုပိတ်၊ နားကိုကွယ်ရင်း ကြည့်ခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ် 😱😭

ဒါပေမယ့် အဲဒီလိုသွေးပျက်ထိတ်လန့်ဖို့ကောင်းတဲ့ Ju-On ရုပ်ရှင်ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ The Grudge Remake ဆိုတဲ့အမည်နဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ ၂၀၁၉ ခုနှစ်၊ New York မြို့မှာကျင်းပတဲ့ Comic Con ပွဲမှာ ကြေညာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက ရိုက်ကူးဖို့အတွက် ပြင်ဆင်နေခဲ့ပေမယ့် The Grudge Remake ဟာ တကယ်တမ်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာမှ ကမ္ဘာရုပ်ရှင်ရုံအနှံ့အပြားမှာ တင်ဆက်ပြသသွားမှာဖြစ်ပါတယ်။ ဇာတ်အိမ်နဲ့ပတ်သက်ပြီး ဘာမှမသိရသေးပေမယ့် အမျက်ကြီးလွန်းတဲ့ကြိမ်စာဟာ ဂျပန်ပြည်ကနေ အမေရိကန်ကိုကူးစက်လာခဲ့ပြီး အရင်ဇာတ်ကားတွေနဲ့လည်း တစ်နည်းနည်းဆက်နွယ်မှုရှိသလို ပိုပြီးလည်းစက်ဆုပ်ကြမ်းတမ်းတယ်လို့ဆိုပါတယ်။ လတ်တလောကမှ သုံးကားစလုံးပြန်ကြည့်ဖြစ်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ထွက်လာမယ်လို့ ပြောထားတဲ့ The Grudge Remake ကိုတော့ ကျွန်တော်တို့ Horror ပရိသတ်များက စောင့်ကြည့်ရဦးမှာပါ 🎬

ဒီ Grudge (Ju-On) ဇာတ်ကားသုံးကားလုံးကို ဟိုးဆယ်ကျော်သက်အရွယ်ကတည်းက ကြည့်ခဲ့ဖူးတဲ့အတွက် Kayako ရဲ့ပကတိထိတ်လန့်ဖို့ကောင်းတဲ့ပုံရိပ်တွေကို အခုအချိန်ထဲ စိတ်ထဲကဖျောက်ဖျက်မရ စွဲမှတ်နေဆဲဖြစ်ပါတယ်။ မကြာခင်ရောက်ရှိလာတော့မယ့် ၂၀၂၀ မှာထွက်ရှိမယ့် The Grudge ဇာတ်ကားအသစ်ဟာလည်း ပရိသတ်အဟောင်းတွေကိုရော၊ အခုမှ franchise ကိုစကြည့်မယ့် ပရိသတ်သစ်များကိုပါ သူမတူတဲ့အကြောက်တရားတွေပေးစွမ်းသွားမယ်ဆိုတာ ချွင်းချက်မရှိယုံကြည်ပါတယ်။ နောက်ပြီး ၂၀၂၀ ရဲ့ The Grudge Remake ရုပ်ရှင်ဇာတ်ကား့ထွေလာအသစ်ကို react လုပ်ထားတဲ့ reaction ဗီဒီယိုကိုလည်း မနက်ဖြန်ကျရင် ပေ့ချ်မှာတင်ပေးသွားမှာဖြစ်ပါတယ်။ ကဲ ဒီတော့ လာမယ့် ၂၀၂၀ နှစ်သစ်ဟာ အမိုက်စားဂိမ်းတွေရော၊ အားလုံးစောင့်မျှော်နေကြတဲ့ရုပ်ရှင်ဇာတ်ကားကောင်းမြောက်မြားစွာပါ ထွက်ရှိလာမယ့်နှစ်ဖြစ်တာကြောင့် အားလုံးအတူတူ ဒီဆောင်းပါးကိုဖတ်ရင်း ဘာတွေကိုတွေ့ကြုံခံစားရမလဲဆိုတာ အတူစောင့်ကြတာပေါ့ဗျာ 🎊

Yan

No comments:

Post a Comment