Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Saturday, October 5, 2019

Joker နေရာမှာပါဝင်ရတဲ့သရုပ်ဆောင်တိုင်း ဘာဖြစ်လို့အစွမ်းကုန်ကြိုးစားပြီး သရုပ်ဆောင်ကြတာလဲ? 🃏🃏


ပရိသတ်များအသည်းစွဲကြိုက်နှစ်သက်ကြတဲ့ DC ရဲ့နာမည်ကျော်ဗီလိန် Joker ကို Comics ထဲမှာသာမက ရုပ်ရှင်ဖန်သားပြင်ပေါ်မှာပါ တွေ့မြင်ခံစားနိုင်စေဖို့အတွက် ၁၉၉၀ ခုနှစ်ကတည်းကစလို့ အခုအချိန်အထိ အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ပေါင်းများစွာ ဝင်ရောက်သရုပ်ဆောင်ခဲ့ပါတယ်။ သေချာပြန်ကြည့်လိုက်မယ်ဆိုရင် သက်တမ်းတစ်လျှောက်မှာ Joker ဇာတ်ကောင်ကို သက်ဝင်ခံစားစွာ ပုံဖော်ခဲ့ကြသူများဟာ ကိုယ်ပိုင်ထူးခြားတဲ့ပုံစံကိုယ်စီနဲ့ အမျိုးအစားကွဲပြားတဲ့ ဗားရှင်းစုံ Joker တွေအဖြစ် တစ်ယောက်တစ်မျိုးပုံဖော်ခဲ့ကြပါတယ်။ ဒါပေမယ့် အားလုံးသိချင်နေတဲ့မေးခွန်းတစ်ခုက Joker နေရာမှာပါဝင်သရုပ်ဆောင်ခဲ့သူများအားလုံးဟာ ဘာကြောင့်သူတို့ရဲ့ role အပေါ်မှာ အစွမ်းကုန်ကြိုးစားပြီး သရုပ်ဆောင်ခဲ့ကြတာလည်း ဆိုတာပါပဲ 🤹‍♂️

အဲဒီမေးခွန်းရဲ့အဖြေကိုရှာဖို့ဆိုရင် အရင်ဆုံး Joker ဆိုတဲ့ဇာတ်ကောင်ရဲ့ဖြစ်တည်မှုကို ထဲထဲဝင်ဝင်သိဖို့လိုပါတယ်။ အဓိကကတော့ တရားဥပဒေနဲ့ လူ့ဘောင်အပြင်ဘက်က ခန့်မှန်းမရတဲ့နည်းလမ်းတွေနဲ့ အလုံးစုံပျက်စီးခြင်းတွေကို ဆောင်ကျဉ်းလာတဲ့ DC ရဲ့တစ်ဦးတည်းသော Joker ဖြစ်တဲ့အတွက် ဝင်ရောက်သရုပ်ဆောင်သူများအနေနဲ့ ဘယ်လိုမျိုးခန့်မှန်းမရတဲ့အပြုအမူတွေ၊ စကားပြောနဲ့ လုပ်ရပ်တွေကို အကောင်းပကတိဖြစ်နေတဲ့ပုံမှန်စိတ်နဲ့ ပေါင်းစပ်ပြီး ကြည့်ရှုနေတဲ့ပရိသတ်များကို ဘယ်လိုချပြရမလဲဆိုတဲ့အပေါ်မှာ အတော်လေးအားထုတ်ရပါတယ်။ ဒါတင်မက Joker အဖြစ်ထင်ရှားကျော်ကြားတဲ့နောက်ထပ်အချက်တစ်ချက်က Joker ရဲ့ အကောင်အထည်ဖမ်းဆုပ်မရတဲ့ စိတ်အခြေအနေကြောင့်ပါပဲ။ အဲဒီတော့ သရုပ်ဆောင်တွေအနေနဲ့ မူလဖန်တီးသူများကိုယ်တိုင်နားလည်ရခက်ခဲ့တဲ့ Joker ဆိုတဲ့ဇာတ်ကောင်ကို ရုပ်ရှင်ဇာတ်ကားဗီလိန်တစ်ယောက်အဖြစ် ပရိသတ်ဆီခေါ်ဆောင်လာဖို့ဆိုတာ လွန်စွာမှခက်ခဲလှတဲ့အရာတစ်ခုပါပဲ 🎭



