Get to know latest gaming news, upcoming exclusives, multiverse facts and lore knowledge. Not only gaming, handful of intriguing articles with insightful topics are available to read too. This is pretty much a digital bookshelf that collectively showcases my crafts and ideas. So enjoy yourself and free roam as you like 🖖🏻

Saturday, May 23, 2020

လူမဆန်တဲ့ ဇီဝစမ်းသပ်မှုပေါင်းများစွာကို တစ်ယောက်တည်းခါးစည်းခံခဲ့ရပေမယ့် လူသားဆန်တဲ့ခံစားချက်အချို့ကျန်ရှိနေသေးတဲ့ Lisa Trevor ရဲ့ကြေကွဲဆို့နင့်ဖွယ်ဇာတ်လမ်း 💉🥀



Resident Evil စီးရီးတစ်လျှောက်လုံးမှာ ဝမ်းနည်းဖို့ကောင်းတဲ့ဇာတ်ကြောင်းဖြစ်စဉ်ပေါင်းများစွာရှိပါတယ်။ ဒါပေမယ့် အဲဒီထဲမှာမှ ပရိသတ်တွေရင်ထဲကို ဆို့နင့်ကြေကွဲဖို့ကောင်းတဲ့ ခံစားချက်တွေနဲ့ ချန်ရစ်ခဲ့ကြတဲ့ ဇာတ်လမ်းအချို့ကိုတော့ ပရိသတ်အတော်များများက အမှတ်ရနေကြပါတယ်။ အဲဒီလိုမှောင်မိုက်လွန်းတဲ့ဖြစ်ရပ်တွေထဲမှာမှ လူသိများတဲ့ဖြစ်ရပ်တွေရှိသလို လူတွေမသိလိုက်ပဲ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားရတော့မယ့် ဖြစ်ရပ်တွေဟာလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီလိုအချင်းအရာတွေထဲမှာမှ စာရေးသူရဲ့စိတ်နှလုံးထဲအထိ ပြင်းထန်တဲ့ခံစားချက်ကိုပေးခဲ့ပြီး ဖုန်တတ်နေတဲ့စာအုပ်တစ်အုပ်အဖြစ် လူတွေချောင်ထိုးခြင်းကိုခံထားရတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းဖြစ်စဉ်တွေကို ဆောင်းပါးအသွင်နဲ့ ဂိမ်းချစ်သူတွေဆီ ပြန်လည်မျှဝေတာဟာ ဒီပေ့ချ်လေး တည်ထောင်ထားရတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ခေါင်းစဉ်မှာဖော်ပြခဲ့တဲ့အတိုင်းအခု ဒီတစ်ခေါက်မှာ ပြောပြသွားမယ့်ဖြစ်ရပ်ဇာတ်လမ်းလေးကတော့ Umbrella ရဲ့လူမဆန်တဲ့စမ်းသပ်မှုများစွာကို အပျိုစင်လေးတောင်မဖြစ်သေးတဲ့အရွယ်ကတည်းက ခါးစည်းခံခဲ့ရင်း ကြောက်မတ်ဖွယ်ပုံစံကို ပြောင်းလဲသွားခဲ့ပေမယ့် ဖြူစင်စွာလူသားဆန်နေသေးတဲ့ Lisa Trevor ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းသလို Resident Evil စီးရီးတစ်လျှောက်လုံးက အဖြစ်အပျက်တွေထဲက ရင်အနင့်ရဆုံးနဲ့ ကျောချမ်းစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုလို့ စာရေးသူကိုယ်တိုင်သတ်မှတ်ထားပါတယ်။ ပရိသတ်တွေမှတ်မိကြမယ်ဆိုရင် Lisa Trevor ဟာ Resident Evil ပထမဦးဆုံးအခွေမှာ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ ရန်သူတွေထဲမှာ တစ်ယောက်အပါအဝင်ပါပဲ။ ဆိုတော့ကာ အားလုံးပဲအဆင်သင့်ဖြစ်လောက်ပြီလို့ ယူဆတာမို့ ကျွန်တော်တို့တွေ ဆက်သွားကြပါမယ် 🤓➡️➡️

Resident Evil စီးရီးတစ်လျှောက်လုံးမှာ ဝမ်းနည်းဖို့ကောင်းတဲ့ဇာတ်ကြောင်းဖြစ်စဉ်ပေါင်းများစွာရှိပါတယ်။ ဒါပေမယ့် အဲဒီထဲမှာမှ ပရိသတ်တွေရင်ထဲကို ဆို့နင့်ကြေကွဲဖို့ကောင်းတဲ့ ခံစားချက်တွေနဲ့ ချန်ရစ်ခဲ့ကြတဲ့ ဇာတ်လမ်းအချို့ကိုတော့ ပရိသတ်အတော်များများက အမှတ်ရနေကြပါတယ်။ အဲဒီလိုမှောင်မိုက်လွန်းတဲ့ဖြစ်ရပ်တွေထဲမှာမှ လူသိများတဲ့ဖြစ်ရပ်တွေရှိသလို လူတွေမသိလိုက်ပဲ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားရတော့မယ့် ဖြစ်ရပ်တွေဟာလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီလိုအချင်းအရာတွေထဲမှာမှ စာရေးသူရဲ့စိတ်နှလုံးထဲအထိ ပြင်းထန်တဲ့ခံစားချက်ကိုပေးခဲ့ပြီး ဖုန်တတ်နေတဲ့စာအုပ်တစ်အုပ်အဖြစ် လူတွေချောင်ထိုးခြင်းကိုခံထားရတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းဖြစ်စဉ်တွေကို ဆောင်းပါးအသွင်နဲ့ ဂိမ်းချစ်သူတွေဆီ ပြန်လည်မျှဝေတာဟာ ဒီပေ့ချ်လေး တည်ထောင်ထားရတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ခေါင်းစဉ်မှာဖော်ပြခဲ့တဲ့အတိုင်းအခု ဒီတစ်ခေါက်မှာ ပြောပြသွားမယ့်ဖြစ်ရပ်ဇာတ်လမ်းလေးကတော့ Umbrella ရဲ့လူမဆန်တဲ့စမ်းသပ်မှုများစွာကို အပျိုစင်လေးတောင်မဖြစ်သေးတဲ့အရွယ်ကတည်းက ခါးစည်းခံခဲ့ရင်း ကြောက်မတ်ဖွယ်ပုံစံကို ပြောင်းလဲသွားခဲ့ပေမယ့် ဖြူစင်စွာလူသားဆန်နေသေးတဲ့ Lisa Trevor ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းသလို Resident Evil စီးရီးတစ်လျှောက်လုံးက အဖြစ်အပျက်တွေထဲက ရင်အနင့်ရဆုံးနဲ့ ကျောချမ်းစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုလို့ စာရေးသူကိုယ်တိုင်သတ်မှတ်ထားပါတယ်။ ပရိသတ်တွေမှတ်မိကြမယ်ဆိုရင် Lisa Trevor ဟာ Resident Evil ပထမဦးဆုံးအခွေမှာ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ ရန်သူတွေထဲမှာ တစ်ယောက်အပါအဝင်ပါပဲ။ ဆိုတော့ကာ အားလုံးပဲအဆင်သင့်ဖြစ်လောက်ပြီလို့ ယူဆတာမို့ ကျွန်တော်တို့တွေ ဆက်သွားကြပါမယ်။




