Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Sunday, January 12, 2020

Marvel ရဲ့ Anti-hero Vampire ဖြစ်တဲ့ Morbius နေရာမှာ အသက်ဝင်ပီပြင်စွာ သရုပ်ဆောင်ထားတဲ့ Jared Leto ကို ဒီတစ်ခေါက်မှာရော ဘယ်လိုတွေ့မြင်ရမလဲ? 🧛‍♂️⚰️


လက်ရှိ ၂၁ ရာစုဟာ မြောက်မြားလှတဲ့ Comics ဇာတ်ကောင်တွေ Live-Action အဖြစ်နဲ့ ရုပ်ရှင်ပရိသတ်တွေဆီ တစ်သုတ်ပြီးတစ်သုတ်ရောက်ရှိလာတဲ့ခေတ်ဖြစ်တာကြောင့် ၂၀ ရာစုကတည်းက ရုပ်ပြကာတွန်းရဲ့ Juggernaut နှစ်ဦးဖြစ်ကြတဲ့ DC နဲ့ Marvel ဟာလည်း နာမည်ကျော်ကြားတဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများနဲ့ လက်တွဲပြီး Live-Action ရုပ်ရှင်ပေါင်းများစွာကို ရိုက်ကူးဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။ အဲဒီထဲမှာမှ အရည်အချင်းရှိတဲ့သရုပ်ဆောင်တွေရဲ့အနုပညာတင်ဆက်မှုနဲ့ ရွေးချယ်ထားတဲ့ ဇာတ်ကောင်စရိုက်လိုက်ဖက်မှုတို့ကြောင့် Comics ပရိသတ်တွေရော၊ ရုပ်ရှင်ချစ်ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့ရတဲ့ဇာတ်ကားတွေရှိခဲ့သလို မှန်းချက်နဲ့နှမ်းထွက်လုံးဝမှမကိုက်ခဲ့ပဲ အသားတင်ဝင်ငွေရဖို့နေနေသာသာ ခွက်ခွက်လန်အောင် အရှုံးပေါ်ခဲ့တဲ့ရုပ်ရှင်တွေဟာလည်း မနည်းမနောပါပဲ။ ဇာတ်ကောင်သစ်တစ်ယောက်ကို Live-Action ရုပ်ရှင်ဇာတ်ကားပေါ်မှာ ပွဲထုတ်ပြီဟေ့ဆိုရင် သရုပ်ဆောင်နဲ့ ဇာတ်ကောင် ဘယ်လောက်ထိလိုက်ဖက်မှုရှိရှိ ရိုက်ကူးထုတ်လုပ်သူတွေဖက်က အနည်းနဲ့အများတော့ risk ယူရစမြဲဆိုတာ Live-Action လောကရဲ့ နိယာမတစ်ခုလိုဖြစ်နေပါပြီ 📽🎬

ကိုယ့်ဖက်ကအကောင်းဆုံးကြိုးစားထားပေမယ့် franchise ကိုအသည်းစွဲကြိုက်တဲ့ လူထုပရိသတ်ရဲ့အမြင်နဲ့ ကိုယ့်ရဲ့စင်တင်ဆက်မှုဟာ ကွဲပြားမှုတစ်ချို့ရှိတဲ့အခါ မလိုလားအပ်တဲ့ပဋိပက္ခတွေဟာ ဖြစ်ရစမြဲပါ၊ ဥပမာဆိုရရင် Jared Leto ရဲ့ Suicide Squad က Joker နဲ့ Henry Cavill ရဲ့ Witcher စီးရီးက Geralt ကိုပဲ ကြည့်ကြည့်လိုက်ပါ။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ Joker ဇာတ်ကောင်သရုပ်ဖော်မှုမှာ မီဒီယာနဲ့ပရိသတ်တွေ ဝေဖန်ပြစ်တင်ပြောဆိုမှုတွေကို ဒုနဲ့ဒေးရရှိခဲ့တဲ့ Jared Leto အနေနဲ့ DC Universe ကနေ Marvel Universe ကို ကူးပြောင်းပြီး Spiderman ရဲ့ရန်သူတော်တစ်ယောက်ဖြစ်တဲ့ Living Vampire အဖြစ် အသက်ပြန်ဝင်နိုးထလို့လာပါပြီ။ ၂၀၁၇ ခုနှစ်ကတည်းက ရိုက်ကူးမှုအဆင့်ဆင့်ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်တဲ့ Morbius ရဲ့တစ်ကိုယ်တော်လုံးချင်းဇာတ်ကားမှာ Jared Leto ကို ဘယ်လိုပုံစံနဲ့တွေ့ရမလဲဆိုတာကတော့ ရင်ခုန်စရာပါပဲ။ DC ရဲ့ Joker အဖြစ် ပရိသတ်တွေရဲ့လက်ခုပ်သြဘာနဲ့ဝေးကွာခဲ့တဲ့ Jared Leto ဟာ အခုအချိန်မှာတော့ Marvel ရဲ့အသက်မဲ့သွေးစုပ်ဖုတ်ကောင် Morbius အဖြစ် ပိတ်သားပေါ်မှာ အားလုံးကို အငြိုးအတေးနဲ့ အသည်းစွဲကြိုက်သွားအောင် သရုပ်ဖော်သွားတော့မှာပါ ✨🤵

ဒီဇာတ်ကားကို ၂၀၂၀ နှစ်လယ်ပိုင်း၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ပေးသွားမှာဖြစ်ပြီး ဇာတ်ကားနဲ့ပတ်သက်တဲ့ထွေလာတို့၊ ဇာတ်ကားပိုစတာတို့၊ ဓါတ်ပုံတို့ အစရှိတာတွေကတော့ မထွက်လာသေးပါဘူး။ ဒါပေမယ့် ဇာတ်ကားထွက်ရှိလာမယ့် အချိန်ဟာ အမှန်တကယ်ဆို သိပ်မလိုတော့တာဖြစ်တဲ့အတွက် Morbius ဇာတ်ကားကို promote လုပ်မယ့် ထွေလာတွေ၊ ဗီဒီယိုအပိုင်းအစတွေကတော့ မကြာခင်မှာ ထွက်ရှိလာတော့မယ်လို့ ယူဆရပါတယ်။ ကဲ ဒီတော့ အားလုံးပဲ အဆုံးထိဖတ်ရှုပေးတာကို ကျေးဇူးတင်ပါတယ်။ ပေ့ချ်ကိုတည်ထောင်ခဲ့ရတဲ့ ရည်ရွယ်ချက်အတိုင်း စိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းသတင်းတွေနဲ့ အခြားဆက်စပ်အကြောင်းအရာတွေကို ဆောင်းပါးအသွင်နဲ့သော်လည်းကောင်း၊ ဗီဒီယိုအသွင်နဲ့သော်လည်းကောင်း ပုံမှန်တင်ဆက်ပေးသွားပါမယ်။ ဖတ်ရှုပြီး မျှဝေခံစားသူများကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း 🖤🖤


Yan

No comments:

Post a Comment