Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, March 28, 2024

ကျွန်တော်သဘောကျတဲ့ဂိမ်းနာမည်များနဲ့ မြန်မာလိုပြန်ဆိုကြည့်တဲ့အခါ အထာပိုကျတဲ့အဓိပ္ပါယ်ရှိသောအမည်များ 🦚

ဂိမ်မာများကိုပြောပြချင်နေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ အဲဒါက‌တော့ဂိမ်းနာမည်တွေနဲ့ပတ်သက်ပါတယ်၊ ဂိမ်းနာမည်တွေဆိုတာထက် အမိဘာသာစကားနဲ့သက်ဆိုင်ပြီး အနက်ထိထက်ဆင်းမယ်ဆိုရင် ကိုယ်သုံးစွဲနေတဲ့ဘာသာစကားအပေါ်  á€€á€ťá€˝á€”á€şá€á€ąá€Źá€şá€á€­á€Żá€ˇá€™á€źá€„á€şá€á€˛á€ˇá€Ąá€™á€źá€„á€şá€á€…á€şá€á€Żá€œá€Żá€śá€¸á€”á€˛á€ˇ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ လူ့လောကထဲမှာနာမည်များဟာ အရေးပါသလို အနုပညာနယ်ပယ်ထဲကထုတ်ကုန်များဖြစ်ကြတဲ့ သီချင်း၊ ရုပ်ရှင်များလို ဗီဒီယိုဂိမ်းများမှာလည်း အမည်ပေးကင်ပွန်းတပ်ဆိုတာ လွန်စွာမှအရေးကြီးပါတယ်။ တကယ်တော့အမည်နာမဆိုတာ ကျွန်တော်တို့ဖြစ်တည်မှုနေရာတိုင်းမှာ နက်ရှိုင်းစွာပါဝင်ပတ်သက်နေတဲ့နာမ်စားအခေါ်အဝေါ်မျိုးပါ။ ဒီစာကိုဖတ်မိတဲ့ဂိမ်မာတိုင်းမှာ အမည်ကိုယ်စီရှိကြပါတယ်၊ အဲအမည်ဟာ မည်သူမည်ဝါကပေးခဲ့သည်ဖြစ်စေ ကိုယ့်ရဲ့ဖြစ်တည်မှုအလုံးစုံပါပဲ။ ကျောင်းသားကတ်မှာ၊ မှတ်ပုံတင်မှာ၊ ပတ်စပို့မှာ၊ ဘွဲ့လက်မှတ်မှာအစရှိသဖြင့် ကိုယ့်ကိုပေးခဲ့တဲ့နာမည်ဟာ ကိုယ်အိမ်ထောင်ပြုတဲ့အချိန်၊ သေဆုံးချိန်အထိ အကျုံးဝင်နေမှာဖြစ်ပါတယ်။ အမည်ဆိုတာ ကိုယ့်နိုင်ငံကတရားဝင်သုံးစွဲတဲ့ အမျိုးသားဘာသာစကားနဲ့ပေးထားတဲ့ နာမ်စားတစ်ခုပါ။ စာရေးသူဒီမှာ‌ ပထမဦးဆုံး ပြောြပချင်တဲ့အကြောင်းအရာကတော့ ကိုယ့်ဘာသာစကားအပေါ် ကျွန်တော်တို့မြင်တဲ့အမြင်ပါ။ ဂိမ်မာများဟာ လူငယ်များပီပီ အရာရာကိုစူးစမ်းချင်ကြတယ်၊ အသစ်အဆန်းဆိုရင် တွေ့မြင်ခံစားချင်ကြတယ်၊ လက်တည့်စမ်းချင်တယ်၊ ဂိမ်းများကိုစဆော့မိတာလဲ အဲလိုအခြေအနေမျိုးကစတာပါပဲ။ ဂိမ်မာများအဲသလိုတွေးမိလားတော့ မသိပါ၊ စာရေးသူကတော့ ဂိမ်းတစ်ခုရဲ့အနုပညာမြောက်မှု၊ ကောင်းမွန်မှု၊ လူသိများမှုဟာ သူတို့ရဲ့နာမည်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ယူဆထားပါတယ်။ ကျွန်တော်တို့ဟာ ဘာသာကွဲစကားလုံးတစ်လုံးကိုတွေ့ရင် ကိုယ့်အမိဘာသာစကားနဲ့ မသိစိတ်ကအလိုလျောက်ပြန်ဆိုပြီးမှ သူဆိုလိုတဲ့အဓိပ္ပါယ်ကိုနားလည်တတ်ကြတာပါ đŸŒŽ