Lisa Trevor ကို ၁၉၅၃ ခုနှစ်မှာ ထူးချွန်ပြီးလက်ရာပြောင်မြောက်တဲ့ ဗိသုကာပညာရှင် George Trevor နဲ့ မိခင် Jessica တို့က မွေးဖွားပေးခဲ့ပါတယ်။ Lisa ရဲ့ဖခင်ဖြစ်သူ George Trevor ဟာ ဖန်တီးဆောက်လုပ်တဲ့ဗိသုကာအတတ်ပညာတို့မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး Trevor & Chamberlain ဆိုတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို ပူးတွဲတည်ထောင်ထားသူ ဖြစ်ပါတယ်။ မှတ်သားဖွယ်ရာအချက်တစ်ခုကိုပြောရမယ်ဆိုရင် Resident Evil 7 မှာ ကျွန်တော်တို့ခေါင်းမူးနောက်ရလောက်အောင်ကို ရှုပ်ထွေးပြီး တစ်ခန်းနဲ့တစ်ခန်းချိတ်ဆက်နေတဲ့ Baker မိသားစုရဲ့ Main House ဟာ Trevor & Chamberlain ကုမ္ပဏီက တာဝန်ယူတည်ဆောက်ပေးထားတဲ့ အရှုပ်တော်ပုံအိမ်ကြီးဖြစ်ပါတယ်။ ပညာတတ်ပြီး ဥစ္စာကြွယ်ဝတဲ့ Lisa တို့မိသားစုဟာ Lisa အသက် ၁၄ အရွယ်မရောက်ခင်အထိ ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာ နေထိုင်ပြီး သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ အရာအားလုံးကို ကြမ္မာငင်မယ့်ဖြစ်ရပ်တစ်ခုဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ Resident Evil စီးရီးဆိုပြီး စတင်ဖြစ်ပေါ်လာစေခဲ့တဲ့ ဖခင်ကြီး Dr. Oswell E. Spencer က သူ့ရဲ့အကြံအစည်တွေ အထမြောက်စေဖို့နဲ့ Umbrella ရဲ့ဇီဝစမ်းသပ်မှုတွေကို စိတ်ကြိုက်ပြုလုပ်လို့ရစေဖို့ ကြီးမားကျယ်ပြန့်ပြီး လျှို့ဝှက်တဲ့လမ်းတွေ၊ အခန်းတွေနဲ့ပြည့်နေတဲ့ Mansion ကြီးတစ်ခုကို George ကို တည်ဆောက်ခိုင်းခဲ့တာပါပဲ။ ပြောရမယ်ဆိုရင် အရှုပ်တော်ပုံကြီးကိုစတင်တဲ့ အိမ်တော်ကြီးတစ်လုံးကို သပွတ်အူလို မြေအောက်လမ်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ ပညာသားပါပါ တည်ဆောက်ဖို့ ဗိသုကာပညာရပ်မှာ ပြိုင်ဖက်ကင်းတဲ့ George ဆီ တာဝန်ပေးခဲ့တယ်လို့ ဆိုရမှာပါ။ George ဟာ ဖခင်ကြီး Dr. Oswell E. Spencer လိုချင်တဲ့အတိုင်း သူ့ရဲ့ပညာကုန်ကိုထုတ်သုံးပြီး အားသွန်ခွန်စိုက်ဆောက်လုပ်ပေးခဲ့ပေမယ့် အဲဒီအိမ်တော်ကြီးဟာ တစ်ချိန်မှာ Resident Evil သမိုင်းတစ်လျှောက်က ခြောက်ခြားစရာဖြစ်ရပ်တွေအတိနဲ့ မကောင်းမှုတွေကိန်းအောင်းတည်ရှိနေတဲ့ Spencer Mansion ဆိုပြီးဖြစ်လာမယ်ဆိုတာကိုတော့ George တစ်ယောက် လုံးဝမှမရိပ်မိခဲ့ပါဘူး 🏚



