Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Tuesday, September 24, 2019

ဂိမ်မာများအားလုံးရဲ့ငယ်ဘဝကို အရောင်စုံလင်စေခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ပြည့် Nintendo ရဲ့မွေးနေ့အား ဂုဏ်ပြုဆုတောင်းရင်း



ဂိမ်မာတွေအားလုံးရဲ့ ငယ်ဘဝကို အရောင်စုံလင်စေခဲ့ပြီး ကြည်နူးဖွယ်အမှတ်တရတွေ ဖန်တီးပေးခဲ့တဲ့ Nintendo ဂိမ်းတွေဟာ ကျွန်တော်တို့ရင်ထဲ ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်တဲ့ ဖန်တီးမှုတွေပါပဲ။ မျက်မှောက်ခေတ်ရဲ့ လူငယ်ထုမျိုးဆက်သစ်တွေသာမက ကျွန်တော်တို့ကိုပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ လူကြီးမိဘများကိုယ်တိုင်တောင် Nintendo ဂိမ်းတွေကို ဆော့ပြီး ငယ်ဘဝကို ဖြတ်သန်းခဲ့ရတာပါ။ ဘယ်လိုမျိုး မျိုးဆက်သစ်ဂိမ်းတွေနဲ့ ဗီဒီယိုဂိမ်းတွေပဲ ထွက်ပေါ်လာပါစေ၊ Nintendo ကတော့ ကမ္ဘာနဲ့အဝှမ်း လူကြီးလူငယ်မရွေးဆော့ကစားသူပေါင်းများစွာနဲ့ ဂိမ်းလောကကို ပထမဦးဆုံးချဲ့ထွင်ခဲ့သူတွေအဖြစ် ဈေးကွက်မှာထိပ်ဆုံးက ရပ်တည်လို့နေပါတယ်။ ၁၈၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဒါရိုက်တာ ဖူဆာဂျီနို ရာမအုချီ (Fusajino Yamauchi) က စတင်တည်ထောင်ခဲ့တဲ့ Nintendo Kappai ဂိမ်းကုမ္ပဏီဟာ အခုအချိန်မှာတော့ Nintendo အဖြစ်နဲ့ နှစ်ပေါင်း ၁၃၀ တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ Nintendo ဆိုပြီးစတင်ဖြစ်ပေါ်လာစဉ်က ကတ်ကစားနည်းများကို တစ်မူထူးတဲ့အိုင်ဒီယာများနဲ့ ဂျပန်နိုင်ငံအတွင်း ထိုးဖောက်မယ့် ကုမ္ပဏီတစ်ခုအဖြစ်နဲ့ စတင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်မှာတော့ ဒါရိုက်တာဟောင်း ရာမအုချီ ရာထူးကဆင်းသွားပြီး ြမေးဖြစ်သူ ဟီရိုရှီ ရာမအုချီ (Hiroshi Yamauchi) က အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ အဲဒီကနေစပြီး အခုအချိန်မှာ ကျွန်တော်တို့အားလုံးသိကြတဲ့ Nintendo အဖြစ် အသွင်ပြောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မြေးဖြစ်သူ ရာမအုချီရဲ့စီမံခန့်ခွဲမှုအောက်မှာ Nintendo ဟာ နိုင်ငံတကာထိထိုးဖောက်မယ့် မျှော်မှန်းချက်နဲ့ ကွဲပြားတဲ့ထုတ်ကုန်သစ်များကို ထုတ်လုပ်ပြီး စတင်ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ Nintendo Co.,Ltd (နီတန်းဒိုး ကုမ္ပဏီလိမိတက်) ဆိုတဲ့အမည်ကို တရားဝင်ပြောင်းလဲခဲ့ပြီး ထူးကဲပြီးကွဲပြားတဲ့ စီးပွားရေးလုပ်ငန်းတွေကို တစ်ဟုန်ထိုးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လုပ်ငန်းမဆို အနိုင်၊ အရှုံးဒွန်တွဲနေတာဖြစ်တဲ့အတွက် Nintendo ရဲ့တက္ကစီဝန်ဆောင်ရေး၊ အစားအသောက်ထုတ်ကုန်များနဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ချစ်ရေးချစ်ရာတည်းဆိုဆောင်များဟာ Nintendo ရဲ့ သင်ခန်းစာယူစရာ ခြေလှမ်းများဖြစ်ပါတယ်။ ဒီလိုနဲ့ ကုမ္ပဏီဒေဝါလီခံရလုနီးနီး အခြေအေနေကို ရောက်ခဲ့ရာကနေ ဂိမ်းဒီဇိုင်နာ ဂန်ပိုင်း ရိုကိုးအိ (Gunpei Yokoi) နဲ့ တွေ့ဆုံချိန်မှာတော့ အရာအားလုံးပြောင်းလဲဖို့ စတင်ခဲ့ပါတော့တယ်။ အဲဒါကတော့ ဟိုးအရင်ကတည်းက Nintendo ရဲ့အထင်ကရထုတ်ကုန်ဖြစ်တဲ့ ကတ်ကစားနည်းတွေကို ပြောင်းလဲလာတဲ့ခေတ်ပေါ်နည်းပညာနဲ့ ပေါင်းစပ်ပြီး လက်ကိုင်ဂိမ်း Game & Watch နဲ့ နာမည်ကျော် Game Boy အဖြစ်ြပောင်းလဲထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ Game Watch နဲ့ Game Boy လက်ကိုင်ဂိမ်းတွေကြောင့် Nintendo ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေအထိ နိုင်ငံတကာဈေးကွက်ကို ရရှိခဲ့ပြီး ကုမ္ပဏီရဲ့ ပထမဦးဆုံးစီးပွားရေးအောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တစ်ဟုန်ထိုးအာင်မြင်ဖို့ မှန်ကန်တဲ့ခြေလှမ်းကို ရွေးချယ်ဖို့လိုအပ်နေတဲ့ Nintendo ဟာ ၁၉၈၀ နောက်ပိုင်းကာလမှာတော့ ဒါရိုက်တာ ရာမအုချီရဲ့ကြီးမားတဲ့အမျှော်အမြင်နဲ့ တွန်းအားပေးမှု၊ ဂိမ်းဒီဇိုင်နာ ရိုကိုးအိရဲ့ ကျွမ်းကျင်တဲ့နည်းပညာနဲ့ ဂိမ်းရေးဆွဲမှု၊ တစ်ချိန်မှာ Mario ဇာတ်ကောင်ကိုဖန်တီးသူအဖြစ် လူသိများလာမယ့် လူငယ် ရှီဂဲယူ မီရာမိုတို (Shigeru Miyamoto) ရဲ့ ကွဲထွက်တဲ့အမြင်နဲ့ ကျွမ်းကျင်တဲ့ဂိမ်းဖန်တီးမှုတို့ ပေါင်းစည်းပြီး Game & Watch, Game Boy လက်ကိုင်ဂိမ်းတွေကနေတဆင့် တီဗီဖန်သားပြင်နဲ့ ချိတ်ဆက်ပြီးဆော့ကစားနိုင်မယ့် အီလက်ထရွှန်းနစ် ဗီဒီယိုဂိမ်းများကို စွန့်ဦးတီထွင်ထုတ်လုပ်ခဲ့ရာမှာတော့ Nintendo ဆိုတဲ့ဟာ တစ်ကမ္ဘာလုံးက ဂိမ်းလောကနဲ့ဈေးကွက်မှာ ဖျောက်ဖျက်မရလောက်အောင်ကို စွဲထင်သွားခဲ့တာဖြစ်ပါတယ်။ ကဲ ဒါကတော့ Nintendo ရဲ့အစပြုရာ သမိုင်းကြောင်းဖြစ်ပါတယ်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှာ နှစ်ပေါင်း ၁၃၀ ပြည့်သွားတဲ့ Nintendo ရဲ့ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အခုလိုရေးသားတင်ဆက်ပေးရခြင်းဖြစ်ပါတယ်။ ငယ်ဘဝကိုအမှတ်ရနေစေမယ့် ဂိမ်းဇာတ်ကောင်များနဲ့ ဂိမ်မာများအာလုံးကိုမွေးဖွားပေးခဲ့တဲ့ Nintendo ဂိမ်းတွေဟာ ကျွန်တော်တို့အားလုံးရဲ့ ပျော်ရွှင်မှုကိုရှာဖွေရာနေရာဖြစ်သလို စိတ်ရဲ့ထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။ ဒီတော့ နှစ်ပေါင်း ၁၃၀ ပြည့် Nintendo ကို ပျော်ရွှ့င်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးတင်ကြောင်းပြောရင်း နောက်လာမယ့်စိတ်ဝင်စားဖွယ် အကြောင်းအရာတွေမှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။

နှစ်ပေါင်း ၁၃၀ ပြည့်မှစ နောက်နှစ်ပေါင်းထောင်သောင်းမက မျိုးဆက်သစ်ဂိမ်မာများကိုမွေးထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းရင်း။

Yan

No comments:

Post a Comment