Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, October 11, 2019

ပုံစံအသစ်နဲ့တွေ့ရမယ့် DC ရဲ့ Wonder Woman 1894 ရုပ်ရှင်ထွေလာကို ဒီနှစ် ဒီဇင်ဘာလမှာ ထုတ်ပြသွားဖို့ရှိကြောင်းသိရ 🦸‍♀️✨



ရသမြောက်လွန်းတဲ့ Joker ရုပ်ရှင်ကိုကြည့်ပြီးသွားတာ တစ်ပါတ်တောင်မပြည့်သေးပေမယ့် DC ကတော့ တစ်လှမ်းပြီးတစ်လှမ်းဆိုသလို အရှေ့ကိုဆက်တိုက်သွားနေပါပြီ။ ၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ Wonder Woman ဇာတ်ကားဟာ ပရိသတ်များနဲ့မီဒီယာများက DC အပေါ်မှာ ထားရှိတဲ့အမြင်ကိုပြောင်းသွားစေတဲ့ လက်ရာမြောက်ဇာတ်ကားဖြစ်ပါတယ်။ Wonder Woman ရဲ့ ပကတိလှပကျော့ရှင်းမှုနဲ့ ရဲရင့်မှုကို ထိထိမိမိဖော်ကျူးခဲ့တဲ့ Gal Gadot ဟာ ဒီဇာတ်ကောင်ကိုသရုပ်ဖော်ဖို့ ရည်ရွယ်ချက်နဲ့ မွေးဖွားလာလေသလားလို့ ပရိသတ်များက အမွှန်းတင်ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ တစ်ကိုယ်တော်ဇာတ်ကားထွက်ခဲ့ပြီး လက်ရှိ ၂၀၁၉ ခုနှစ်အထိ ဒုတိယမြောက်အခွေနဲ့ပတ်သက်တဲ့ ဘာသတင်းအစအနမှာမကြားခဲ့ရပေမယ့် လာမယ့်ဒီဇင်ဘာလမှာ Wonder Woman 1984 ရဲ့ပထမဆုံးထွေလာကို ထုတ်ပေးသွားမယ်လို့ ဒါရိုက်တာ Patty Jenkins က အရိပ်အမြွက်ပြောခဲ့ပါတယ် 🗣💬

ဒုတိယမြောက် Wonder Woman ဇာတ်ကားရဲ့အမည်ဟာ Wonder Woman 1984 လို့သိရပြီး နောက်နှစ် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ အင်တာနက်ပေါ်တတ်လာတဲ့ ဓါတ်ပုံတွေအရတော့ Wonder Woman 1984 မှာ Diana ကို လုံးဝမတွေ့ဖူးတဲပုံစံအသစ်နဲ့တွေ့မြင်ရမှာဖြစ်ပြီး ရွှေရောင်ဝင်းနေတဲ့ချပ်ဝတ်တန်ဆာကို ဝတ်ထားတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကြောင်းဇာတ်အိမ် ဘယ်လိုလာမလဲမသိပေမယ့် ဒါရိုက်တာ Patty Jenkins ကတော့ ပရိသတ်တွေကိုလှုံ့ဆော်တဲ့အနေနဲ့ Wonder Woman 1984 ထဲကမြင်ကွင်းတချို့ကို ထွေလာမှာ ပြသချင်နေပုံပါပဲ။ နောင်လာမယ့်နှစ်တွေမှာထွက်ရှိလာမယ့် ပရောဂျက်တွေအရ Wonder Woman အပါအဝင်အခြား DC ဇာတ်ကောင်များရဲ့ ရုပ်ရှင်ပိတ်သားပေါ်က အနာဂတ်လမ်းကတော့ ဖြောင့်ဖြူးလို့နေပါတယ်။ အဲဒီတော့ ဒီဇင်ဘာလမှာချပြမယ့် Wonder Woman 1984 ထွေလာမှာ ဘာတွေကိုတွေ့ရမလဲ? ဘယ်လိုမျိုးရင်ခုန်ဖို့ကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ တည်ဆောက်ထားမလဲ? Diana နဲ့ရင်ဆိုင်မယ့် အဓိကရန်သူကရော ဘယ်သူလဲ? အစရှိတာတွေကိုတော့ လာမယ့်ဒီဇင်ဘာလမှာထွက်လာမယ့် Wonder Woman 1984 ထွေလာမှာ ပရိသတ်အားလုံးက သိရှိရတော့မှာဖြစ်ပါတယ် 🎞🎞


Yan

No comments:

Post a Comment