အားလုံးကို PewDiePie နဲ့ အထွေအထူးမိတ်ဆက်ပေးနေစရာတော့ မလိုပါဘူး။ ဂိမ်းလောကနဲ့ YouTube ကိုအကျွမ်းတဝင်အသုံးပြုတဲ့သူမှန်ရင် PewDiePie ဆိုတဲ့နာမည်နဲ့ တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ကြုံခဲ့ရမှာပဲ။ စာရေးသူကိုယ်တိုင်ကိုက ၂၀၁၅ ခုနှစ်ကတည်းက သူ့ရဲ့ဗီဒီယိုများကိုဆက်တိုက်ကြည့်ရှုပြီး အားပေးခဲ့သူဖြစ်တာကြောင့် စာဖတ်သူများသိရှိစေခြင်းအလို့ငှာ ဒီသတင်းကိုပြန်လည်ရေးသားတင်ဆက်ပေးရခြင်းဖြစ်ပါတယ်။ ရသစုံလင်တဲ့ဗီဒီယိုတွေကို လွတ်လပ်စွာဖန်တီးရတာ ကြိုက်နှစ်သက်တဲ့ PewDiePie အနေနဲ့ မီဒီယာတွေက သူတစ်နှစ်ဘယ်လောက်ဝင်တယ်၊ ပျှမ်းပျှဝင်ငွေဘယ်လောက်ရှိတယ် ဆိုတဲ့သတင်းတွေရေးရင် စိတ်ရင်းနဲ့မကြိုက်သူဖြစ်တာမှန်ပေမယ့် ၂၀၂၀ ခုနှစ်ကိုရောက်လာပြီဖြစ်တဲ့အတွက် YouTube မှာ ပထမဦးဆုံး Subscriber မီဒီယံ ၁၀၀ ကျော်ခဲ့တဲ့ Creator ဖြစ်သူ PewDiePie ရဲ့ ၂၀၁၉ ဝင်ငွေ ဘယ်လောက်ရှိခဲ့လဲဆိုတာ တစ်ချက်လောက်ကြည့်လိုက်ကြရအောင် 🧐
လက်ရှိမှာ YouTube Subscriber ပေါင်း ၁၀၂ မီလီယံနဲ့ ရပ်တည်နေတဲ့ PewDiePie အနေနဲ့ ရရှိထားတဲ့ Subscriber အရေအတွက်က များပြားလွန်းတဲ့အပြင် စက္ကန့်နဲ့အမျှတတ်လာနေတဲ့ ကြည့်ရှုမှုနှုန်းတွေအရ ၂၀၁၉ ခုနှစ်အတွင်းမှာ အသားတင်ဝင်ငွေချည်းပဲ အတော်လေးရရှိခဲ့မယ်လို့ မီဒီယာများကသုံးသပ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ YouTube တစ်ခုတည်းကသာတင်မက သူကိုယ်တိုင် Marzia နဲ့ပေါင်းပြီးထုတ်ထားတဲ့ Tsuki brand ရဲ့ merchandise တွေ၊ တခြားသောနာမည်ကျော်အမှတ်တံဆိပ်ထုတ်ကုန်တွေနဲ့ပေါင်းပြီး သဘောတူစာချူပ်ချူပ်ထားတဲ့ endorsement deal တွေ၊ ဖိတ်ကြားမှုတွေကြောင့် ပွဲတတ်ရတာတွေ အစရှိတာတွေကလည်း တစ်ဖက်တစ်လမ်းကဝင်ငွေရစေတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ပျှမ်းပျနှုန်းထားအရတော့ ၂၀၁၉ မှာ PewDiePie ရဲ့တစ်နှစ်တာဝင်ငွေဟာ ဗြိတိသျှပေါင် £၅၄ မီလီယံနဲ့ အမေရိကန်ဒေါ်လာ $70 မီလီယံအတွင်းရှိမယ်လို့ တွက်ချက်ထားကြပါတယ်။ မြန်မာငွေနဲ့ဆိုရင် သန်းပေါင်းတစ်သောင်းနှစ်ရာ့ခြောက်ဆယ့်နှစ်ကျပ် (၁၀,၂၆၂,၀၀၀,၀၀၀ ကျပ်) တန်ဖိုးရှိပါတယ် 🤩
၂၀၁၉ တစ်နှစ်အတွင်းမှာ ၁၂ လရှိတယ်ဆိုပြီး စုစုပေါင်းပမာဏကို ၁၂ နဲ့စား အတိအကျခွဲလိုက်လို့မရပေမယ့် မနှစ်က ဝင်ငွေအများဆုံးရခဲ့တဲ့လဖြစ်တဲ့ စက်တင်ဘာလမှာ အမေရိကန်ဒေါ်လာ ၉ မီလီယံနဲ့ အနိမ့်ဆုံးဝင်ငွေရတဲ့နိုဝင်ဘာလအတွက်တော့ အမေရိကန်ဒေါ်လာ ၄ မီလီယံနီးနီး ဝင်ခဲ့တာဖြစ်ပါတယ်။ ကိုယ်ကြိုက်တာကိုယ်လုပ်ပြီး ရနေတဲ့ပိုက်ဆံဝင်ငွေဖြစ်တဲ့အတွက် တကယ်တမ်းစဉ်းစားကြည့်လိုက်မယ်ဆိုရင်တော့ အတော်လေးမဆိုးဘူးလို့ဆိုလို့ရတဲ့ ပမာဏတစ်ခုပါပဲ။ ဘာတွေပဲြပောပြော စာရေးသူကတော့ PewDiePie ကိုငါးနှစ်ငါးမိုးဆက်တိုက်အားပေးလာခဲ့သူဖြစ်တဲ့အတွက် သူ့အစားဂုဏ်ယူအားရမိပါတယ်၊ သူဟာလူမှန်တစ်ယောက်ဖြစ်တဲ့အတွက် ဆက်ပြီးလည်း အားပေးသွားဦးမှာပါ။ အခုနှစ် ၂၀၂၀ ခုနှစ်မှာသာမက လာမယ့်နောင်နှစ်ပေါင်းများစွာမှာလည်း ဒီထက်မကများတဲ့ဝင်ငွေကိုရရှိပိုင်ဆိုင်ရင်း ချစ်ဇနီး Marzia နဲ့သက်ဆုံးတိုင်ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို အဆုံးသတ်လိုက်ရပါတယ်ဗျာ 💏👪
ကဲ PewDiePie aka Felix Kjellberg ကိုဂုဏ်ပြုတဲ့အနေနဲ့ Pewds ရဲ့ပရိသတ်တွေမှန်ရင် Brofist 👊 လေးလုပ်ကြရအောင်ဗျာ။
No comments:
Post a Comment