အဲဒီလိုနဲ့ ၁၉၆၇ ခုနှစ်မှာ Spencer Mansion ကို ဆောက်လုပ်ပြီးစီးခဲ့ပြီး အလုပ်ပြီးမြောက်မှုကို အောင်ပွဲခံဖို့အတွက် George အပါအဝင် သူ့ရဲ့ဇနီး Jessica နဲ့ သမီးဖြစ်သူ Lisa Trevor တို့ကိုပါ Spencer Mansion ကိုလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ George ဟာ စိတ်ရင်းမှန်နဲ့ ဖခင်ကြီး Oswell E. Spencer အပ်ထားတဲ့ အလုပ်ကို ပြီးမြောက်အောင်လုပ်ခဲ့ပေမယ့် တစ်ခုခုဆိုသဲလွန်စမချန်လိုတဲ့ ဖခင်ကြီး Oswell E. Spencer ရဲ့အကြံကတော့ ဒီ Spencer Mansion ကြီး တစ်ခုလုံးရဲ့တည်ဆောက်ပုံအစအဆုံးနဲ့ လျှို့ဝှက်ချက်အားလုံးကို သိရှိနေတဲ့ George Trevor နဲ့ သူတို့တစ်မိသားစုလုံးကို နှုတ်ပိတ်ဖို့ပဲ ဖြစ်ပါတယ်။ ပထမနေ့ Jessica နဲ့ Lisa တို့သားအမိနှစ်ယောက် Spencer Mansion ကိုရောက်သွားချိန်မှာ George ကတော့ လတ်စသတ်ရမယ့်အလုပ်တွေရှိသေးတာကြောင့် နောက်ထပ်တစ်ပါတ်ကြာမှပဲ အဲဒီ Mansion မှာ မိသားစုစုံစည်းကြမယ်ဆိုပြီး တိုင်ပင်ထားကြတာပါ။ Lisa တို့သားအမိနှစ်ယောက် ရောက်သွားတဲ့ ပထမဦးဆုံးနေ့မှာစပြီး ဖခင်ကြီး Oswell E. Spencer ဟာ သူ့ရဲ့ယုတ်မာတဲ့အကြံအစည်တွေကို စတင်အကောင်အထည်ဖော်တော့တာပါပဲ။ တကယ်တမ်းနှုတ်ပိတ်မယ်ဆိုပြီး အသက်ကိုသတ်ပစ်လိုက်ရင် ခံသာသေးပေမယ့် တကယ်တမ်းမှာ Umbrella ရဲ့ဇီဝလက်နက်ဖန်တီးရေးအတွက် လိုအပ်တဲ့စမ်းသပ်မှုမျိုးစုံတို့မှာ သူတို့သားအမိနှစ်ယောက်ဟာ ဓါတ်ခွဲခန်းကကြွက်တွေလို အသုံးချခံလုံးလုံးဖြစ်သွားခဲ့ပါတယ်။ ၁၀ ရက်နေ့မှာ Spencer Mansion ကိုရောက်ရှိချင်းချင်းပဲ Spencer ရဲ့လုံခြုံရေးဂတ်တွေဟာ သူတို့နှစ်ယောက်ကို အတင်းအဓမ္မချူပ်ကိုင်ပြီး မြေအောက်လမ်းကနေတဆင့်သွားရတဲ့ ဓါတ်ခွဲခန်းမှာ Progenitor ဗိုင်းရပ်စ်စမ်းသပ်ချက်အတွက် စတင်စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ တစ်ချက်လောက် စဉ်းစားကြည့်ကြပါ၊ Resident Evil စီးရီးတစ်လျှောက်လုံးမှာ ဗိုင်းရပ်စ်စမ်းသပ်မှုတွေပြုလုပ်လို့ လူတွေ ဘယ်လိုမျိုးရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သန္ဓေပြောင်းတဲ့သတ္တဝါတွေဖြစ်ကုန်ကြလဲဆိုတော ကြောက်ခမန်းလိလိ အားလုံးတွေ့မြင်ခဲ့ရပါတယ်။ Lisa Trevor အနေနဲ့ ဇီဝစမ်းသပ်ချက်တွေရဲ့ကြားက မြေစာပင်ဖြစ်ခဲ့တဲ့အချိန်မှာ သူမဟာ အသက် ၁၄ နှစ်အရွယ်ပဲရှိပါသေးတယ် 👧🌱

တကယ်က Lisa Trevor ရဲ့ဆို့နင့်ဖို့ကောင်းလှတဲ့ဇာတ်လမ်းဟာ အခုမှစတယ်ဆိုရုံလောက်လေးပဲ ရှိပါသေးတယ်။ ၁၃ ရက်နေ့မှာ မိခင်ဖြစ်သူ Jessica ဟာ သူတို့သုံးယောက် အတူပျော်ပျော်ရွှင်ရွှင်ရိုက်ထားတဲ့ မိသားစုဓါတ်ပုံကို ဘယ်သူမှမသိအောင် Lisa ဆီ အမှတ်တရအဖြစ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ၁၃ ရက်နေ့ ညမှာတင် Jessica ရဲ့ခန္ဓာကိုယ်ဟာ စမ်းသပ်ချက်တွေအတွက် အကျိုးမပြုလို့ Umbrella က ပွဲချင်းပြီးသတ်ဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့မိခင်ဟာ ဒီကမ္ဘာကြီးမှာ ဘယ်ကိုပျောက်သွားသလဲဆိုတာကိုတော့ Lisa တစ်ယောက်မသိခဲ့ပါဘူး၊ သူမရဲ့မိခင်ဟာ သူမကိုထားခဲ့ပြီး ထွက်ပဲပြေးသွားသလား? တောကြီးမှောင်မဲထဲမှာ သားရဲတွေရဲ့အစာပဲဖြစ်သွားသလား? ဒါမှမဟုတ် သူ့အဖေကိုခေါ်ပြီး တစ်နေ့ပဲ သူမကိုလာကယ်မလား? အစရှိတဲ့မျှော်လင့်ချက်ရေးရေး အတွေးတွေနဲ့ Lisa ဟာ တစ်ယောက်တည်း Umbrella ရဲ့ဗိုင်းရပ်စ်စမ်းသပ်ချက်မှန်သမျှကို Spencer Mansion ရဲ့ မြေအောက်ခန်းမှာ အံကြိတ်ရင်းခါးစည်းခံခဲ့ရပါတယ်။ အသက် ၁၄ နှစ်အရွယ်ကတည်းက သူမရဲ့ခန္ဓာကိုယ်နဲ့အကြောတွေထဲကို ဗိုင်းရပ်စ်ပေါင်းများစွာထိုးသွင်းပြီး စမ်းသပ်မှုပေါင်းများစွာပြုလုပ်ခဲ့တဲ့အတွက် Lisa ရဲ့ကြည့်ကောင်းတဲ့မိန်းမငယ်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ ကြောက်မတ်ဖွယ်ကောင်းတဲ့ သန္ဓေပြောင်းသတ္တဝါကြီးတစ်ကောင်လို တဖြည်းဖြည်းြပောင်းလဲလာခဲ့ပါတယ် 🌫



ကံဆိုးမှုလို့ပဲပြောရမလား? ကံကြမ္မာရဲ့ထူးဆန်းမှုလို့ပဲဆိုရမှာလား? မပြောတတ်တော့တာ တစ်ခုက Lisa ရဲ့ခန္ဓာကိုယ်ဟာ ဇီဝစမ်းသပ်မှုပြုလုပ်ဖို့အတွက် ရာနှုန်းပြည့်ကိုက်ညီတဲ့ အခြေအနေမှာရှိနေတာပါပဲ။ Resident Evil စီးရီးတစ်လျှောက်လုံးမှာ ကျွန်တော်တို့သိခဲ့ရတဲ့ တီဗိုင်းရပ်စ် (Tyrant Virus) နဲ့ William ပြုလုပ်ခဲ့တဲ့ ဂျီဗိုင်းရပ်စ် (Golgotha Virus) နှစ်မျိုးလုံးဟာ Lisa ရဲ့ခန္ဓာကိုယ်မှာ စမ်းသပ်ခဲ့ပြီးမှ စင်းလုံးချောအရည်အသွေးပြည့်မှီတဲ့ ဇီဝအကြမ်းဖက်ဗိုင်းရပ်စ်တွေ ဖြစ်ခဲ့တာပါ။ တီဗိုင်းရပ်စ်စမ်းသပ်မှုမှာ ပထမဦးဆုံးအသက်ရှင်သန်သူလူသားဖြစ်ခဲ့တဲ့ Lisa ဟာ တီဗိုင်းရပ်စ်ဖြစ်လာဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့သလို ဂျီဗိုင်းရပ်စ်အတွက်လည်း အလားတူပါပဲ။ Resident Evil စီးရီးချစ်ပရိသတ်တွေဟာ တီဗိုင်းရပ်စ်နဲ့ ဂျီဗိုင်းရပ်စ်တို့ကို ထပ်မံမမိတ်ဆက်ပေးနေစရာမလိုအောင် သိကြပြီး အဲဒီဗိုင်းရပ်စ်ဖြစ်တည်မှုအသီးသီးရဲ့ မြစ်ဖျားခံရာကတော့ ကျွန်တော်တို့လိုလူသားတစ်ယောက်ဖြစ်တဲ့ Lisa ဆိုတာကို မေ့လျော့နေကြပါတယ်။ အရှင်းလင်းဆုံးပြောရမယ်ဆိုရင် အဲဒီဗိုင်းရပ်စ်တွေဟာ Lisa ရဲ့ခန္ဓာကိုယ်ကနေ စမ်းသပ်လို့ရခဲ့တဲ့ရလဒ်တွေကို ပြုပြင်မွန်းမံရင်း အချောသတ်ထွက်ရှိလာခဲ့တာပါ 🧬🧪

အသက် ၁၄ နှစ်အရွယ်ကတည်းက ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပေါင်းများစွာ ထိုးသွင်းစမ်းသပ်ခံခဲ့ရတဲ့ Lisa ဟာ အသက်မသေဆုံးပေမယ့် အဲဒီလိုအန္တရာယ်များတဲ့ဇီဝစမ်းသပ်ချက်ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သူမရဲ့ခန္ဓာကိုယ်တစ်လုံးဟာ ယိုယွင်းပျက်စီးခဲ့ပြီး ပြိတ္တာတစ်ကောင်လို ရုပ်ရည်သွင်ပြင်ပြောင်းလဲလာခဲ့ပါတယ်။ သူမရဲ့ ဆံပင်တွေဟာ ကျဲသွားတယ်၊ လက်ပြန်ရိုးဟာကိုင်းပြီး ခါးပြင်ဟာ ကုန်းသွားတယ်၊ အမြဲတမ်းလက်နဲ့ခြေထောက်ကို ကြမ်းတမ်းတဲ့သံကြိုးနဲ့ ချူပ်နှောင်ထားတာကြောင့် ပုံမှန်ခန္ဓာကိုယ်တည်ဆောက်ပုံလိုမဟုတ်တော့ဘဲ ခြေထောက်နဲ့လက်တို့ရဲ့ ရှိရင်းစွဲပုံစံဟာ ပျက်ယွင်းသွားတယ်။ အထက်ပါပုံတွေကြည့်ပြီး Lisa ရဲ့ပျက်ယွင်းသွားတဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကိုတွေ့မြင်နိုင်ပါတယ်။ Lisa ဟာ လူတစ်ယောက်မှာရှိသင့်တဲ့အသိဉာဏ်မျိုးပျောက်ကွယ်သွားပြီး ဘာသာစကားကိုလည်း မပြောတတ်တော့ပေမယ့် "မိခင်" ဆိုတဲ့စကားတစ်ခွန်းကတော့ သူမအသိစိတ်ထဲမှာရော၊ မသိစိတ်ထဲမှာပါ မှတ်မိနေတဲ့အရာဖြစ်ပါတယ်။ Lisa ဟာ အသက် ၁၄ နှစ်ကတည်း Spencer Mansion မြေအောက်ခန်းထဲက အမှောင်တိုက်ထဲမှာပိတ်လှောင်ခံခဲ့ရရင်း