အခုအချိန်ဟာ ဂိမ်မာများအားလုံး စည်းလုံးတဲ့အချိန်ဖြစ်နေသလားတောင် မပြောတတ်ပါဘူး။ အကောင်းနဲ့အဆိုးအမြဲတမ်း ဒွန်တွဲနေတဲ့ ကျွန်တော်တို့နေထိုင်ရာလောကကြီးမှာ အခုလက်ရှိအခြေအနေအရဆိုရင်တော့ ကမ္ဘာ့နေရာအနှံ့အပြားက နိုင်ငံများဟာ COVID-19 (Coronavirus) ရဲ့ရိုက်ခတ်မှုတွေကို တစ်မျိုးပြီးတစ်မျိုး ခံစားနေရပါတယ်။ နိုင်ငံအသီးသီးက အစိုးရနဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများဟာ ဒီရောဂါကိုထိန်းသိမ်းဖို့၊ ပျောက်ကင်းအောင်ကုသဖို့ သူတို့တတ်နိုင်ဘက်ကနေ ကြိုးစားပြင်ဆင်နေကြပြီး လူမှုအကွာအဝေးခြားနေခြင်း (Social Distancing) ဆိုတဲ့ စကားရပ်အသစ်ကို ပြဠာန်းကျင့်သုံးနေကြပါတယ်။ ဖြစ်နိုင်ရင် ဘယ်သူနဲ့မှထိတွေ့ဆက်ဆံဖို့ အဆင်မပြေတဲ့အခုလိုအချိန်မှာ ကျွန်တော်တို့ Homo Sapiens လူသားမျိုးနွယ်တွေဟာ နှိုးဆော်တိုက်တွန်းမှုမပါပဲ သဘာဝအရ ပိုမိုစည်းလုံးလာကြတာကို့တွေ့မြင်ရပါတယ်။ အဲဒါနဲ့ပတ်သက်တဲ့သက်သေကိုတော့ အဝေးကြီးပြေးမကြည့်ပါနဲ့၊ ဂိမ်မာတို့ပျော်မွေ့ရာ အမှတ်တရများစွာနဲ့ ခေတ်သစ်ကစားကွင်းဥယျာဉ်ကြီးဖြစ်တဲ့ Steam မှာပဲကြည့်လိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ မတ်လ ၁၅ ရက်နေ့ကထွက်လာတဲ့ တင်ပြချက်အရ လက်ရှိအခြေအနေအရပ်ရပ်ကြားမှာ Steam ပေါ်တတ်လာတဲ့ ဂိမ်မာအရေအတွက် စုစုပေါင်းဟာ ၂၀ မီလီယံကျော်ရှိနေလို့ပါပဲ 👥
တစ်ဦးနဲ့တစ်ဦးဝေးကွာနေကြပြီး လမ်းမတွေထက်လူရိပ်သူရိပ်ဆိုတာ ခွေးတစ်ကောင်ကြောင်တစ်မြှီးတောင် မတွေ့ရတဲ့အချိန်မျိုးမှာ ဂိမ်မာတွေဟာလည်း သူတို့ချစ်တဲ့ဂိမ်းများကိုဆော့ရင်း လူသားဆန်ဆန် တက်ကြွစွာစည်းလုံးနေကြပါတယ်။ အဲဒီ Steam ပေါ်က အကောင့် ၂၀ မီလီယံမှာ လက်ရှိဂိမ်းကစားနေသူက အယောက်ပေါင်း ၆.၄ မီလီယံရှိနေပြီး အဲဒီအထဲက ၁ မီလီယံတိတိဟာ Counter Strike ဂိမ်းကို စွဲစွဲမြဲမြဲ ဆော့ကစားနေကြတာပါ။ ဒါက လွန်ခဲ့တဲ့နှစ်ရက်က အသစ်တတ်လာတဲ့ Counter Strike ရဲ့စံချိန်သစ်တောင်ချိုးခဲ့ပါတယ်။ နောက်ပြီးကစားသူအရေအတွက်များတဲ့ ဂိမ်းတွေအနေနဲ့ DOTA 2 မှာ ကစားသူ ၇ သိန်း၊ Rainbow Six Siege မှာ ကစားသူ ၁၉၆ သိန်း၊ Path of Exile မှာ ကစားသူ ၁၁၅ သိန်းနဲ့ Grand Theft Auto မှာတော့ ကစားသူ ၁၇၃ သိန်း အသီးသီးနေရာယူထားကြပါတယ်။ ကဲ ဒီတော့ဂိမ်မာတွေရေ ကိုယ်ဟာတစ်ယောက်တည်း အခုလိုအချိန်မှာအထီးကျန်နေတယ်လို့ မထင်ပါနဲ့၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ လမ်းမတစ်လျှောက်မှာ ပကတိတိတ်ဆိတ်နေလည်း Steam ပေါ်မှာတော့ ရပ်ကွက်ထဲက ဂိမ်းဆိုင်လို အုတ်အောသောင်းနင်း ဆူညံ့နေဆဲပါပဲ။ ကမ္ဘာ့နေရာအနှံ့အပြားက Coronvirus ကူးစပ်ခံနေရသူတွေကိုလည်း အမြန်ဆုံးကျန်းမာကောင်းမွန်လာပါစေလို့ ဆုတောင်းပြုပါတယ်။ ဒီပို့စ်ကိုဖတ်သူတိုင်းလည်း အစစအရာရာဂရုစိုက်ကြပါ၊ ကဲ ဒီတော့အားလုံးပဲ အချိန်ရတယ်ဆိုတော့ Steam ပေါ်တစ်ချက်တတ်ပြီး ကိုယ်ဆော့ချင်တဲ့ ဂိမ်းတွေမှာ အခုပဲဝင်ဝုန်းလိုက်ပါတော့ 💜💐

Yan
No comments:
Post a Comment