ဥပမာဆိုရရင်
Gears of War ဆိုတဲ့နာမည်ကိုပဲ ကြည့်ပါ။ မြန်မာလိုပြန်ဆိုမယ်ဆိုရင် စစ်လက်နက်၊ စစ်ပွဲကိရိယာ၊ စစ်အသုံးအဆောင်စသဖြင့် အဓိပ္ပါယ်ဖွင့်နိုင်ပြီး သူ့နာမည်ဟာ ဂိမ်းရဲ့တည်ဆောက်ထားပုံ၊ ဆော့ကစားပုံ၊ ဇာတ်ကောင်တွေနဲ့လည်း လွန်စွာကိုက်ညီတဲ့ဂိမ်းမျိုးပါ။ စာရေးသူသဘောကျရတဲ့ Resident Evil ဆိုရင်လည်း “အမြဲတမ်းရှိနေမယ့်မကောင်းဆိုးရွား” Evil Within ဆိုရင် “ကိန်းအောင်းနေသောမကောင်းဆိုးရွား”လို့ပြန်ဆိုနိုင်ပါတယ်။ မြန်မာလိုပြန်ဆိုရင် လွန်စွာမှ အထာကျသောအမည်ပေါင်းများစွာရှိပါသေးတယ်။ အဲဒါတွေကတော့


Resident Evil ဆိုရင် “အမြဲတမ်းရှိနေမယ့်မကောင်းဆိုးရွား”၊ “ထာဝရရှိနေမယ့်မကောင်းဆိုးရွား”
Evil Within ဆိုရင် “ကိန်းအောင်းနေသောမကောင်းဆိုးရွား”၊ “ရင်ထဲကမိစ္ဆာ”။
Final Fantasy ဆိုရင် “နောက်ဆုံးသောစိတ်ကူးယဥ်ခြင်း”၊ “အဆုံးသတ်စိတ်ကူး”။
Devil May Cry ဆိုရင် “နတ်ဆိုးတစ်ကောင်တောင် ငိုနိုင်တယ်”၊ “နတ်ဆိုးကျနိုင်တဲ့မျက်ရည်”။
Ghost of Tsushima ဆိုရင် “ဆူရှီးမားကျွန်းကတစ္ဆေ”။
God of War ဆိုရင် “စစ်ပွဲနတ်ဘုရား”။
Shadow of Mordor ဆိုရင် “မော်ဒေါရဲ့အရိပ်”။
Baldur’s Gate ဆိုရင် “ဘောလ်ဒါရဲ့ဂိတ်တံခါး”။
Legend of Zelda ဆိုရင် ဇယ်လ်ဒါရဲ့ဒဏ္ဏာရီ”။
Dishonored ဆိုရင် “ဂုဏ်သိက္ခာမဲ့သူ”၊ “ဂုဏ်သိက္ခာမရှိ”။
Grand Theft Auto ဆိုရင် “မဟာဆန်သောဖောက်ထွင်းမှု”၊ “ခိုးယူမှုအကြီးစား”။
Prince of Persia ဆိုရင် “ပါရှားပြည်ကမင်းသားတစ်ပါး”။
God Hand ဆိုရင် “ဘုရားသခင်ရဲ့လက်တစ်ဖက်”။
Counter Strike ဆိုရင် “တန်ပြန်တိုက်စစ်ဆင်ခြင်း”။
Assassin’s Creed ဆိုရင် “လူသတ်သမားလမ်းစဥ်”၊ “လျှို့ဝှက်သူတို့အယူဝါဒ”

