Epic Games ရဲ့ရှေ့ဆက်မယ့်ခြေလှမ်းတွေကတော့ သွက်လတ်လွန်းနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဂိမ်းလောကနဲ့ ရုပ်ရှင်လောကက ချစ်ပရိသတ်တွေရဲ့အသည်းစွဲ Gotham မြို့က အမှောင်ထုသူရဲကောင်း Batman နဲ့ သူ့ရဲ့နောက်လိုက် Catwoman တို့ကို Fortnite ဂိမ်းထဲ ထည့်သွင်းခဲ့လို့ပါပဲ။ Fortnite ချစ်ပရိသတ်များအနေနဲ့ Batman နဲ့ Catwoman တို့စုံတွဲကို အောက်တိုဘာလ ၆ ရက်နေ့မှာ စတင်ပြီး ဂိမ်းတွင်းဇာတ်ကောင်တွေ အဖြစ်ဆော့ကစားနိုင်ပြီး Batman ရဲ့ဝတ်ရုံ၊ Dark Knight ရုပ်ရှင်ဗားရှင်းဝတ်စုံနဲ့ အခြားဂိမ်းတွင်းအသုံးအဆောင်များပါဝင်တဲ့ ပက်ကေ့ချ်တွေင်မသာ Catwoman ရဲ့ဝတ်စုံတွေကိုပါ ပိုင်ဆိုင်နိုင်တဲ့အခွင့်အရေးနော်။
နောက်ထပ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက Batman နဲ့ Catwoman တို့ နှစ်ယောက်အပြင် DC ရဲ့နာမည်ကျော်ပြည်သူ့ဘက်တော်သားကြီး Batman ကိုယ်တိုင်စောင့်ကြပ်ကာကွယ်တဲ့ Gotham မြို့ကိုပါ Fortnite ဂိမ်းထဲ ထည့်သွင်းပေးသွားမှာပါ။ Gotham မြို့ကြီးထဲမှာ လေပေါ်ဝဲတဲ့ Glider နဲ့ လေဟုန်စီးသွားလို့ရတယ်၊ Batman ရဲ့အသုံးအများဆုံးလက်နက်တွေထဲကတစ်ခုဖြစ်တဲ့ Batarang နဲ့ပစ်ခိုက်ပြီး တိုက်ခိုက်နိုင်တယ်၊ ဒါ့အပြင် တကယ့် Batman တစ်ယောက်လိုခံစားချက်ကို ရရှိစေဖို့အတွက် Grapple Gun ကိုပစ်ပြီး အမြင့်ကိုတတ်နိုင်သလို အမှောင်ထုထဲမှာ ကိန်းအောင်းပြီး ဒုစရိုက်မှုတွေကို ကာကွယ်ဖို့အသင့်ပဲလေ။ ဒီတော့များများစားစားတွေးမနေကြနဲ့တော့၊ လာမယ့်အောက်တိုဘာလ ၆ ရက်နေ့မှာ Fortnite ဂိမ်းထဲ Batman နဲ့ Catwoman တို့အပြင် Gotham မြို့ကြီးကိုယ်တိုင်ပါလာပြီဆိုတော့ Fortnite ဂိမ်းချစ်သူတွေ အားရပါးရကြီးကို ပျော်နိုင်ပြီပေါ့။
No comments:
Post a Comment