၂၀၁၉ ခုနှစ်၊ ဇွန်လမှာစပြီး Final Fantasy 7 Remake ထွက်လာမယ့်အကြောင်းကို တရားဝင်ကြေညာခဲ့ပေမယ့် တကယ်တမ်းမှာ Final Fantasy 7 ဂိမ်းဖန်တီးခဲ့ရမှုဟာ ထင်သလောက်တော့ မဖြောင့်ဖြူးခဲ့ပါဘူး။ Final Fantasy 7 Remake ကိုစောင့်ခဲ့ရတာဟာ နှစ်ပေါင်း ၂၀ ကျော်ပြီလို့ပြောရင် အားလုံးအံ့သြသွားရပါလိမ့်မယ်။ ဟုတ်ပါတယ်၊ Square Enix ကဖန်တီးရေးဆွဲပြီး ၁၉၉၇ ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ Final Fantasy စီးရီးရဲ့ သတ္တမမြောက်ဂိမ်းအနေနဲ့ ထွက်ရှိလာခဲ့တဲ့ Final Fantasy 7 ဟာ ဂျပန်နိုင်ငံမှာတင်သာမက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တစ်ဟုန်ထိုးအောင်မြင်ခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ Final Fantasy 7 ရဲ့အောင်မြင်မှုဟာ ဂိမ်းဖန်တီးထုတ်လုပ်ခဲ့တဲ့ Square Enix ကိုရော Final Fantasy စီးရီးကိုပါ ကမ္ဘာတဝှမ်းကပရိသတ်တွေသိရှိသွားစေခဲ့ပြီး နည်းပညာတွေတိုးတတ်လာတာနဲ့အမျှ အသည်းစွဲကြိုက်ကြတဲ့ပရိသတ်တွေက ဂိမ်းတစ်ခုလုံးကို ပြန်လည်ပြင်ဆင်မွန်းမံပြီး အချောသတ်ထပ်မံထုတ်ပေးဖို့ တောင်းဆိုလာကြပါတယ်။ Square Enix အနေနဲ့ နောက်ထွက်မယ့် Final Fantasy ဂိမ်းတွေအပေါ် အာရုံစိုက်ခဲ့ပေမယ့် များပြားလှတဲ့တောင်းဆိုမှုတွေနဲ့ အတည်တကျမရှိတဲ့ကောလဟာလတွေကြောင့် Final Fantasy 7 ကို Remake အဖြစ် ပြန်လည်ထုတ်ပေးဖို့ စတင်ပြင်ဆင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဘယ်လိုမှရှေ့မဆက်နိုင်သေးဘဲ ကျွန်တော်ဂိမ်မာတွေအနေနဲ့ စောင့်ပြီးရင်းသာစောင့်နေခဲ့ရပါတယ်။
၂၀၀၀ ခုနှစ် Playstation 2 ခေတ်ရောက်တဲ့အခါ Final Fantasy 8, 9 တို့နဲ့အတူ Final Fantasy 7 Remake ကို ထုတ်ပေးသွားမယ်လို့ ကြေညာခဲ့ပေမယ့် နှစ်အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့ပြန်ပါတယ်။ အဲဒီလိုနဲ့ ၂၀၀၅ ခုနှစ် Playstation 3 ခေတ်ကို ကူးပြောင်းလာချိန်မှာ ရုပ်ထွက်ဂရပ်ဖစ်အသစ်တွေနဲ့ ပေါင်းစည်းပြီး Final Fantasy 7 Remake ထွက်ရှိလာမယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပေမယ့်လည်း နည်းပညာအခက်အခဲတွေ ကြားခံခဲ့တာကြောင့် ထုတ်ပေးဖို့မဖြစ်နိုင်ခဲ့ပါဘူး။ အချိန်တွေဟာ တဖြည်းဖြည်းကုန်လွန်လာခဲ့ပြီး Sony ရဲ့ မျိုးဆက်သစ်ဗီဒီယိုဂိမ်းစက်ဖြစ်တဲ့ Playstation 4 ထွက်ရှိလာပါတယ်။ အဲဒီအချိန်ကာလောက်မှာ Final Fantasy စီးရီးရဲ့ပရိုဂျူဆာ Shinji Hashimoto က တစ်ချိန်မှာ Final Fantasy 7 Remake ရဲ့ ပရိုဂျူဆာဖြစ်လာမယ့် Yoshinori Kitase နဲ့ ဒါရိုက်တာ Tetsuya Nomura ကို ပရောဂျက်အကြမ်းပြရင်း “အချိန်တွေသာကုန်သွားတယ် အခုအသက်အရွယ်မှာ ငါတို့သာ Final Fantasy 7 Remake ကို တာဝန်ယူပြီး မထုတ်ဘူးဆိုရင် Square Enix က ဘယ်သူမှအဲအလုပ်ကိုလုပ်မှာမဟုတ်ဘူး၊ နောက်လာမယ့်မျိုးဆက်သစ်တွေကို တာဝန်ပေးရအောင်ကလည်း ဒီလောက်နှစ်အကြာကြီးသမိုင်းရှိခဲ့တဲ့ Final Fantasy 7 ကိုစင်းလုံးချော Remake ပြန်ထုတ်ပေးဖို့ အဆင်မပြေနိုင်ဘူး” လို့ပြောရကနေ အခုအားလုံးတွေ့မြင်နေရတဲ့ Final Fantasy 7 Remake ကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။
ကဲ ငယ်စဉ်ဘဝကနေ စောင့်ဆိုင်းနေကြတဲ့ ဂိမ်မာများအတွက် Final Fantasy 7 Remake ကို Square Enix က ၂၀၂၀ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ တရားဝင်ဖြန့်ချိသွားမှာဖြစ်ပါတယ်။ အားလုံးလွမ်းဆွတ်တမ်းဆနိုင်စေဖို့ Final Fantasy 7 Remake ရဲ့ Playstation 4 အခွေ Box Art ကို ၁၉၉၇ ခုနှစ်က Official Box Art ဖြစ်တဲ့ Cloud Strife ရဲ့ပုံကို ပြန်လည်ထားရှိပါတယ်။ သမိုင်းကြောင်းအရ ထွက်မယ်၊ ထွက်မယ်နဲ့ နှစ်နှစ်ဆယ်ကျော်အကြာ ၂၀၂၀ ခုနှစ်မှာ တကယ်ကြီးထွက်လာတဲ့အခါ Final Fantasy 7 Remake ဟာ အိပ်မက်လား၊ တကယ်လားလို့ မေးရလောက်အောင် အချိန်နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါတယ်။ ထွက်ရှိလာတဲ့အချိန်မှပဲ အားရပါးရဆော့ကစားကြဖို့ ဒီကနေ Final Fantasy ချစ်သူများအားလုံးကို တိုက်တွန်းလိုက်ရပါတယ်။ ဖတ်ရှုမှုများအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်လာမယ့်အကြောင်းအရာတွေဟာ ဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းမလဲဆိုာတ စောင့်မျှော်ပေးကြပါဦးလို့ပြောရင်း နှုတ်ဆက်လိုက်ပါတယ်။
No comments:
Post a Comment