၂၀၂၀ ခုနှစ်၊ နွေရာသီအားအပ်ရက်မှာထွက်ရှိဖို့ ရာထားတဲ့ Playstation 5 နဲ့ပတ်သက်ပြီး Sony က ဘယ်လိုအရာတွေကို ထုတ်ဖော်ပြသသွားမလဲဆိုတာ တစ်ကမ္ဘာလုံးက ဂိမ်းချစ်ပရိသတ်တွေအားလုံး သိချင်နေကြပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်က ကျင်းပခဲ့တဲ့ ၂၀၂၀ ခုနှစ် CES ပွဲမှာ Playstation 5 ရဲ့ Official Logo ကို တရားဝင်ထုတ်ဖော်ချပြလိုက်တဲ့ သတင်းဟာ ဂိမ်းမီဒီယာပေါင်းများစွာနဲ့ ဂိမ်းလောကနယ်ပယ်တစ်ဝိုက်မှာ အတိုင်းအတာတစ်ခုအထိ ပွက်လောထခဲ့တာတော့ အမှန်ပါပဲ။ နှစ်တိုင်းနှစ်တိုင်းရဲ့နိုဝင်ဘာလမှာ ထွက်လေ့ရှိကြတဲ့ Playstation console ဂိမ်းစက်တွေရဲ့သမိုင်းကြောင်းအရ Sony အနေနဲ့ သူတို့ရဲ့အလားအလာရှိ မျိုးဆက်သစ်ဂိမ်းစက် Playstation 5 ကို ၂၀၂၀ ခုနှစ်ရဲ့နိုဝင်ဘာလမှာ ထုတ်ပေးသွားမယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ X Box အနေနဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာကတည်းက X Box Series X ရဲ့ဂိမ်းစက်ပုံစံနဲ့ အရွယ်အစားပမာဏကို ဗီဒီယိုနဲ့တကွ ပြသလိုက်တာမို့ ၂၀၂၀ ထဲဝင်တာနဲ့ Playstation ဆီက တစ်ခုခုကြားရမယ်လို့ ဂိမ်းလောကသုံးသပ်သူများက ကောက်ချက်ချနေကြပါတယ် 🗣
ဒါကြောင့်မို့ပဲ ယမန်နှစ် ၂၀၁၉ ခုနှစ် E3 ပွဲကိုတက်ရောက်ခြင်းမရှိခဲ့တဲ့ Sony အနေနဲ့ အခု ၂၀၂၀ ခုနှစ် E3 ပွဲမှာတော့ Playstation 5 ရဲ့သတင်းတစ်ခုခုကို အသေအချာ unveiling လုပ်သွားမှာပဲလို့ မှတ်ယူချင်စရာပါပဲ။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက လွန်ခဲ့တဲ့တစ်ရက်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က Sony အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်ရဲ့ E3 ပွဲမှာ တက်ရောက်ပါဝင်သွားမှာမဟုတ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ Sony အနေနဲ့ E3 ပွဲမှာတတ်ရောက်ဖို့ ရှောင်ထွက်ခဲ့တာ ဒီနှစ်နဲ့ဆိုရင် နှစ်နှစ်ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးသိခဲ့ကြတဲ့ Playstation ဂိမ်းလိုလိုဟာ ဟိုအရင် E3 ပွဲတွေမှာ ကြေညာပြသခဲ့တာဖြစ်သလို အခုအချိန်ထိရေပန်းစားနေတဲ့ Playstation 4 ဂိမ်းစက်အထိ E3 ပွဲတွေမှာပဲ တင်ဆက်ပြသခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Playstation 5 ထွက်ရှိလာမယ့် ၂၀၂၀ ခုနှစ်ဖြစ်တဲ့အတွက် Sony အနေနဲ့ ဒီနှစ် E3 ပွဲကို ပိုပြီးတော့တောင် ခေါင်းကြီးပိုင်းက တက်သင့်ပါသေးတယ် 📸✨
ဒါပေမယ့် ကျွန်တော်တို့အခုပြောနေတာက Sony နဲ့ Playstation ပါ။ အားလုံးကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့အတိုင်း Sony နဲ့ Playstation ဟာ ကျွန်တော်တို့ကို ဘယ်တုန်းကမှစိတ်မပျက်စေခဲ့ရပါဘူး၊ ဂိမ်းပလက်ဖောင်းအရရော၊ ဆော့ကစားနိုင်တဲ့ဂိမ်းတွေအရပါ တစ်ကမ္ဘာလုံးနဲ့ချီတဲ့ပရိသတ်တွေကို ရရှိထားတဲ့ Playstation အနေနဲ့ ဒီတစ်ခေါက်ရွေ့မယ့်အကွက်ကတော့ နားမလည်နိုင်လောက်အောင်ကို လျှို့ဝှက်လွန်းနေပါတယ်။ တစ်ခုသိရမှာက Sony နဲ့ Playstation လို brand မျိုးဟာ နာမည်ဂုဏ်သိက္ခာနဲ့ သြဇာပါ ကြီးမားတဲ့အတွက် E3 လို Convention ပွဲမျိုးကို တစ်ကိုယ်တော်ခင်းကျင်းပြသလို့ရတဲ့ အနေအထားရှိသလို သတင်းတစ်ခုခုထူးပြီဆိုရင်လည်း မီဒီယာပေါင်းစုံက အာရုံစိုက်ဖော်ပြမှုကို အထူးခံရတဲ့ အထာကျကျနေရာမှာရပ်တည်နေတယ်ဆိုတာပါပဲ။ ၂၀၂၀ ခုနှစ်ရဲ့ E3 ပွဲမှာ Sony မပါလည်း အခြားသောရင်ခုန်ဖွယ်ဂိမ်းပေါင်းမြောက်မြားစွာကြောင့် ကျွန်တော့်တော့ ရင်ခုန်နေပါပြီ။ တစ်ဖက်ကလည်း Sony အနေနဲ့ ဘယ်လိုမျိုးပုံစံနဲ့ ဈေးကွက်ထဲကိုထိုးဖောက်ဝင်ရောက်လာမှာလဲဆိုတာကလည်း မျက်ခြေမပျက်စောင့်ကြည့်နေရဦးမှာဖြစ်တဲ့အတွက် ၂၀၂၀ ခုနှစ်ကတော့ ကျွန်တော်တို့ ဂိမ်းချစ်ပရိသတ်တွေအတွက် ရင်ခုန်စရာကာလကြီးဖြစ်ပါတယ် 🤓
Yan
No comments:
Post a Comment