Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Thursday, April 30, 2020

Resident Evil 3: Remake က Jill Valentine ရဲ့ဇာတ်ကောင်စရိုက်နဲ့ တည်ဆောက်ထားပုံကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းနဲ့ ကျွန်တော်နှစ်ခြိုက်မိတဲ့အချက်တစ်ချို့ 👩‍🦰💙







ကျွန်တော်က Resident Evil စီးရီးရဲ့ long time fan ပါ၊ ဟိုးအရင် ငယ်ဘဝ ၆ တန်း ၇ တန်းဖြစ်တဲ့ ၂၀၀၆၊ ၂၀၀၇ ခုနှစ်လောက်ကတည်းက စွဲစွဲမြဲမြဲဆော့ခဲ့တာပါ။ ဒါပေမယ့် ဒီတစ်ခေါက် ဧပြီလ ၄ ရက်နေ့၊ ၂၀၂၀ မှာထွက်ခဲ့တဲ့ Resident Evil 3 Remake က Jill Valentine ဟာ စီးရီးတစ်လျှောက်မှာတွေ့ခဲ့ရတဲ့အမျိုးသမီးဇာတ်ကောင်တွေနဲ့မတူအောင်ကို ခံစားရစေလို့ ကျွန်တော့်အနေနဲ့ တော်တော်လေးနှစ်သက်သဘောကျမိပါတယ်။ ဒီစာစောင်မှာ Resident Evil 3: Remake ဂိမ်းတစ်ခုလုံးကိုဆော့ကစားရတာဟာ ဘယ်လောက်တိုကြောင်း၊ မူလဂိမ်းဟောင်းကို ပြန်လည်မထင်ဟပ်ကြောင်း၊ ဒေါ်လာ ၆၀ ပေးဝယ်ရတာ မတန်ကြောင်း အစရှိတာတွေကို ထိန်ချန်ထားပြီး အဲဒီထဲကမှ အဓိကဇာတ်ကောင်ဖြစ်တဲ့ Jill Valentine အကြောင်းကိုသာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကဲ ဒီတော့ဂိမ်းပရိသတ်တွေအားလုံးပဲ အဆင်သင့်ဖြစ်ပြီဆို ကျွန်တော်တို့စလိုက်ကြစို့လား။ Jill Valentine ရဲ့သမိုင်းကြောင်းကို အတိုချုံးပြီးပြောရမယ်ဆိုရင် လက်ရှိအချိန် Canon မှာ သူမရဲ့အသက်ဟာ ၄၆ နှစ်ရှိပြီဖြစ်ပြီး ဇီဝလက်နက်အကြမ်းဖက်စစ်ဆင်တိုက်ဖျက်ရေး (BSAA) အဖွဲ့ဝင်တစ်ယောက်အဖြစ် ကမ္ဘာနဲ့အဝှမ်းပြန့်နှံ့နေတဲ့ ဇီဝလက်နက်အကြမ်းဖက်မှုတွေကို တိုက်ခိုက်နှိမ်နင်းလျက်ရှိပါတယ်။ Resident Evil 3 ထဲက Jill Valentine ရဲ့အဖြစ်အပျက်ဟာ Resident Evil စီးရီးတစ်ခုလုံးအတွက်ပါ အရေးပါတဲ့ကဏ္ဍမှာရှိနေပြီး ကမ္ဘာတစ်ဝှမ်းလုံးကပရိသတ်များအနေနဲ့ Jill ဆိုတာ ဒါပဲကွလို့ လက်သီးလက်မောင်းတန်းကြုံးဝါးရလောက်အောင်ဖြစ်ခဲ့တဲ့ RE ဇာတ်ကောင်လည်းဖြစ်တာမို့ ဒီဆောင်းပါးမှာ Resident Evil 3 Remake က Jill Valentine ရဲ့ဇာတ်ကောင်စရိုက်နဲ့ တည်ဆောက်ထားပုံတို့ကို အချက်ကျကျသုံးသပ်သွားမှာဖြစ်ပါတယ် 🧐🧠

