Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Wednesday, January 8, 2020

၂၀၂၀ ခုနှစ်ရဲ့ CES ပွဲမှာ Playstation 5 ရဲ့ Official Logo နဲ့ Hardware စွမ်းဆောင်ရည်တွေကို Sony ချပြခဲ့ 🖼



ပုံကိုကြည့်လိုက်တာနဲ့ လာမယ့် Playstation 5 ရဲ့ Logo ကို သိနေကြလောက်ပါပြီ။ ဒီသတင်းကိုသိပြီးတာ နှစ်ရက်နီးပါးရှိနေပြီဖြစ်ပေမယ့် ဒီသတင်းကိုရေးရတဲ့အကြောင်းကိုအခုမှပဲ ရေးဖြစ်ပါတယ်။ ပုံပါ Playstation 5 ရဲ့တရားဝင် Logo ကို၂၀၂၀ ခုနှစ် Sony ရဲ့ CES ပွဲမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး Playstation 5 မှာပါဝင်မယ့် အခြား hardware ပိုင်းကစွမ်းဆောင်ရည်တွေကို အကြမ်းဖျင်းတင်ဆက်သွားခဲ့တာဖြစ်ပါတယ်။ ဂိမ်းလောကတစ်ခုလုံးပါးစပ်အဟောင်းသားဖြစ်ရမယ့် သတင်းမျိုးမဟုတ်ပေမယ့် Playstation ချစ်သူများနဲ့ မျိုးဆက်သစ်ဂိမ်းလောကပြီုင်ပွဲကို စောင့်ကြည့်နေသူတွေ စိတ်ကျေနပ်သွားလောက်တဲ့ ထုတ်ဖော်ပြသမှုတစ်ခုပါပဲ။၂၀၂၀ ခုနှစ်ရဲ့ CES ပွဲမှာ Sony ပြသခဲ့ပုံအရ Playstation 5 မှာပါဝင်မယ့် hardware စွမ်းဆောင်ရည်တွေကတော့ 3D Audio Sound, Haptics/Adaptive Triggers, Ultra-High Speed SSD, Hardware-based Ray Tracing နဲ့ Ultra HD Blu-Ray တို့ပဲဖြစ်ကြပါတယ် 🌌🌄

အဲဒီထဲမှာပါဝင်တဲ့စွမ်းဆောင်ရည်အတော်အများများကို ဂိမ်းလောကအနေနဲ့ ယခင်ကတည်းကသိပြီးပြီဖြစ်ပေမယ့် ဒီတစ်ခေါက်မှာ Sony အနေနဲ့ 3D Audio Sound အသံပိုင်းအပေါ်မှာ အတော်လေးအာရုံစိုက်ထားတယ်လို့ သိရပါတယ်။ Hardware စွမ်းဆောင်ရည်တွေရဲ့ အသေးစိတ်လုပ်ဆောင်ချက်တွေကိုတော့ အတိအလင်းပြောကြားခြင်းမရှိသေးပေမယ့် လတ်တလောအခြေအနေအရတော့ မီဒီယာတော်တော်များများမှာ Playstation ရဲ့ Official Logo ဒီဇိုင်းပုံတွေကို တွေ့မြင်နေရပါတယ်။ ကျွန်တော့်အနေနဲ့ Sony ဖက်က Playstation 5 Official Logo ကို အခုလိုရိုးရှင်းတဲ့ပုံစံအဖြစ် သုံးစွဲထားတာကို ကျေနပ်အားရမိပါတယ်။ ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း Playstation brand ရဲ့အမှတ်တံဆိပ်ပုံစံကို ရှေးမူမပျက်ထိန်းသိမ်းထားနိုင်တဲ့စံနှုန်းကို ချီးကျူးရမှာအမှန်ပါပဲ။ ဒါဟာ အခုလာမယ့် Playstation 5 မှာတင်သာမက နှစ်ပေါင်းများစွာကြာသည်အထိ အနာဂတ်မှာလာမယ့် Playstation 8, 9,10 အတွက်လည်း ဒီလိုမျိုး Logo ပဲဖြစ်လိမ့်မယ်ဆိုတာ ကြိုတွေးလို့ရပါတယ်။ ဒီစာစောင်လေးကိုဖတ်ပြီး Playstaiton 5 ကို စောင့်မျှော်နေကြလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ နောက်ဆက်ပြီးလည်း မှန်ကန်တိကျပြီး ရင်ခုန်ဖို့ကောင်းတဲ့ဂိမ်းသတင်းနဲ့ ဆက်စပ်အကြောင်းအရာတွေအပြင်၊ ဂိမ်းလောကကိုယ်စီရဲ့ဇာတ်ကောင်သမိုင်းနဲ့ အခြားစိတ်ဝင်စားစရာဆောင်းပါးတွေကို ရေးသားတင်ဆက်ပေးသွားပါမယ်။ ဖတ်ရှုသူများကို ကျေးဇူးအထူးတင်လျက်ရှိတယ် 💜💜

Yan

No comments:

Post a Comment