စသဖြင့် မြန်မာဘာသာနဲ့ဆို ပိုမို‌လေးနက်တဲ့အဓိပ္ပါယ်ကိုဖော်ဆောင်တဲ့ဂိမ်းနာမည်တွေမှ အများကြီးပါ။ တစ်ခုရှိတာက အဓိပ္ပါယ်ကိုယ်စီရှိတဲ့သတ်ပုံတွေကိုစုပေါင်းပြီး နာမည်အဖြစ်ပေးထားကြတဲ့ ချွင်းချက်အမည်မျိုးရှိသလို လက်တင်အက္ခရာကိုပဲ စကားလုံးကွန့်မြူးတီထွင်ထားတဲ့ အမည်များလည်းရှိကြပါတယ်။ အဲဒါတွေကတော့
Metal Gear Solid တို့လို၊ Red Dead Redemption တို့လို၊ Fortnite တို့လို၊ The Witcher တို့လို၊ Skyrim တို့လို အမည်များပါ။ မြန်မာဘာသာအရဆိုရင် ဖြိုးဓန၊ မယ်ဇလီ၊ ကေသီပန်၊ ကမ္ဘောဇ၊ ဧရာဝတီတို့လို သီးခြားစကားလုံးမျိုးဖြစ်ပါတယ်။ အခုစာဖတ်နေချိန်မှာ ဂိမ်းနာမည်တွေကိုမြန်မာလိုပြန်ဆိုထားလို့ လှောင်ပြောင်ချင်စရာ၊ ဟာသတစ်ခုလိုမြင်ချင်စရာ၊ ပေါတောတောဆန်တယ်လို့ထင်မိတဲ့ အမြင်မျိုး စာဖတ်သူမှာဖြစ်ရင်ဖြစ်လာနိုင်ပါတယ်၊ ကျွန်တော်လိုချင်တာကလည်း ဒါပါပဲ။ ဒါဟာဘာကြောင့်လည်းဆိုတော့ ကိုယ့်ရဲ့အမိဘာသာစကားကို တွေ့မြင်နေကျမဟုတ်တဲ့နေရာမျိုးမှာ တွင်တွင်ကျယ်ကျယ်သုံးစွဲထားတာကို တွေ့ရလို့ဖြစ်ပြီး အင်္ဂလိပ်စကားလုံးတွေကို မြန်မာလိုပြန်ရင် မလန်းဘူး၊ မမိုက်ဘူး၊ အထာမကျဘူးဆိုတဲ့ မသိစိတ်၊ ကိန်းအောင်းနေတဲ့စိတ်က ကိုယ့်ကို အဲဒီလိုခံစားရစေတာဖြစ်ပါတယ်။ ဒါတွေဟာဘာကြောင့်ပါလဲ? တစ်ချက်လောက်ရှင်းပြပါရစေ đŸ‘¨đŸťâ€đŸŽ¨


နေရာတိုင်းက (အင်တာနက်ကရှာဖို့ခွင့်ပြုထားတဲ့) သတင်းအချက်အလက်တွေကို အလွယ်တကူသိရှိနိုင်တဲ့ခေတ်မျိုးမှာ ကျွန်တော်တို့နိုင်ငံသားတွေဟာ မြန်မာဘာသာစကားနဲ့ ကြားနေ၊ မြင်နေ၊ တွေ့နေရတဲ့သမားရိုးကျနေရာတွေထဲကမဟုတ်တဲ့ တခြားတစ်နေရာရာမှာ မြန်မာဘာသာစကားအသုံးပြုထားတာကိုတွေ့ရရင် အဆိုးအမြင်၊ ကဲ့ရဲ့တဲ့အမြင်၊ လှောင်ပြောင်ချင်တဲ့အမြင်နဲ့ ကြည့်ကြတာများပါတယ်။ အဲဒါဘာကိုဆိုလိုသလဲဆိုတော့ မြန်မာဘာသာနဲ့ နောက်ခံစကား‌ပြောထည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဂျပန်ကာတွန်းကားတွေ၊ ဂိမ်းတွေတွေ့ရင် မျက်နှာရှုံ့ကြတယ်။ မြန်မာဘာသာစကားနဲ့ထည့်သွင်းရေးသားထားတဲ့ အယ်ပလီကေးရှင်းတွေ၊ ဆော့ဖ်ဝဲတွေ၊ လူမှုကွန်ယက်တွေသုံးရင် ခေတ်မမှီဘူးဆိုပြီးမြင်ကြတယ်။ ယုတ်ဆွအဆုံး လူမှုကွန်ယက်တွေမှာတောင် တစ်ယောက်နဲ့တစ်ယောက် ကွန်မန့်ပေး၊ စာပြန်တာကအစ မြန်မာဘာသာစကားနဲ့ဆိုရင် အောက်တယ်၊ ပညာမဲ့တယ်ဆိုတဲ့အတွေးအမြင်ဟာ လူတော်တော်များများမှာ ကိန်းအောင်းပြီးတည်ရှိနေပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ကိုယ့်ရဲ့အမိဘာသာစကားဟာ အခြားဘာသာများနဲ့ယှဥ်ရင် ပိုမိုနိမ့်ကျတယ်၊ ခေတ်မမှီဘူး၊ လူအထင်သေးတယ်၊ တောဆန်တယ်လို့ယူဆနေတဲ့ မသိစိတ်ကသိမ်ငယ်ခြင်းမျိုးပဲဖြစ်ပါတယ် đŸ˜Ą



ဒီပြဿနာရဲ့အဖြေကိုရှာတဲ့အခါ ဒါဟာကျွန်တော်တို့ကိုအုပ်စိုးခဲ့တဲ့ အစိုးရအသီးသီးရဲ့ နိုင်ငံ၊ လူမျိုး၊ သမိုင်း၊ ဘာသာစကားကို ချစ်နှစ်သက်စေတဲ့ မျိုးချစ်စိတ်ထည့်သွင်းပေးမှုနဲ့ဆိုင်သလို ကမ္ဘာပေါ်မှာရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့အနေအထား (စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ နိုင်ငံရေး) နဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဒ့ါအပြင် အင်တာနက်ကိုအတိုင်းအတာတစ်ခုထိ မထိန်းချုပ်ထားပဲ နိုင်ငံသားတွေကို ရေကာတာဖွင့်သလို ဖွင့်ပေးလိုက်တာနဲ့ အများကြီးဆက်နွယ်နေပါသေးတယ်။ သာသာစကားနဲ့ ပတ်သက်ပြီး အခုထိအမှတ်ရနေတဲ့ အတွေ့အကြုံတစ်ခုကို ဂိမ်မာများကို ပြန်ပြောပြချင်ပါတယ်။ အသက်နှစ်ဆယ်အရွယ်တုန်းက စာရေးသူအလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားရုံးက ဗီယက်နမ်နိုင်ငံသားဟာ သူ့ကွန်ပျူတာအသစ်ကို စားပွဲပေါ်မှာဖွင့်ဖွင့်ပြီးချင်း ပထမဦးဆုံးလုပ်တဲ့အရာဟာ ဘာလဲဆိုတော့ ဘာသာစကားဆက်တင်ဆီသွားပြီး ကွန်ပျူတာတစ်ခုလုံးကို သူ့အမိဘာသာအဖြစ်ပြောင်းလဲလိုက်တာပါပဲ။ ဒါဟာတကယ့်ကိုသေးငယ်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေမယ့် စာရေးသူ အခုအချိန်ထိအမှတ်ရသလို အတုယူတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာရှသားများဖြစ်တာကြောင့် အာရှနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဆော်ဒီ၊ အီရမ်၊ ယိုးဒယား၊ ဗီယက်နမ်တို့ကိုပဲ ဥပမာကြည့်ပါ၊ သူတို့နိုင်ငံအတွင်းက ဆိုင်းဘုတ်တွေ၊ သင်္ကေတတွေ၊ ဆိုင်ခန်းတွေမှာ လက်တင်အက္ခရာ (အင်္ဂလိပ်ဘာသာစကားအပြင် အခြားဥရောပဘာသာများရေးသားရာတွင် အသုံးပြုသည့်အက္ခရာ) ကိုလုံးဝအသုံးမပြုထားဘဲ ကိုယ့်အမျိုးသားအက္ခရာကိုသာ အသုံးအများဆုံးဖြစ်တယ်ဆိုတာ တွေ့မြင်ရမှာပါ။ အခြားအာရှစကားသင်ဖူးသူတွေဆို သိကြမှာပါ၊ ဂျပန်စကားမှာဆိုရင်
handsome တို့ strawberry တို့လို အင်္ဂလိပ်စကားလုံးကို သူတို့အက္ခရာနဲ့စာလုံးပေါင်းထားတဲ့သတ်ပုံအဖြစ်ပဲ ပြောဆိုရပါတယ်။ မြန်မာနိုင်ငံမှာတော့ restaurant ပြောတာတောင် ကိုယ်ကအသံထွက်မမှန်ရင် မျက်စောင်းထိုးကြည့်သူ၊ ကဲ့ရဲ့ချင်သူတွေက ထုနဲ့ဒေးဖြစ်ပါတယ် đŸ¤