ယခုမျိုးဆက်သစ်ဂိမ်းလောကအထိ RE စီးရီးရဲ့မျက်နှာဖုံးဟာ Jill Valentine လို့ဆိုနိုင်တဲ့အထိ သူမဟာ စွမ်းဆောင်နိုင်စွမ်းအတော်မြင့်တဲ့ ရဲရင့်သူမိန်းမသားစစ်သည်တစ်ဖြစ်လည်း RE စီးရီးရဲ့အဓိကကျတဲ့မိန်းမသားဇာတ်ကောင်တစ်ယောက်ပါ။ မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ Resident Evil 3 Remake က Jill Valentine ရဲ့ရုပ်ရည်သွင်ပြင် 3D မော်ဒယ်ဟာ ရုရှားမော်ဒယ် Sasha Zotova ဖြစ်ပြီး အသံသရုပ်ဆောင်ကတော့ အမေရိကန်တက္ကဆက်မြို့အခြေစိုက် သရုပ်ဆောင် Nicole Tompkins ဖြစ်ပါတယ်။ RE စီးရီးကိုဆော့ဖူးသူမှန်သမျှဆိုရင်တော့ Jill Valentine ရဲ့နာမည်ကျော်ကြားမှုကို အနည်းနဲ့အများကြားဖူးကြမှာပါ။ ဒီတစ်ခေါက်မှာပွဲဦးထွက်လာခဲ့တဲ့ Jill Valentine အသစ်ဟာ ကျွန်တော့်အတွက်တော့ ယခင်က RE အမျိုးသမီးဇာတ်ကောင်တွေနဲ့မတူတဲ့ ကွဲပြားတဲ့ခံစားချက်ကိုပေးလို့နေပါတယ်၊ Jill ကို demo မှာစမြင်ပြီးဆော့လိုက်မိကတည်းက အဲဒီလိုခံစားချက်ရှိတာဖြစ်ပေမယ့် အသေအချာလေး အနည်ထိုင်သွားအောင်၊ ကိုယ်ကိုယ်တိုင်လည်း အတိအကျဘာခံစားနေရတာလဲဆိုတာ ကွဲကွဲပြားပြားသိရသွားရအောင် အချိန်တစ်ခုစောင့်ပြီးမှ ဒါကိုရေးဖြစ်တာပါ။ ဒီနေရာမှာ ဦးစွာပထမမေတ္တာရပ်ခံချင်တာကတော့ ကျွန်တော့်အနေနဲ့ Jill Valentine ကိုကြိုက်နှစ်သက်တယ်ဆိုတာ သူမရဲ့ခန္ဓာကိုယ်အချိုးအစားပြေပြစ်တာတွေ၊ ရုပ်အဆင်းချောလှတာတွေနဲ့ အခြားယေဘုယျဆန်တဲ့မိန်းမသားတစ်ယောက်ရဲ့ ဆွဲဆောင်မှုတွေအပေါ်မှာ သဘောခွေ့ပြီး နှစ်သက်နေတာမဟုတ်ဘူးဆိုတာ အရင်အသိပေးထားပါရစေ။ ခံစားချက်ဆိုတဲ့နေရာမှာလည်း ဖင်ကြီးတင်ကြီးနဲ့ anime ကောင်မလေးတွေကို weeb တွေလို သရေတမျှားမျှား ငမ်းငမ်းတတ်ဖြစ်ပြီး quarantine တုန်းလေး တစ်နေ့အကြိမ် ၁၀၀ ကြည့်ပြီး masturbate လုပ်တဲ့ပုံစံမျိုး တဏှာဃာဂနဲ့ စွဲလမ်းတာမျိုးမဟုတ်ပါဘူး 👀💦





