ပထမဦးဆုံး Joker ဇာတ်ကားရဲ့ထွေလာထွက်ရှိလာကတည်းက ဘယ်အချိန်မှာပိတ်သားထက်ကို ရောက်လာမှာလည်းဆိုပြီး တစ်ကမ္ဘာလုံးက ပရိသတ်များက ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်လို့နေကြပါတယ်။ ဒါပေမယ့် ပြင်သစ်နိုင်ငံ Venice မှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်အပြီးမှာတော့ premiere ကြည့်ရှုပြီးသွားတဲ့ မီဒီယာကြီးများအနေနဲ့ review တွေ၊ rating တွေ အသီးသီးပေးလို့လာကြပါပြီ။ အဲ တစ်ခုရှိတာက သုံးသပ်ချက်ဆယ်ခုရှိခဲ့ရင် ဆယ်ခုစလုံးဟာ ဒီ Joker ဇာတ်ကားရဲ့ ဘယ်လောက်ထိအနုပညာမြောက်ကြောင်း၊ သရုပ်ဆောင်အသက်ဝင်ကြောင်း၊ ဇာတ်ကြောင်းဇာတ်အိမ်ခိုင်မာကြောင်း အစရှိတာတွေနဲ့ သာမန် comic ရုပ်ရှင်မျိုးမဟုတ်ဘူးလို့ ချီးမြောက်ထားတာတွေချည်းပါပဲ။ အဲဒီလိုမျိုးဇာတ်ကားကို အောင်မြင်စွာဖန်တီးနိုင်ခဲ့တဲ့ Joker ဇာတ်ကားရဲ့ ဒါရိုက်တာ Todd Philips က Disney လွှမ်းမိုးထားတဲ့ဈေးကွက်မှာ ဒီ Joker ဇာတ်ကားဟာ Marvel က လိုက်မလုပ်နိုင်တဲ့ ရုပ်ရှင်မျိုးလို့ New York Times ကို ဘယ်လိုပြောကြားခဲ့လဲဆိုတာ တစ်ချက်လောက်ကြည့်လိုက်ရအောင်။
“Marvel ကိုဘယ်လိုမှ အနိုင်ယူလို့မရဘူး။ သူတို့ကအရမ်းအောင်မြင်မှုကြီးထွားပြီး အချိန်မှန်လည်ပတ်နေတဲ့စက်ယန္တာယားကြီးတစ်ခုလိုပဲ။ အဲလိုဆိုတော့ DC အနေနဲ့ Marvel ရဲ့လုပ်ရပ်မှန်သမျှကို လိုက်တုပပြီး သူနဲ့ယှဉ်ပြိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါပေမယ့် အရေးနိမ့်မှုကိုပိုက်ပြီး အိမ်ပြန်သွားမယ့်အစား DC အနေနဲ့ Marvel နဲ့ကွဲပြားတဲ့၊ Marvel က လိုက်ပြီးလုပ်လို့မရမယ့် Joker လိုဇာတ်ကားမျိုး ရိုက်သင့်တယ်” လို့ဆိုပါတယ်။ Todd Philips ရဲ့အမြင်အရ Joker ဟာ မှောင်မိုက်တယ်၊ ခက်ထန်ကြမ်းတမ်းတယ် နောက်ပြီး လူတွေစိတ်ထဲရေရေရာရာအဖြေရှာမရတဲ့ R-rated ဇာတ်ကောင်၊ Batman ရဲ့တစ်ဦးတည်းသော မဟာရန်သူတော်ဖြစ်တဲ့အပြင် ဘယ်ရှုထောင့်ကပဲကြည့်ကြည့်၊ Disney ပိုင်ဆိုင်တဲ့ Marvel စတူဒီယိုက ဘယ်လိုမှလိုက်ပြီးတုပမရတဲ့ ဇာတ်ကောင်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။
နောက်တစ်ချက်က Marvel အနေနဲ့ လူတိုင်းကြည့်ရှုခံစားနိုင်မယ့် superhero ဇာတ်ကားမျိုးကို အတွဲရှည်လျားစွာ ရိုက်ကူးခဲ့ရာကနေ တဖြည်းဖြည်းကြီးထွားလာခဲ့တာဖြစ်ပြီး သူတို့ဆီကထွက်ခဲ့သမျှ ဇာတ်ကားတိုင်းဟာ Marvel Universe တစ်ခုတည်းအပေါ်မှာ အခြေခံထားတဲ့ဖျော်ဖြေရေးရုပ်ရှင်တွဲကြီးတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် အခုအသစ်ထွက်ရှိလာမယ့် Joker ဇာတ်ကားကတော့ comic ထဲကဇာတ်ကောင်ကို အမှီပြုထားရုံမှအပ အခြားဘာဆိုဘာမှ အခြေခံပြီးတည်ဆောက်ထားတာမျိုးမရှိတဲ့ အနုပညာမြောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
Todd Philips ရိုက်ကူးပြီး Joaquin Phoenix အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၉ ခုနှစ် Joker ဇာတ်ကားကို လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ နိုင်ငံတကာမှာရှိတဲ့ ရုပ်ရှင်ရုံတိုင်းမှာ သွားရောက်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်းကိုလည်း ဒီကနေသတင်းကောင်းပါးလိုက်ပါရစေ
Yan
Ref: cinemablend
No comments:
Post a Comment