Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Friday, May 1, 2020

ကျွန်တော်အကြိုက်ဆုံး Devil May Cry စီးရီးရဲ့ကိုယ်တိုင်ရှာဖွေစုစည်းခဲ့တဲ့ မှတ်သားဖွယ်ရာအချက် facts ၇ ချက် (အပိုင်း ၁) 📕📘


ဘဝမှာအကြိုက်ဆုံးဂိမ်းစီးရီးတစ်ခုကို ြပောပြပါဆိုရင် ကျွန်တော့်မှာ DMC ဆိုတဲ့ Devil May Cry စီးရီးက လွဲလို့ အခြားရွေးချယ်စရာမရှိပါဘူး။ ယခုခေတ်မှာ အဆင့်မြင့်ရုပ်ထွက်ဂရုပ်ဖစ်တွေ၊ အမိုက်စားအင်ဂျင်တွေ၊ လှပလွန်းတဲ့မိန်းမောဖွယ်ရှုခင်းတွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဂိမ်းတွေအသီးသီးရှိတာမှန်သော်ငြား DMC စီးရီးကတော့ ကျွန်တော်နဲ့အတူ ကြီးပြင်းလာတဲ့ဂိမ်းစီးရီးဖြစ်တယ်အတွက် သေသည်အထိ ရင်ထဲကတစ်ထောင့်တစ်နေရာမှာ နေရာယူလို့ထားမှာပါ။ ကျွန်တော်ဟာ ဒီဂိမ်းစီးရီးနဲ့အတူ ငယ်ဘဝကိုဖြတ်သန်းလာခဲ့လို့ဆိုရင်လည်း မမှားပါဘူး။ ဒီတော့ဗျာ၊ ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ ခေါင်းစဉ်မှာဖော်ပြခဲ့တဲ့အတိုင်း DMC ဂိမ်းတွေဆော့ကစားခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ကျွန်တော်ကိုယ်တိုင်ရှာဖွေစုစည်းထားတဲ့ မှတ်သားဖွယ်ရာအချက် facts တွေကို ဒီမှာတင်ပြသွားမှာဖြစ်ပါတယ်။ သို့ပေမယ့်လို့ ၂၀၁၃ ခုနှစ်ကထွက်ခဲ့တဲ့ Ninja Theory ကဖန်တီးရေးဆွဲတဲ့ Devil May Cry: DmC ကတော့ DMC ဂိမ်းလို့နာမည်တပ်ထားပေမယ့် မူရင်းဇာတ်ကြောင်း canon မဟုတ်တဲ့အတွက် ဒီနေရာမှ ာထိန်ချန်ထားရလိမ့်မယ်။ အားလုံးပဲ အဆင်သင့်ဖြစ်ပြီဆို စလိုက်ကြစို့ဗျာ 🙏⬇️

1️⃣ နောက်ဆုံးထွက်ရှိခဲ့တဲ့ Devil May Cry 5 မှာ V ရဲ့အတိုက်အခိုက်လက်ပါးစေ (familiars) တွေဖြစ်တဲ့ မိုးကြိုးငှက် (Griffton), ကျားသစ်နက် (Shadow) နဲ့ မျက်တစ်လုံးဘီလူး (Nightmare) တို့ဟာ တကယ်တမ်း DMC 1 မှာ Mundus ဆီမရောက်ခင် Dante ရင်ဆိုင်ခဲ့ရတဲ့ ရန်သူဘော့စ်တွေဖြစ်ပါတယ်။ သူတို့ရဲ့တိုက်ခိုက်ကွက်တွေနဲ့ ဒီဇိုင်းမော်ဒယ်တွေကို DMC5 မှာပြန်လည်ဆန်းသစ်လိုက်ပေမယ့် DMC 1 ကပုံစံတွေနဲ့ အတော်လေးဆင်တူမှုရှိသလို အခြေခံသဘောတရားတူညီကြပါတယ်။

