Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, January 10, 2020

မျှော်လင့်ချက်ပေါင်းများစွာဆုပ်ကိုင်ထားတဲ့ Batman ဂိမ်းသစ်မှာပါဝင်လာမယ့် Logo သစ်တစ်ခုကို Warner Bros Games Montreal ထုတ်ဖော်ပြသ 🦇🦇


DC Comics ရဲ့ Batman ဇာတ်ကောင်ဟာ ရုပ်ပြကာတွန်းနဲ့ Live Action ရုပ်ရှင်တွေသာမက ဂိမ်းစီးရီးအနေနဲ့လည်း တစ်ဟုန်ထိုးနာမည်ကျော်ကြားအောင်မြင်တဲ့ franchise တစ်ခုဖြစ်ပါတယ်။ ခုနှစ်အသီးသီးနာမည်ကောင်းမြောက်မြားစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ Batman: Arkham Asylum, Origins, Knight အစရှိတဲ့ဂိမ်းတွေဟာ ဂိမ်းချစ်သူပရိသတ်များရဲ့ ရင်ထဲမှာစွဲကျန်အမှတ်ရနေခဲ့တဲ့ ဂိမ်းတွေဖြစ်ပါတယ်။ Batman franchise အနေနဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ Batman: Arkham Collection ဆိုတဲ့ ဂိမ်းသုံးမျိုးစလုံးရဲ့ Remastered ဗားရှင်းကိုတစ်စုစစည်းတည်း ပေါင်းစည်းထုတ်ပေးခဲ့ပေမယ့် ဇာတ်ကြောင်းနဲ့ ဂိမ်းကစားဟန်အသစ်ပါမဝင်တဲ့ ဂိမ်းသစ်တစ်ခုမဟုတ်တဲ့အတွက် ၂၀၁၅ ကနောက်ဆုံးထွက်ရှိခဲ့တဲ့ Batman: Arkham Knight ဟာ စီးရီးရဲ့နောက်ဆုံးဂိမ်းလို့ မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်ကနေ အခု ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအထိ အချိန်ငါးနှစ်အတွင်းမှာ Warner Bros Games Montreal အနေနဲ့ Batman ဂိမ်းသစ်ကို ဖန်တီးရေးဆွဲနေတယ်ဆိုတဲ့အကြောင်း အမျိုးမျိုးသောကောလဟာလတွေနဲ့ သတင်းအချက်အလက်အမှန်တွေပါ ထွက်ရှိခဲ့ပါတယ် 📰

ပထမဦးဆုံးမှတ်မှတ်ရရဖြစ်စေမယ့် သတင်းတစ်ခုကတော့ လာမယ့် Batman ဂိမ်းအသစ်ရဲ့အမည်ဟာ Batman: Arkham Legacy ဖြစ်မယ်ဆိုတာပါပဲ။ ဘယ်နေရာကနေ leak ဖြစ်ခဲ့မှန်းမသိပေမယ့် ဒီသတင်းနဲ့ပတ်သက်လို့ Rocksteady ကရော Warner Bros Games Montreal ကပါ အကြောင်းပြန်ခြင်းမရှိတာကြောင့် အနာဂတ်ရဲ့ Batman ဂိမ်းသစ်ကို Arkham Legacy လို့ပဲ ဂိမ်းမီဒီယာများနဲ့ ပရိသတ်တွေက ခေါ်ဝေါ်လျက်ရှိပါတယ်။ လတ်တလောကမှ Tease လုပ်လိုက်တာကတော့ WB Games Montréal အနေနဲ့ သူတို့ရဲ့ Twitter Profile မှာ ဂေါ်သန်မြို့ရဲတပ်ဖွဲ့ကိုယ်စားပြုအမှတ်တံဆိပ်လို့ ယူဆရတဲ့ သိမ်းငှက်၊ ဓားနှစ်လက်ပါတဲ့ဒိုင်းနဲ့ ကြယ်ပွင့် logo ကို တင်ပေးခဲ့လို့ပါပဲ။ အဲဒီလို Logo နဲ့အလားတူစွာပဲ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကလည်း နတ်ဆိုးတစ်ယောက်ရဲ့မျက်နှာပြင် Logo ကိုတင်ပေးခဲ့ပြီး အဲဒီ Logo ဟာ Ra's Al Ghul ရဲ့ League of Assassins အဖွဲ့ကိုရည်ညွှန်းထားတယ်လို့ ဆိုပါတယ်။ လောလောဆယ်အထိတော့ ဂိမ်းတစ်ခုလုံးနဲ့ပတ်သက်ပြီး အဲဒီ Logo နှစ်ပုံကိုပဲ သိရသေးပေမယ့် အောက်ပါပုံအရတော့ Logo ကွက်လပ်ပေါင်း လေးခုကျန်ရှိနေသေးတဲ့အတွက် DC Universe ထဲက ဘယ်လိုမျိုးအဖွဲ့အစည်းတွေက Batman: Arkham Legacy ဂိမ်းမှာ ပါဝင်သွားမလဲဆိုတာ ရင်ခုန်ဖွယ်စောင့်ကြည့်ရတော့မှာပါ 🖤

သေချာသလောက်ရှိတာတစ်ခုကတော့ လာမယ့် Batman: Arkham Legacy ဂိမ်းမှာ Bruce Wayne ရဲ့အဓိကရန်သူဟာ Count of Owls ဖြစ်မယ်ဆိုတာပါပဲ။ Gotham ရဲ့တော်ဝင်တွေချည်းစုပေါင်းဖွဲ့စည်းပြီး မြို့ကိုတစ်ဖက်တစ်လမ်းကချူပ်ကိုင်နေတဲ့ Count of Owls ကို ၂၀၁၁ မှာ စတင်မိတ်ဆက်လိုက်ကတည်းက ပရိသတ်တွေကအကြိုက်တွေ့ခဲ့ကြတာဖြစ်တဲ့အတွက် ဂိမ်းစီးရီးထဲမှာလည်း ထည့်သွင်းဖို့ ဖြစ်နိုင်ချေများပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့နှစ်နှစ် ၂၀၁၈ ခုနှစ်တုန်းက Scott Synder ကိုယ်တိုင် hashtag တွဲပြီး Wait of it... #bewarethecountofowls ဆိုတဲ့ Tweet ကို Twitter မှာတင်ပေးခဲ့တဲ့အတွက် Batman: Arkham Legacy မှာ Count of Owls ပါဝင်လာဖို့က ကြိမ်းသေသလောက်ပါပဲ။ ကဲ ဒါလောက်ဆိုရင် ဂိမ်းပရိသတ်တွေရော Comics ပရိသတ်တွေပါ ဒီသတင်းကိုဖတ်ပြီး ရင်ခုန်နေကြမယ်ထင်ပါတယ်။ လာမယ့်ဆောင်းပါးတွေမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းသတင်းအကြောင်းအရာကို တင်ဆက်ပေးသွားမှာမို့ စောင့်ဆိုင်းပေးကြပါဦး 🦉🤓


Yan

No comments:

Post a Comment