၂၀၂၀ ခုနှစ်ရဲ့နွေရာသီအားလပ်ရက်မှာ Playstation 5 ကိုထုတ်ပေးသွားမယ်ဆိုတဲ့ ပြောကြားချက်ကြောင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်ခါနီးမှာကတည်းက ဂိမ်းလောကတစ်ခုလုံးအနေနဲ့ PS5 ရဲ့သတင်းအစအနတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ နားစွင့်စောင့်စားလို့နေပါတယ်။ လက်ရှိအချိန်မှာ PS5 ရဲ့ official logo ကိုပဲ ဖော်ပြရသေးပေမယ့် Playstation ပရိသတ်များအနေနဲ့ Sony ရဲ့နောက်မျိုးဆက်သစ်ဂိမ်းစက်အတွက် အလွန်တစ်ရာကို မြင့်မားတဲ့မျှော်လင့်ချက်များရှိနေပါတယ်။ အဲဒီလိုအတိုင်းထက်အလွန် ရင်ဖိုစိတ်လှုပ်ရှားဖို့ကောင်းနေတဲ့ကာလအပိုင်းအခြားမှာ Playstation YouTube ချန်နယ်က တင်ပေးလိုက်တဲ့ ဗီဒီယိုတစ်ခုကြောင့် ဂိမ်းချစ်သူများအနေနဲ့ Playstation 5 ရဲ့ဂိမ်းတွင်းအက်ရှင်တစ်ချို့နဲ့ brand new ဂိမ်းသစ်တစ်ခုကို မျက်ဝါးထင်ထင် အတိအလင်းတွေ့မြင်ခွင့်ရခဲ့ပါတယ်။ ဟုတ်ပါတယ်၊ အဲဒါကတော့ မျိုးဆက်သစ်ဂိမ်းလောကကို အရှိန်အဟုန်နဲ့ထိုးဖောက်ဝင်ရောက်လာတဲ့ Godfall ဂိမ်းရဲ့ Reveal Trailer ပဲ ဖြစ်ပါတယ် ☄️☄️
Godfall ဂိမ်းရဲ့ဗီဒီယိုထွေလာကို Playstation ချန်နယ်ကနေ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ တင်ပေးခဲ့တာဖြစ်ပြီး ဗီဒီယိုတစ်ခုလုံးမှာပါဝင်တဲ့ ပတ်ဝန်းကျင်မြင်ကွင်းနဲ့ အက်ရှင်လှုပ်ရှားမှုအားလုံးဟာ CGI cutscene တွေမဟုတ်ဘဲ တကယ့်ဂိမ်းတွင်းဆော့ကစားမှုတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ထွေလာကိုကြည့်ကြည့်မိချင်း ပထမဦးဆုံးခံစားရမိတာကတော့ ဂိမ်းတစ်ခုလုံးရဲ့ဂရုပ်ဖစ်ရုပ်ထွက်နဲ့ သစ်လွင်တဲ့ဇာတ်ကောင်ပုံစံတွေဟာ လုံးဝကိုပြောင်လက်ဝင်းပပြီး ချောမွေ့သေသပ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် Godfall ထွေလာမှာခံစားရတဲ့ အတွေ့အကြုံတစ်ခုလုံးဟာ မျိုးဆက်သစ်ဂိမ်းတွေရဲ့ စွမ်းဆောင်နိုင်စွမ်းတွေထဲကတစ်ခုဖြစ်ပြီး ပိုအထင်ကြီးစရာကောင်းတာက ထွေလာမှာဖော်ပြပါ footage တွေဟာ ဂိမ်းတွင်းဆော့ကစားမှု In-game content တွေဖြစ်တယ်ဆိုတာပါပဲ။ ဒါ့အပြင်ဒီဂိမ်းတစ်ခုလုံးရဲ့ အငွေ့အသက်၊ ဇာတ်ကောင်ပုံစံတည်ဆောက်မှုနဲ့ ဆန်းပြားသစ်လွင်မှုတို့ကြောင့် ဒီ Godfall ဂိမ်းဟာ ထွက်ရှိခဲ့ပြီးသား ဘယ်လိုဂိမ်းမျိုးနဲ့မှ မတူတဲ့ RPG/Action-Adventure/Looter-Slasher ဂိမ်းတစ်ခုလို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။ ဒီ Godfall ဂိမ်းကို Counterplay Games ကဖန်တီးရေးဆွဲပြီး Gearbox Publishing က Playstation 5 နဲ့ Microsoft Windows ပလက်ဖောင်းတို့မှာ အသီးသီး ဖြန့်ချိသွားမှာဖြစ်ပါတယ် 🎮🖱
သိရှိရတဲ့သတင်းအချက်အလက်များအရ ဒီဂိမ်းဟာ စိတ်ကူးယဉ်ဆန် စောက်ထာကျလွန်းတဲ့ High Fantasy လောကမျိုးမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ကိုယ်ဟာ နောက်ဆုံးကျန်ရစ်တဲ့ Knight's Order တွေထဲကတစ်ယောက်အဖြစ် ကမ္ဘာပျက်သုန်းမယ့်ဖြစ်ရပ်တွေကို တားဆီးကာကွယ်ရမယ်လို့ သိရပါတယ်။ ဒီဂိမ်းဟာ third-person အမြင်နဲ့ဆော့ကစားရမှာဖြစ်သလို စတိုင်ကျပြီးအနှစ်အရသာပါဝင်လွန်းတဲ့ အတိုက်အခိုက်စနစ် mastery-driven melee combat ကိုအသားပေးထားတာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီ Godfall ဂိမ်းဟာ ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းများနဲ့အတူ စည်းစည်းလုံးလုံးလက်တွဲပြီး အတူကစားသင့်တဲ့ co-op အမျိုးအစားဖြစ်တဲ့အပြင် တစ်ယောက်တည်း solo ကစားသူများကလည်း လက်လွှတ်မခံသင့်တဲ့ အသစ်စက်စက် Playstation 5 ဂိမ်းတစ်ခုပါ။ ကျွန်တော်ကတော့ ကျွမ်းကျင်ပိရိသေသပ်လွန်းတဲ့အတိုက်အခိုက်စနစ်နဲ့ ရင်သပ်ရှုမောဖို့ကောင်းတဲ့ ဇာတ်ကောင်ပုံစံတွေကြောင့် ဒီဂိမ်းကိုတော့ အကောင်းဖက်ကပိုမြင်နေပါတယ်။ ကဲ ဒီတော့ ဘာတွေဆက်လာဦးမှာလဲဆိုတာကတော့ စောင့်ကြည့်ရမှာ ဂိမ်မာတွေရဲ့ တာဝန်ပါ။ Sony အနေနဲ့ Playstation 5 ရဲ့ပထမဦးဆုံးတရားဝင်ဂိမ်းတစ်ခုအဖြစ် Godfall ဂိမ်းကို ထုတ်ပြတယ်ဆိုကတည်းကိုက အဲဒီဂိမ်းနဲ့ပတ်သက်ပြီးတစ်ခုခုတော့ မျှော်လင့်ထားတဲ့ပုံပါပဲ။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးပါ၊ ဂိမ်းတွင်းအကြောင်းအရာများနဲ့ အခြားစိတ်ဝင်စားဖွယ်ဆောင်းပါးတွေကို ပေ့ချ်မှာပုံမှန်တင်ဆက်ပေးသွားမှာပါ 🤓💜



Yan
No comments:
Post a Comment