2️⃣ V အမြဲတမ်းကိုင်ဆောင်ပြီး ဖတ်နေတဲ့စာအုပ်ဟာ တကယ်တမ်းမှာ William Blake ရဲ့ကဗျာစာအုပ်ဖြစ်ပါတယ်။ Vergil ဟာငယ်စဉ်ကတည်း သူ့ရဲ့ခံစားချက်တွေကို ကဗျာစာပေနဲ့ ထုတ်ဖော်ပြသရတာ ကြိုက်နှစ်သက်ပါတယ်။ Vergil ကလေးဘဝတုန်းက စာပေပညာရှင်အဘိုးကြီးတစ်ဦးဆီ အမြဲတမ်းသွားရောက်လည်ပတ်လေ့ရှိပြီး အဲဒီအဘိုးကြီးက တစ်နေ့မှာတော့ ဒီဆံပင်အဖြူနဲ့ကောင်လေးဟာ တစ်ချိန်မှာကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်လိမ့်မယ်ဆိုတဲ့ စိတ်အတွေးခံစားချက်ကြောင့် William Blake ရဲ့ The Tyger ကဗျာစာအုပ်ကို လက်ဆောင်ပေးထားခဲ့တာဖြစ်ပါတယ်။

3️⃣ ဟိုးငယ်စဉ်ကတည်းက Nero ရဲ့ညာဖက်လက်ဟာ နတ်ဆိုးစွမ်းအင်စီးဝင်နေတဲ့ Devil Bringer ဖြစ်နေခဲ့တာမို့ Red Queen နဲ့ Blue Rose ကို ဘယ်ဖက်လက်နဲ့သာ ကိုင်ဆောင်တိုက်ခိုက်တဲ့ ဘယ်သန်တစ်ယောက်ဖြစ်ပါတယ် (like me, Nero is a freakin lefty)



4️⃣ DMC 3 နောက်ဆုံးအခန်းမှာ Dante နဲ့ Vergil တို့အပြိုင်လုကြတဲ့ Force Edge ဓါးဟာ တိုက်ပွဲပေါင်းများစွာကိုအနိုင်ယူခဲ့တဲ့ Sparda ရဲ့ Devil Sword Sparda ဖြစ်ပြီး Force Edge ဟာ Sparda ရဲ့ကြီးမားလှတဲ့နတ်ဆိုးအစွမ်းတွေကို ချူပ်တည်းထားတဲ့ form ဖြစ်ပါတယ် (လူသားတွေအတွက် တိုက်ပွဲဝင်တုန်းကလည်း ဂန္တဝင်သူရဲကောင်း Sparda ဟာ အဲဒီဓားကိုပဲကိုင်ဆောင်ခဲ့တာပါ)

5️⃣ Lady ဟာ DMC 3 မှာ အပျိုစင်လေးဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Sparda ပိတ်သိမ်းခဲ့တဲ့ seal ကိုပြန်ဖွင့်ဖို့အတွက် Sparda မျိုးဆက် သားနှစ်ယောက်ရဲ့သွေးနဲ့ ဆွဲကြိုးကိုယ်စီ လိုအပ်ပါတယ်။ နောက်ဆုံးလိုအပ်ချက်ကတော့ Seal ပိတ်ဖို့ Sparda ကို ကူညီပြီးသွေးစတေးခဲ့တဲ့ priestess ရဲ့လက်ဆင့်ကမ်းမျိုးဆက် သမီးပျို lady ရဲ့ သန့်စင်တဲ့သွေးသားဖြစ်ပါတယ်။