လူတွေဟာ တွေ့ပါကြုံပါများတဲ့အရာ၊ လူပြောများရာကို အမှန်ထင်သွားတတ်တဲ့သဘောသဘာဝရှိပါတယ်။ ဒါကြောင့် ကိုယ့်အမိဘာသာစကားကို နေရာတိုင်းမှာမမြင်တွေ့ရတဲ့အခါ၊ အင်တာနက်အသုံးများတဲ့အခါ၊ တိုင်းတစ်ပါးကယဥ်ကျေးမှုနဲ့ မီဒီယာအပိုင်းအစတွေဟာလူထုကို အချိန်ပြည့်ကြီးစိုးလာတဲ့အခါ၊ ကိုယ့်အမိဘာသာစကားကို ကိုယ့်နိုင်ငံသားများကပြောဆိုသုံးစွဲရတာ ရှက်လာတဲ့အခါ၊ နေရာတိုင်းလိုလိုမှာ ရှုတ်ချကဲ့ရဲ့ကြတဲ့အခါ အခုလိုဖြေရှင်းရခက်တဲ့ လူမျိုးရေးဆိုင်ရာ၊ ယဥ်ကျေးမှုဆိုင်ရာပြဿနာမျိုးဟာ ကိန်းအောင်းဖြစ်တည်လာတော့တာပါပဲ။ ကျွန်တော်ဟာဂိမ်းတွေကိုချစ်မြတ်နိုးလို့၊ ငယ်ဘဝကဗီဒီယိုဂိမ်းများနဲ့ ကြီးပြင်းခဲ့လို့၊ ဂိမ်းများနဲ့စိတ်အပန်းဖြေသူတစ်ယောက်မို့ ဂိမ်းဆောင်းပါးတွေကို ရေးသားနေတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ဂိမ်းစာစောင်များမှာ အတတ်နိုင်ဆုံးမြန်မာဘာသာစကားကိုပဲ သုံးစွဲရေးသားပါတယ်။ ဒီနိုင်ငံမြေမှာနေ၊ ဒီနိုင်ငံရေကို‌သောက်ပြီး ရှင်သန်ကြီးပြင်းလာသူစစ်စစ်တွေကမှ ကိုယ့်ဘာသာစကားကို မချစ်မမြတ်နိုး၊ ကိုယ်စားမပြုဘူးဆိုရင် မည်သူမည်ဝါကလာပြီး ကျွန်တော်တို့အစား ကိုယ့်အမိဘာသာစကားကို ထိန်းသိမ်းမှာပါလဲ? အဓွန့်ရှည်တည်မြဲအောင် လက်ဆင့်ကမ်းမှာပါလဲ? ကဲ တွေးစရာလေးတစ်ခုပါ။ အင်္ဂလိပ်လိုရင်တော့
Fruit for Thought ပေါ့ဗျာ။ ဂိမ်မာများလည်းအားလုံး အမိဘာသာစကားကိုမြတ်နိုးတတ်ကြပါစေ။ မြန်မာလိုပြန်ဆိုရင် ပိုထိရောက်တဲ့ဂိမ်းနာမည်အချို့နဲ့ ဘာသာစကားနောက်ကွယ်က နက်ရှိုင်းမှုအချို့ကိုရော‌နှောပြီး အတွေးအမြင်သစ်တစ်ခုရဖွယ် တင်ဆက်ပေးလိုက်ပါတယ်။ နောက်လာမယ့် ဂိမ်းဆောင်းပါးတွေမှာလည်း ဘယ်လိုဂိမ်းအကြောင်းအရာမျိုးကို ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်ပေးကြဖို့ သတင်းစကားပါးရင် ဒီစာစောင်ကိုအဆုံးသတ်လိုက်ပါတယ်။ ဖတ်ရှုပေးသူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်လျက် đŸ™Œ

Yan

No comments:

Post a Comment