ကျွန်တော် Jill ကိုသဘောကျမိတာဟာ Chris က Jill အပေါ်ထားတဲ့စိတ်သဘောထားနဲ့ အနည်းငယ်ဆင်တူမှုရှိပေမယ့် ကျွန်တော်ဟာ သူမထက်အသက်နှစ်ပေါင်းများစွာငယ်နေတဲ့အတွက် သူမကို ရဲရင့်တဲ့မိန်းမသားတစ်ဦးအဖြစ်၊ ထက်မြက်တဲ့စစ်သည်တစ်ဦးအဖြစ် လေးစားတဲ့စိတ်က ဒီနေရာမှာထပ်ဆောင်းပိုလို့နေပါသေးတယ်။ တကယ်တော့ ကျွန်တော့်ရဲ့သဘောထားကိုစာနဲ့နားလည်အောင် ပြောပြဖို့က ဆိုလိုရင်းကိုအတိအကျဖော်ပြမယ့် စကားလုံးရှာမတွေ့ပါဘူး၊ အထက်ပါပြောကြားချက်ဟာလည်း အနီးစပ်ဆုံးခိုင်းနှိုင်းတင်ပြခြင်းသာဖြစ်ပါတယ်။ ဆိုတော့ကာ ပထမဆုံးအနေနဲ့ Resident Evil 3 Remake က Jill Valentine ရဲ့ဇာတ်ကောင်စရိုက်ကို အရင်သုံးသပ်ကြည့်မယ်ဆိုရင် ၁၉၉၈ ခုနှစ်က Arklay တောင်တစ်ဝိုက်မှာဖြစ်တဲ့ Arklay Mansion အဖြစ်အပျက်က Jill ရဲ့စိတ်နေသဘောထား၊ အမူအကျင့်နဲ့ တည်ဆောက်ထားပုံတို့ကို အရင်ကြည့်မှရပါမယ်။ အဲဒီအချိန်တုန်းက အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ Jill ဟာ စိတ်သဘောထားဖြူစင်တယ်၊ သနားကြင်နာတတ်တယ်၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို အကောင်းမြင်တယ်၊ သူ့လိုပဲသဘောထားတယ်၊ ကိုယ်ချစ်ရတဲ့သူတွေအတွက် ကိုယ့်ကိုယ်ကိုစတေးဖို့ကို တွန့်ဆုတ်ဝန်မလေးဘူး၊ ယောင်္ကျားဆန်မှုကိုတွေ့ရတယ်၊ စဉ်းစားတွေးခေါ်မှုနဲ့ ဖြတ်ထိုးဉာဏ်ရှိပြီး အတိုက်အခိုက်မှာလည်း ကျွမ်းကျင်တယ်။ အစရှိတာတွေဟာ ပထမဦးဆုံး Resident Evil အခွေထဲမှာ Jill Valentine ကို ကြယ်တစ်ပွင့်လိုထွန်းတောက်ပြီး နာမည်ကျော်လာစေတဲ့ ဇာတ်ကောင်စရိုက်နဲ့ စိတ်နေသဘောထားတွေဖြစ်ပါတယ်။ ကဲ ဟုတ်ပြီ၊ ဒါဆိုရင် နဂိုမူလ Resident Evil 3 နဲ့ မကြာခင်ကထွက်ထားတဲ့ Resident Evil 3 Remake တို့မှာရော Jill ရဲ့ဇာတ်ကောင်ဟာ ဘယ်လိုမျိုးပြောင်းလဲသွားလဲ? ဆက်ကြည့်လိုက်ကြရအောင် 🖊📓



ဒီ RE 3 Remake မှာ Jill ရဲ့ အရင်ရှိခဲ့တဲ့အရည်အသွေးတွေဟာ ထက်မြက်သည်ထက်ပိုမိုထက်မြက်လာခဲ့ပြီး အတွေ့အကြုံပြည့်ဝသွားမှုနဲ့ ရင့်ကျက်မှုတစ်ခု တည်မြဲလာတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Original RE 3 မှာမပေါ်လွင်ခဲ့တဲ့ အချို့သောဇာတ်ကောင်စရိုက်နဲ့ အမူအကျင့်တွေကို ဒီ RE 3 Remake ထဲမှာ ကွဲကွဲပြားပြားတွေ့မြင်ခံစားနိုင်လို့ပါပဲ။ ပထမဆုံး Resident Evil ဂိမ်းက Jill ဟာ Nemesis နဲ့ထပ်တိုက်ရင်ဆိုင်ရတဲ့ RE 3 Remake မှာ ပိုပြီးစိတ်ဓာတ်ခိုင်မာလာတယ်၊ ဆုံးဖြတ်ချက်ပြတ်သားလာတယ်၊ ခွန်အားချင်းမယှဉ်ပြိုင်နိုင်မှန်းသိရက်နဲ့တောင် ကိုယ့်ရန်သူကို အသက်နဲ့အလောင်းအစားလုပ်ပြီး သေသည်အထိ တိုက်ခိုက်ရင်ဆိုင်သွားမယ်ဆိုတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ ရင့်ကျက်မှုကိုအတိုင်းသားတွေ့ရပါတယ်။ Jill ရဲ့ခေါင်းငုံမခံလိုတဲ့စိတ်ထား၊ တစ်ယောက်တည်းနဲ့ တစ်တပ်ဖြစ်လည်း သေသည်အထိတိုက်မယ်ဆိုတဲ့ ရဲရင့်တဲ့သတ္တိနဲ့ လုံ့လ၊ ပေါက်ကွဲတတ်တဲ့ဒေါသမာန်နဲ့ အသက်ဘေးဒုက္ခနဲ့ကြုံနေချိန်မှာတောင် အရွှန်းဖောက်တတ်တာတွေကို သူမရဲ့ one liners တွေဖြစ်တဲ့ "Bitch cant even swim", "Come On, you creepy ass stalker, you want S.T.A.R.S? I'll give you S.T.A.R.S, "Rocket Launcher? Really?", "Its my turn, bitch", "Just so you know, this is the last fucking time", "Next time, take the fucking hint", "I dont mind a little detective work" အစရှိတဲ့ဒိုင်ယာလော့တွေမှာ တွေ့မြင်နိုင်ပါတယ် 👮‍♀️🎬



