Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, December 31, 2019

The Last of Us (Part 2) - Ellie's Transformation 🧝‍♀️🏹


လောင်မြိုက်ခြင်းပေါင်းစုံပြည့်နေတဲ့ ဒီလူ့ဘဝထဲစရောက်ရှိလာကတည်းက Ellie အတွက်တော့ "ငြိမ်းချမ်းတဲ့ကမ္ဘာလောကကြီး ဟိုးတစ်ချိန်ကရှိခဲ့တယ်" ဆိုတာ ယုံတမ်းစကားသာသာ အရိုးစိမ့်အောင်ချမ်းတဲ့နှင်းမြူတွေကြားက ဝိုးတဝါးအိပ်မက်လိုပါပဲ။ အသက် ၁၄ နှစ်ကနေ အခု The Last of Us: Part 2 မှာ အသက် ၁၉ နှစ်ကိုရောက်ရှိလာပေမယ့် ဆယ်ကျော်သက်အရွယ်ထဲမှာပဲရှိနေသေးတဲ့ Ellie ဟာ ငယ်ရွယ်နုပျိုလွန်းသေးတဲ့ မိန်းမသားတန်မဲ့ ရှင်သန်လာခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာ လက်တွေ့ဘဝငရဲပေါင်းများစွာကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးပါပြီ ⏳

The Last of Us ဟာ ဘယ်လိုရှုထောင့်ကကြည့်ကြည့် တောက်ပြောင်နေတဲ့စိန်တစ်ပွင့်ဖြစ်တာကြောင့် ဒီ masterpiece မှာဈာန်ဝင်မျောပါသွားခဲ့တဲ့ ဂိမ်းချစ်သူတစ်ယောက်အနေနဲ့ ဒီဂိမ်းကပေးတဲ့ အတွေးအမြင်၊ သက်ဝင်ခံစားမှု၊ ပေးစွမ်းတဲ့ရသေ အစရှိတာတွေကို The Last of Us: Retrospective Chapter အဖြစ် မကြာခင်ပေ့ခ်ျမှာတင်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။ ရက်လနှစ်အချိန်တွေနဲ့အတူ တရိပ်ရိပ်ဆင့်ကဲပြောင်းလဲလာတဲ့ Ellie ရဲ့ပုံစံဟာ The Last of Us: Part 2 မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်ကတော့ ဒီဗီဒီယိုကြည့်ရင်း အတော်လေးရင်ခုန်နေပါပြီ 🙌

🌺 စူးရှထက်မြက်ပြီး အရာရာကိုရင်ဆိုင်ဖို့အသင့်ရှိတယ်၊ အမှန်တရားဘက်ကအမြဲရပ်တည်ပြီး ကျေးဇူးနဲ့ သစ္စာတရားကိုစောင့်သိတဲ့ Ellie အတွက် လာမယ့်အနာဂတ်ခရီးလမ်းဟာ ဘယ်လောက်တောင်များကြမ်းတမ်းဦးမှာလဲ? 🌺

Link to the video - https://youtu.be/JclKytWG9Ro
Subscribe to Playstation - https://www.youtube.com/PlayStation

No comments:

Post a Comment