နောက်ထပ် ၁၁ နှစ်တိုင်အောင် နေ့စဉ်နဲ့အမျှ အဲဒီလိုစမ်းသပ်မှုတွေကို ခါးစည်းခံခဲ့ရတာပါ။ လွန်စွာမှ သနားဖို့ကောင်းသလို အော့နှလုံးနာဖို့လည်းကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ပြင်းထန်လွန်းတဲ့စမ်းသပ်မှုတွေကြောင့် သူမဟာ လူသားဆန်တဲ့အသိဉာဏ်ကိုပျောက်ဆုံးခဲ့တယ်ဆိုပေမယ့် သူမရဲ့မသိစိတ်ထဲမှာတော့ ဖြူစင်တဲ့လူသားဆန်မှုတစ်ခုဟာ ကိန်းအောင်းလို့ရှိနေခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့မိခင်ကို အခုချိန်ထိစောင့်ဆိုင်းနေဆဲဆိုတဲ့ အသိပါပဲ။ Lisa ဟာ အဖိုးတန်တဲ့စမ်းသပ်ခံပစ္စည်းဖြစ်တဲ့အတွက် Umbrella က ဓါတ်ခွဲခန်းမှာလုပ်နေတဲ့ အမျိုးသမီးအချို့ကို သူမရဲ့မိခင်ဖြစ်သူ Jessica လို ပြုမူဆက်ဆံစေခဲ့ပြီး မိခင်အတုလိုဟန်ဆောင်စေခဲ့ပြီး Lisa ကိုဖြားယောင်းခဲ့ပါတယ်။ သို့ပေမယ့်လည်း မိခင်ဖြစ်သူကို အတိအကျသိတဲ့ Lisa ရဲ့မသိစိတ်ဟာ သူမရဲ့မိခင်မဟုတ်မှန်း ဖော်ထုတ်သိရှိသွားတဲ့အချိန်တိုင်း ဟန်ဆောင်နေသူတိုင်းရဲ့မျက်နှာအရေပြားကို မျက်နှာဖုံးတစ်ခုလိုစွဲခွာပြီး သူမရဲ့မျက်နှာပတ်ပတ်လည်မှာ မိခင်ကိုသတိပေးတဲ့အနေတဲ့ ကပ်တွယ်ထားလေ့ရှိပါတယ် 👨‍👩‍👧👥

ဇီဝဗိုင်းရပ်စ်စမ်းသပ်ချက်ပေါင်းများစွာကြောင့် လူသားဆန်တဲ့အသိဉာဏ်ပျောက်ရှနေလည်း သူမရဲ့မိခင်ကိုသတိရလာတိုင်းဟာ Lisa ရဲ့ အသိစိတ်ဟာ တစ်စတစ်စပိုတိုးလို့လာခဲ့ပါတယ်။ ဒါကြောင့်မို့ စမ်းသပ်ချက်တွေလည်း ပြီးမြောက်လို့ Lisa ရဲ့ခန္ဓာကိုယ်ကို အသုံးချတာဝပြီဆိုတဲ့အချိန်မှာ Umbrella က Lisa ကို သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် သုံးရက်တိတိ တကယ်သေလား မသေလားဆိုတာ အတည်ပြုနေချိန်မှာ Umbrella က Dr. John Clemens ဟာ Lisa ရဲ့ခန္ဓာကိုယ်ကို လျှို့ဝှက်တဲ့နေရာတစ်ခုဆီ သယ်ဆောင်သွားခဲ့ပါတယ်။ တီဗိုင်းရပ်စ်တို့ရော၊ ဂျီဗိုင်းရပ်စ်တို့အပြင် အခြားသောဗိုင်းရပ်စ်ပေါင်းများစွာက Lisa ရဲ့ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်းတည်ရှိနေတာမို့ Lisa ဟာ အသက်မသေဆုံးခဲ့ဘဲ Spencer Mansion နဲ့ ခပ်လှမ်းလှမ်း ဟိုးမြေကွက်အစွန်းမှာရှိတဲ့ တွဲအိမ်လေးတစ်အိမ်မှာ အသက်ရှင်သန်ခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွေအပြီး ၁၉၉၈ ခုနှစ်က ပထမဦးဆုံးသော Resident Evil အခွေမှာတော့ Spencer Mansion တစ်ခုလုံးမှာ လူသူတစ်စွန်းတစ်စမရှိတော့ဘဲ သုသာန်တစ်စဖြစ်နေခဲ့ပါပြီ။ ဗိုင်းရပ်စ်ပြန့်ပွားရာကနေ အစောင့်တွေအားလုံးသေဆုံးကုန်တဲ့အတွက် Spencer Mansion ရဲ့အထက်အောက်နဲ့ မြေအောက်ခန်းတစ်လျှောက်မှာ Lisa ဟာ နေရာယူထားပြီး ဂိမ်းဇာတ်လမ်းရှေ့ဆက်တဲ့အချိန်မှာ Jill Valentine နဲ့ Burry Burton တို့နဲ့ တွေ့တာဖြစ်ပါတယ် 👩‍✈️👮‍♂️


Lisa ရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သလဲဆိုတာကတော့ ပထမဦးဆုံးသော Resident Evil မှာ အားလုံးက ကိုယ်တိုင်ကိုယ်ကျဆော့ကစားနိုင်ပါတယ်။ ဒါပေမယ့် Resident Evil မှာလည်း Lisa ရဲ့ဇာတ်လမ်းကမဆုံးသွားဘဲ ၂၀၀၇ ခုနှစ်မှာထွက်တဲ့ Resident Evil: The Umbrella Chronicles မှာလည်း ထပ်မံပါဝင်လာပါသေးတယ်။ ကဲ Resident Evil စီးရီးထဲကမှ ရင်နင့်ဖွယ်အကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်တဲ့ Lisa Trevor ရဲ့အကြောင်းကို ဒီတစ်ခေါက်တင်ဆက်ပေးလိုက်ပါတယ်။ Resident Evil 4 ထဲက ရွာလေးရဲ့သမိုင်းကြောင်းရယ်၊ Resident Evil 7 က Baker Family ရယ် ပြီးတော့ Resident Evil က Lisa Trevor ရဲ့ဇာတ်လမ်းတွေဟာ ကျွန်တော်တို့ဂိမ်းချစ်သူတွေရဲ့ ရင်ထဲကိုဆွဲကိုင်လှုပ်ခါလိုက်သလို ခံစားရပါတယ်။ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်အနေနဲ့ သူမရဲ့တစ်သက်တာအထိ အခုလိုလူမဆန်တဲ့ ဇီဝစမ်းသပ်မှုတွေကို တောက်လျှောက်ခံခဲ့ရတာဆိုတာ ကိုယ်ချင်းစာကြည့်ဖို့တောင် ကျောချမ်းရစေပါတယ်။ အားလုံးလည်း တီဗိုင်းရပ်စ်နဲ့ ဂျီဗိုင်းရပ်စ်တို့ဖြစ်ပေါ်လာပုံကို သိရှိရင်း Lisa Trevor ဆိုတဲ့လူသားအမျိုးသမီးတစ်ယောက်အကြောင်းကိုပါ သိသွားရအောင် ဒီဆောင်းပါးကိုရေးသားတင်ဆက်ပေးခြင်းဖြစ်ပါတယ်။ နောက်လာမယ့် ဆောင်းပါးတွေမှာလည်း အခုလိုစိတ်ဝင်စားစရာဂိမ်းအကြောင်းအရာတွေကို ရေးသားဖော်ပြဖို့ရည်ရွယ်ထားပါတယ်။ ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးတင်ကြောင်းပြောရင်း ဒီနေရာကနေ နှုတ်ဆက်လိုက်ရပါတယ်၊ နောင်လာမယ့်ဂိမ်းဆောင်းပါးတွေမှာ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ် 💐

Yan

No comments:

Post a Comment