နောက်ပြီး RE 3 Remake မှာ ဇာတ်ကြောင်းရှေ့ဆက်ပုံကို အရင်ကလို ရွေးချယ်ခွင့်တွေပေးမထားဘဲ အဆုံးသတ်တစ်ခုတည်းနဲ့ Linear ပုံစံပြောင်းလဲလိုက်တဲ့အတွက် RE 3 Original မှာ ဝေဝေါးဝါးဖြစ်နေခဲ့တဲ့ Jill ရဲ့ဇာတ်ကောင်စရိုက်နဲ့ အရည်အသွေးတွေဟာ ပိုမိုပြီးပေါ်လွင်သွားစေခဲ့တာ အမှန်ပါပဲ။ ဒါ့အပြင် ကျွန်တော်နောက်ထပ်သဘောကျတဲ့အချက်က Jill ဟာ အထက်ကဆိုထားသလို ထက်မြက်ရဲရင့်ပြီး စိတ်သဘောာထားဖြူစင်တဲ့ မိန်းမသားတစ်ယောက်ဖြစ်ပေမယ့်လို့ ပြစ်မျိုးမှဲ့မထင်တဲ့ဇာတ်ကောင်တစ်ယောက်တော့မဟုတ်ပါဘူး။ သူမမှာလည်း သူမရဲ့အတိတ်ကပေးတဲ့စိတ်ဒဏ်ရာတွေ၊ စိတ်ကစဉ့်ကလျားဖြစ်မှုတွေ၊ အိပ်မက်ဆိုးတွေက အမြဲတမ်းခြောက်လှန့်နေတာတွေ၊ ခြောက်ခြားဖွယ်ဖြစ်ရပ်တွေကြား အသက်လုရုန်းကန်ခဲ့ရတာတွေ၊ လက်တွေ့ဘဝငရဲကို အရှင်လတ်လတ်ဖြတ်သန်းခဲ့ရတာတွေ အစရှိတာတွေဟာ သူမရဲ့ဖြစ်တည်မှုအတွင်း လောင်မြိုက်နေတဲ့ပြဿနာများဖြစ်ကြပြီး သူမ တစ်သက်လုံးစိတ်ထဲစွဲမှတ်နေရတော့မယ့်အဖြစ်ဆိုးတွေဖြစ်ကြပါတယ်။ Yin နဲ့ Yang သဘောတရားလို အရာရာတိုင်းဟာ ချိန်ခွင်လို ဘက်နှစ်ဖက်အမြဲတမ်းရှိနေကြတဲ့အတွက် သူမရဲ့အဖြူထည်နဲ့ နက်မှောင်မှုဟာ လူသားတိုင်းလို ဒွန်တွဲနေတာကို တွေ့မြင်ရတာ သဘာဝလည်းကျသလို Jill ရဲ့ဇာတ်ကောင်ဖြစ်တည်မှုကိုလည်း ပိုလို့တောင် ချီးကျူးနှစ်သက်ခဲ့ရပါတယ် 👏💙



ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ အဖိုနဲ့အမမှာ တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်မှုဖြစ်ကြဆိုရင် လူအများစုက လိင်ပိုင်းဆိုင်ရာကိစ္စရပ် (sexual tension) ပဲဖြစ်မှာပါလို့ ခေါင်းစဉ်တပ်ကြပါတယ်။ တကယ်က အဲဒီဘောင်လေးကိုကျော်ပြီးကြည့်မယ်ဆိုရင် အမျိုးသမီးတစ်ယောက်ကို သူမရဲ့တွေးခေါ်ယူဆပုံ၊ အသိပညာကြွယ်ဝပုံ၊ ရဲရင့်သတ္တိရှိမှု၊ အကြင်နာတရားမျှဝေပုံ၊ သက်ရှိတွေအပေါ်ဆက်ဆံပုံ၊ အနုပညာဖန်တီးပုံ အစရှိတဲ့ ကဏ္ဍကိုယ်စီကနေ နှစ်သက်သဘောကျလို့ ရပါတယ်။ မိန်းမသားတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်အလှ၊ ခန္ဓာကိုယ်အချိုးအစားနဲ့ အသားအရည်စိုပြေမှုများကသာ အဲဒီလိုအရည်အသွေးတွေကို စုစည်းထိန်းသိမ်းပေးထားတဲ့ vessel ဖြစ်တာကြောင့် အမြင်အာရုံနဲ့ အထိအတွေ့အာရုံနှစ်ခုတည်းကိုသာ အသားပေးပြီး မိန်းမသားတွေကိုရွေးချယ်မယ်ဆိုရင် မိန်းမသားတွေရဲ့ဖြစ်တည်ပုံနဲ့ အဖို၊ အမပေါင်းစည်းရတဲ့ တကယ့်ရည်ရွယ်ချက်ကို ကိုယ့်ဘက်က မသိကြေးကျွံပြုနေသလိုပါပဲ။ ထိုနည်းလည်းကောင်းပဲ၊ အားလုံးလည်းတွေ့မြင်ပြီးတဲ့အတိုင်း Resident Evil 3 Remake ထဲက Jill ဟာ အရင်ကဇာတ်ကောင်မော်ဒယ်တွေလောက် မလှပါဘူး၊ ခန္ဓာကိုယ်အချိုးအစားက ပုံမှန်လေးရှိရုံလောက်သာလို့ ဆိုနိုင်တဲ့အပြင် ရုပ်ရည်သွင်ပြင်ကလည်း အချောအလှကြီးထဲမှာပါမနေပါဘူး။ သို့ပေမယ့်လည်း အထက်ကဖော်ပြခဲ့တဲ့ Jill ရဲ့ မိန်းမသားအရည်အသွေးတွေဟာ ကျွန်တော့်အတွက် ဆွဲဆောင်မှုဖြစ်စေပါတယ်၊ ဒါပေမယ့် အထိအတွေ့အာရုံကလှုံ့ဆော်တဲ့ ဆွဲဆောင်မှုမဟုတ်ဘဲ ဇာတ်ကောင်တစ်ယောက်အနေနဲ့ သူမထုတ်လွှတ်တဲ့ energy၊ သူမရဲ့လှုပ်ရှားပြုမူပုံနဲ့ ဖြစ်တည်နေတဲ့ပုံစံက ကျွန်တော့်အတွက် နှစ်သက်သဘောကျဖွယ်ကောင်းနေတာဖြစ်ပါတယ်။ အဲဒီအချက်ကပဲ ကျွန်တော့်ကို ဒီဆောင်းပါးကို ရေးသားစေဖို့ တွန်းအားပေးခဲ့တာပါပဲ။ ဖတ်ရှုရင်းနဲ့ ဒီနေရာအထိတောင်ရောက်လာတယ်ဆိုရင်တော့ ဒီစာစောင်ရဲ့ဆိုလိုရင်းကို သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ ဒီတစ်ခေါက်မှာဖော်ပြချင်တဲ့ Resident Evil 3 Remake က Jill Valentine ရဲ့အလုံးစုံသောဇာတ်ကောင်စရိုက်နဲ့ တည်ဆောက်ထားပုံတို့ကတော့ ဒီလောက်ပါပဲ။ Jill ကိုကြိုက်ကြတဲ့ ပရိသတ်တွေအားလုံးလည်း Jill ကိုဘယ်ကနေသိပြီး ဘာကြောင့်ကြိုက်သွားတယ်ဆိုတာ ပြန်လည်မျှဝေခဲ့ကြပါဦး။ နောက်လာမယ့်ဆောင်းပါးမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းအကြောင်းအရာတွေကို အချိန်မှန်တင်ဆက်သွားမှာဖြစ်ကြောင်း အသိပေးရင်း ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။ ဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းကို ကျေးဇူးအထူးတင်ပါတယ်။ ဂိမ်းချစ်သူများအားလုံးနဲ့ မကြာခင်မှာ ပြန်ဆုံကြပါမယ် 🤜🤛





Yan

No comments:

Post a Comment