6️⃣ DMC 5 ရဲ့ဇာတ်သိမ်းမှာ Dante နဲ့ Vergil တို့နှစ်ယောက် Qliphoth ပင်စည်ကို အမြစ်ဖြတ်ပြီး လက်ရည်ယှဉ်နေကျတာဟာ တကယ်တမ်းတော့ အချိန်တစ်လနဲ့ကိုးရက်တိတိရှိပါပြီ။ Underworld မှာရောက်နေတဲ့ Cutscenes တွေကို တစ်ခန်းချင်းစီဖြတ်ပြလို့ မသိသာတာဖြစ်ပေမယ့် Dante နဲ့ Vergil ဟာ နေ့မနားညမအားကို ဘတစ်ပြန်ကျားတစ်ပြန် အကြိတ်အနယ်တိုက်ခိုက်နေကြတာပါ။ Dante တောင်မှ "မင်းသိလား? ဒါဟာ ဘယ်တော့မှပြီးဆုံးနိုင်တော့မှာ မဟုတ်ဘူးထင်တယ်" လို့ Vergil ကိုပြောခဲ့ပါသေးတယ်။

7️⃣ Nero ဟာ Vergil ရဲ့ Summoned Sword လို အပြာရောင်နုနုသန်းတဲ့ ဖန်သားဆန်ဆန် ဓါးလက်နက်တွေကို သူ့ရဲ့နတ်ဆိုးစွမ်းအင်နဲ့ ဖန်တီးနိုင်စွမ်းရှိပါတယ်။ DMC 4 မှာ Nero ရဲ့ Devil Trigger ဖွင့်လိုက်တဲ့အခါ လက်ရှိ DMC 5 က Devil Trigger Form နဲ့ဆင်တူတဲ့ အပြာရောင်နတ်ဆိုးအရိပ်ဟာ သူ့ရဲ့ကျောနောက်မှာ မိုးနေတာကိုတွေ့ရမှာပါ။ ဒါ့အပြင် Nero ဟာ တစ်ချိန်တည်းမှာ လူသားလက်နဲ့ Devil Bringer ကိုပြန်လည်ရရှိခဲ့တာဖြစ်ပြီး Devil Bringer ဟာ သူ့ပုခုံးပေါ်က ဖြန့်ကျက်လို့ရတဲ့အပြာရောင်အတောင်ပံတစ်စုံအဖြစ် အဆင့်မြင့်အသွင်ပြောင်းသွားခဲ့တာပါ။

ကဲ ဖတ်ရှုရင်းနဲ့ ဒီနေရာထိတောင်ရောက်လာပြီဆိုရင်တော့ အထက်မှာတင်ပြခဲ့တဲ့ facts လေးတွေဟာ အားလုံးအတွက် မှတ်သားစရာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မကြာခင်မှာပဲ နောက်ထပ်အပိုင်း ၂ ကိုတင်ဆက်ပေးသွားမယ့်အပြင် ကျွန်တော်ကြိုက်ရတဲ့ဂိမ်းစီးရီးတွေဖြစ်တဲ့ Resident Evil လိုမျိုး အခြား franchise ရဲ့ ကိုယ်တိုင်ရှာဖွေစုစည်းခဲ့တဲ့ မှတ်သားဖွယ်ရာအချက်တွေကို အခုလိုပုံမှန်ရေးသားတင်ဆက်ပေးသွားဖို့လည်း ရည်ရွယ်ထားပါတယ်။ စာဖတ်သူများကိုကျေးဇူးအထူးတင်ကြောင်း ပြောရင်း ဒီကနေနှုတ်ဆက်လိုက်ပါရစေ။ ဒါကိုဖတ်ပြီးတော့ DMC နဲ့ပတ်သက်ပြီး ကိုယ်သိလိုက်တာတွေနဲ့ ကိုယ်သိထားတဲ့ facts တွေကိုလည်း အောက်မှာပြန်လည်မျှဝေခဲ့ပါဦး။ ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းအကြောင်းအရာတွေနဲ့ မကြာခင်ပြန်လည်ဆုံတွေ့ကြတာပေါ့ 🤓🍂



Yan

No comments:

Post a Comment