ဟိုးလေးတစ်ကျော်ပေါက်မြောက်ခဲ့တဲ့ DC ရဲ့ ၂၀၀၅ ခုနှစ်က Dark Knight ကစပြီး Joker နေရာမှာ သရုပ်ဆောင်ဖို့ဆိုတာဟာ ကိုယ့်ဘက်ကလည်းဇာတ်ကောင်ကိုသရုပ်မှန်ပေါ်စေဖို့ မှန်းဆလို့မရတဲ့ အတိုင်းအတာတစ်ခုထိ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပေးဆပ်ဖို့လိုအပ်လာပါတယ်။ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ စူပါဟီးရိုးဇာတ်ကားနဲ့ အော်စကာဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ Health Ledger ဆိုရင် Joker ရဲ့စိတ်အခြေအနေနဲ့ စရိုက်မှန်ပေါ်ထွက်လာဖို့အတွက် ဟိုတယ်ခန်းထဲမှာ အချိန်တစ်လကြာတဲ့အထိ ကိုယ့်ကိုယ်ကိုယ်တစ်ယောက်တည်း ပိတ်ထားတာမျိုး၊ Suicide Squad မှာ Joker အဖြစ်ပါဝင်ခဲ့တဲ့ Jared Lato ဆိုရင်လည်း Joker ရဲ့ဇာတ်ရုပ်ကို ရိုက်ကူးမှုကာလပြီးတဲ့အထိ အမြဲခံစားနေရအောင်လို့ တွဲဖက်သရုပ်ဆောင်တွေကို တိရစ္ဆာန်အသတွေ လက်ဆောင်ပေးတာမျိုး၊ ၂၀၁၉ ခုနှစ်ရဲ့ Joker အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Joaquin Phoenix ဆိုရင်လည်း အလေးချိန် ၅၁ ပေါင်ကြီးများတောင် လျှော့ချခဲ့ပြီး စိတ်ကစဉ့်ကလျားဖြစ်နေတဲ့ Joker ရဲ့ရယ်သံကို အဆက်မပြတ်လေ့ကျင့်တာမျိုး အစရှိသဖြင့် အစွန်းရောက်တဲ့လုပ်ရပ်များကို စိတ်လိုက်မာန်ပါလုပ်သည်အထိ လေ့ကျင့်ကြပါတယ် 🧩🧩

အဲဒီလိုမျိုးဇာတ်ကောင်စရိုက်သွင်းခြင်းဟာ အန္တရာယ်ရှိနိုင်တယ်ဆိုပေမယ့် Joker လိုမျိုးဇာတ်ကောင်ဖြစ်လာဖို့အတွက် အနည်းဆုံးကိုယ့်ဘက်ကတော့ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားတဲ့စိတ်အခြေအနေမျိုးဖြစ်နေမှ အကောင်းဆုံးပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ နောက်လာမယ့် Joker တွေအနေနနဲ့ ဘယ်လောက်တောင်ပြင်းထန်တဲ့နည်းမျိုးသုံးပြီး Joker ဇာတ်ကောင်ကို သွင်းပါစေ၊ လက်ရှိအချိန်မှာ ကျွန်တော်တို့အနေနဲ့ Joaquin Phoenix ရဲ့ Joker အဖြစ်ပြောင်းလဲသွားခြင်းဟာ ဘယ်လိုမျိုးပြောင်မြောက်သလဲဆိုတာ စောင့်ကြည့်ရတော့မှာပါပဲ။ ဒီတော့ ၂၀၁၉ ခုနှစ်ရဲ့ Joker ဇာတ်ကားဟာ ဘယ်လောက်တောင် ပရိသတ်များမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာမလဲ? ဒါမှမဟုတ် မထင်ထားတွေချည်းပဲ ဆက်တိုက်ဖြစ်လာမှာလားဆိုတာကတော့ အားလုံးကိုယ်တိုင်ကိုယ်ကျ ရတဲ့နည်းနဲ့ကိုကြည့်ရှုခံစားကြည့်ရတော့မှာပါ 🧐🧐

Yan

No comments:

Post a Comment