ဂိမ်းလောကတစ်ခုလုံးစောင့်မျှော်နေတဲ့ Death Stranding ဂိမ်းဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ
ထွက်ရှိလာမှာဖြစ်ပြီး အဲဒီတစ်နေ့တည်းမှာပဲ Death Stranding ဂိမ်းချစ်သူများအတွက် အထူးသီးသန့်ဒီဇိုင်းနဲ့ တည်ဆောက်ဖန်တီးထားတဲ့ Playstation 4 Pro Console ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ပုံမှာတွေ့ရတဲ့အတိုင်း ထူးခြားပြီး သစ်လွင်တဲ့ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေတိုးမြှင့်ထားတဲ့ Playstation 4 Pro ကို မြင်သူတိုင်း လူချင်ကြမှာ အမှန်ပါပဲ။

ထွက်ရှိလာမယ့်ရက် နီးလာတာနဲ့အမျှ Death Stranding ဂိမ်းရဲ့အကြောင်းကို ပိုပိုပြီးသိလာရတာတော့ အမှန်ပါပဲ။ စက်တင်ဘာလအတွင်းမှာကျင်းပတဲ့ ၂၀၁၉ ခုနှစ်ရဲ့ တိုကျိုဂိမ်းပြပွဲ (Toyko Game Show) မှာ Death Stranding ဂိမ်းဖန်တီးရေးဆွဲသူနဲ့ ဒါရိုက်တာဖြစ်သူ Kojima က အကြမ်းတစ်နာရီစာရှိတဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်နဲ့ Death Stranding ဂိမ်းကစားဟန်ကို ကစားပြခဲ့ပါတယ်။ အဲဒီနေ့မတိုင်ခင်တစ်ရက်အလိုတုန်းကလည်း Kojima Production နဲ့ Sony တို့က Death Stranding ရဲ့ ၇ မိနစ်စာရှိတဲ့ဂိမ်းထွေလာကို ပြသခဲ့ပါသေးတယ်။
လတ်တလောကမှကျင်းပပြီးစီးသွားတဲ့ စက်တင်ဘာလရဲ့ Playstation ရဲ့ State of Play အပြီးမှာ Sony ဘက်က Death Stranding ရဲ့အထူးထုတ် Playstation 4 Pro Console နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဘလော့မှာတင်ပေးထားပါတယ်။

Yan
No comments:
Post a Comment